M Diary Channel

Local and Sport News

ဒဏ်ရာအကြောင်းပြပြီး ပြည်ပမှာ အနားယူနေတာမျိုး လုပ်လို့ မရအောင် တားမြစ်လိုက်တဲ့ နည်းပြရန်းနစ်ရဲ့ စည်းမျဥ်းအသစ်

ယူနိုက်တက်အသင်း ရဲ့ နည်းပြသစ် ရန်းနစ်ဟာ အသင်းရဲ့ ကစားသမားများအပေါ်

စည်းမျဥ်း စည်းကမ်းများ သေချာ ကြပ်မတ်ဆောင်ရွက်နေပြီး ဒဏ်ရာရ

ကစားသမားများကိုလည်း မိမိရဲ့ ကိုယ်ပိုင်အစီအစဥ်နဲ့ တစ်ကိုယ်တော်

လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းထက် အသင်းရဲ့ လေ့ကျင့်ရေးစင်တာမှာသာ

ဒဏ်ရာ ကုစားဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ရန်းနစ်ဟာ အသင်းရဲ့ ကွင်းလယ်လူ ပေါ့ဘာအနေနဲ့ ဒဏ်ရာ ကုစားဖို့အတွက်

ဒူဘိုင်းနိုင်ငံအထိ သွားရောက်ပြီး တစ်ကိုယ်တော်လေ့ကျင့်ခန်း လုပ်ဆောင်နေတဲ့

လုပ်ရပ်မျိုးကို နှစ်သက်ခြင်းမရှိဘဲ အခြားကစားသမားများပါ အဆိုပါ လုပ်ရပ်မျိုး

မပြုလုပ်စေရန် တားမြစ်လိုက်တဲ့ သဘောမှာလည်းရှိနေပါတယ်။

ယူနိုက်တက်ရဲ့ ကစားသမားများအနေနဲ့ နိုင်ငံပွဲစဥ်များ ကစားပြီး ဒဏ်ရာ ပြဿနာ

ကြုံတွေ့ခဲ့ရပါကလည်း နားရက် အနည်းငယ်သာ ခွင့်ပြုပေးသွားမှာဖြစ်ပြီး

အဲ့ဒီနောက် အသင်းထံ ပြန်လာကာ အသင်းရဲ့ ဆေးအဖွဲ့ နဲ့ ဒဏ်ရာကုစားမှုတွေကိုသာ

အနီးကပ်လုပ်ဆောင်ရမှာဖြစ်ပြီး အသင်းနဲ့ ဝေးရာမှာ ကိုယ်ပိုင်လေ့ကျင့်ခန်း

ပြုလုပ်မှာမျိုးကို တားမြစ်ထားတယ်လို့ သိရပါတယ်။

အဲ့ဒီလို ပြုလုပ်ခိုင်းရခြင်းဟာလည်း ရန်းနစ် အနေနဲ့ ကစားသမားရဲ့ ဒဏ်ရာအခြေအနေ နဲ့

ပြန်လည် ကုစားမှု အခြေအနေတွေကို နေ့စဥ် အသေးစိတ် သိရှိနိုင်မှာဖြစ်ပြီး အသင်း နဲ့

နီးနီးကပ်ကပ်ရှိနေတာကြောင့် ထရိန်နင် အစီအစဥ်တွေကို ပြန်လည် ပူးပေါင်းတဲ့

နေရာမှာလည်း အခက်အခဲမရှိစေရန် ရည်ရွယ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ယူနိုက်ကွင်းလယ်လူ ပေါ့ဘာဟာ နိုင်ငံအသင်းမှာ ရခဲ့တဲ့

