M Diary Channel

Local and Sport News

ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး ကိုယ်တိုင်ဖွင့်ဟလာတဲ့ မက်ဂွိုင်းယား

မန်ယူအသင်းရဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းယားကတော့ ပြီးခဲ့တဲ့ လအတွင်းက

ကစားခဲ့တဲ့  အက်စတွန်ဗီလာအသင်း နဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဒဏ်ရာကြောင့် မက်ဂွိုင်းယားဟာ ဗီလာရီးရဲလ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲအပြင် ၊

အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဥ်ကိုပါ လွဲချော်ခဲ့ရတာပါ။

ဒါ့အပြင် ကမ္ဘာ့ဖလားခြေစစ်ပွဲသွားရောက်ယှဥ်ပြိုင်တဲ့ အင်္ဂလန်အသင်းရဲ့

လူစာရင်းကနေလည်း ချန်လှပ်ခံခဲ့ရပါသေးတယ်။

လက်ရှိမှာတော့ မက်ဂွိုင်းယားဟာ အသေးစား လေ့ကျင့်ခန်းတွေ ပြန်လည်

လုပ်ဆောင်နေပြီဖြစ်ပေမယ့် အသင်းလိုက်လေ့ကျင့်ခန်းတွေမှာ မပါဝင်နိုင်

သေးတာကြောင့် စနေနေ့မှာ ကစားမယ့် လက်စတာအသင်းနဲ့ပွဲစဥ်ကို

လွဲချော်နိုင်ဖွယ်ရှိပါတယ်။ ၎င်းရဲ့ ဒဏ်ရာအခြေအနေနဲ ပတ်သက်ပြီး

နောက်ခံလူ မက်ဂွိုင်းယားကတော့ အခုလိုမျိုး ဖွင့်ဟလာပါတယ်။

” ကျွန်တော် အသင်းသားတွေနဲ့အတူ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို

လုပ်ဆောင်နိုင်တဲ့ အနေအထားမျိုးတော့ မရသေးပါဘူး။ ဒါပေမယ့် ကျွန်တော့်

ဒဏ်ရာအခြေအနေက အစပိုင်းတုန်းကထက်တော့ ပိုပြီးကောင်းမွန်လာပါပြီ။

ဒဏ်ရာ အရှင်း မပျောက်သေးပေမယ့်နည်းနည်းတော့ ပိုပြီးသက်သာတယ်ဆိုရမှာပေါ့”

” ဒီလို ဒဏ်ရာရခဲ့တာက ကျွန်တော့်အတွက်တော့ စိတ်ပျက်စရာပါပဲ။

ဒါပေမယ့် ကြံ့ခိုင်မှု အပြည့်အဝရအောင် ကျွန်တော် ကြိုးစားနေပါတယ်။

ဒါ့ကြောင့် ကစားပွဲတွေနဲ့ မြက်ခင်းစိမ်းတွေပေါ်ကို ကျွန်တော် မကြာခင်

အကောင်းဆုံးပုံစံနဲ့ ပြန်လာခဲ့ပါမယ်” လို့ မက်ဂွိုင်းယားကဆိုပါတယ်။

မက်ဂွိုင်းယားဟာ လက်စတာ နဲ့ပွဲမှာ ပါဝင်နိုင်ဖို့ ရာခိုင်နှုန်းနည်းပါးနေတဲ့အပြင်

နောက်ခံလူ ဗာရန်းဟာလည်း ဒဏ်ရာကြောင့