ဒဏ်ရာကို ဒူဘိုင်းမှာ အနားယူကာ ကုစားနေပြီး ဇန်နဝါရီ အပြောင်းအရွှေ့

နီးကပ်ချိန်ရောက်မှ အသင်းထံ ပြန်လည်ပူးပေါင်းမှာဖြစ်တယ်လို့ သိရပါတယ်။

နောက်ထပ် ဒဏ်ရာရ ကစားသမားတွေဖြစ်တဲ့ ဗာရန်းကတော့ နောက်အပတ်မှ

စတင်ပြီး ယူနိုက်တက်ရဲ့ ပွဲစဥ်တွေကို ပြန်လည်ကစားပေးနိုင်တော့မယ်လို့ သိရပြီး

ကာဗာနီဟာလည်း အသင်းရဲ့ ထရိန်နင်ကို အပြည့်အဝ ပူးပေါင်းနိုင်နေပြီလို့ သိရပါတယ်။

zawgyi

ယူႏိုက္တက္အသင္း ရဲ႕ နည္းျပသစ္ ရန္းနစ္ဟာ အသင္းရဲ႕ ကစားသမားမ်ားအေပၚ

စည္းမ်ဥ္း စည္းကမ္းမ်ား ေသခ်ာ ၾကပ္မတ္ေဆာင္႐ြက္ေနၿပီး ဒဏ္ရာရ

ကစားသမားမ်ားကိုလည္း မိမိရဲ႕ ကိုယ္ပိုင္အစီအစဥ္နဲ႔ တစ္ကိုယ္ေတာ္

ေလ့က်င့္ခန္းမ်ား ျပဳလုပ္ျခင္းထက္ အသင္းရဲ႕ ေလ့က်င့္ေရးစင္တာမွာသာ

ဒဏ္ရာ ကုစားဖို႔ ၫႊန္ၾကားထားတယ္လို႔ သိရပါတယ္။

ရန္းနစ္ဟာ အသင္းရဲ႕ ကြင္းလယ္လူ ေပါ့ဘာအေနနဲ႔ ဒဏ္ရာ ကုစားဖို႔အတြက္

ဒူဘိုင္းႏိုင္ငံအထိ သြားေရာက္ၿပီး တစ္ကိုယ္ေတာ္ေလ့က်င့္ခန္း လုပ္ေဆာင္ေနတဲ့

လုပ္ရပ္မ်ိဳးကို ႏွစ္သက္ျခင္းမရွိဘဲ အျခားကစားသမားမ်ားပါ အဆိုပါ လုပ္ရပ္မ်ိဳး

မျပဳလုပ္ေစရန္ တားျမစ္လိုက္တဲ့ သေဘာမွာလည္းရွိေနပါတယ္။

ယူႏိုက္တက္ရဲ႕ ကစားသမားမ်ားအေနနဲ႔ ႏိုင္ငံပြဲစဥ္မ်ား ကစားၿပီး ဒဏ္ရာ ျပႆနာ

ႀကဳံေတြ႕ခဲ့ရပါကလည္း နားရက္ အနည္းငယ္သာ ခြင့္ျပဳေပးသြားမွာျဖစ္ၿပီး

အဲ့ဒီေနာက္ အသင္းထံ ျပန္လာကာ အသင္းရဲ႕ ေဆးအဖြဲ႕ နဲ႔ ဒဏ္ရာကုစားမႈေတြကိုသာ

အနီးကပ္လုပ္ေဆာင္ရမွာျဖစ္ၿပီး အသင္းနဲ႔ ေဝးရာမွာ ကိုယ္ပိုင္ေလ့က်င့္ခန္း

ျပဳလုပ္မွာမ်ိဳးကို တားျမစ္ထားတယ္လို႔ သိရပါတယ္။

အဲ့ဒီလို ျပဳလုပ္ခိုင္းရျခင္းဟာလည္း ရန္းနစ္ အေနနဲ႔ ကစားသမားရဲ႕ ဒဏ္ရာအေျခအေန နဲ႔

ျပန္လည္ ကုစားမႈ အေျခအေနေတြကို ေန႔စဥ္ အေသးစိတ္ သိရွိႏိုင္မွာျဖစ္ၿပီး အသင္း နဲ႔

နီးနီးကပ္ကပ္ရွိေနတာေၾကာင့္ ထရိန္နင္ အစီအစဥ္ေတြကို ျပန္လည္ ပူးေပါင္းတဲ့

ေနရာမွာလည္း အခက္အခဲမရွိေစရန္ ရည္႐ြယ္တယ္လို႔ သိရပါတယ္။

လက္ရွိမွာေတာ့ ယူႏိုက္ကြင္းလယ္လူ ေပါ့ဘာဟာ ႏိုင္ငံအသင္းမွာ ရခဲ့တဲ့

ဒဏ္ရာကို ဒူဘိုင္းမွာ အနားယူကာ ကုစားေနၿပီး ဇန္နဝါရီ အေျပာင္းအေ႐ႊ႕

နီးကပ္ခ်ိန္ေရာက္မွ အသင္းထံ ျပန္လည္ပူးေပါင္းမွာျဖစ္တယ္လို႔ သိရပါတယ္။

ေနာက္ထပ္ ဒဏ္ရာရ ကစားသမားေတြျဖစ္တဲ့ ဗာရန္းကေတာ့ ေနာက္အပတ္မွ

စတင္ၿပီး ယူႏိုက္တက္ရဲ႕ ပြဲစဥ္ေတြကို ျပန္လည္ကစားေပးႏိုင္ေတာ့မယ္လို႔ သိရၿပီး

ကာဗာနီဟာလည္း အသင္းရဲ႕ ထရိန္နင္ကို အျပည့္အဝ ပူးေပါင္းႏိုင္ေနၿပီလို႔ သိရပါတယ္။mdiarymm

mdiarymm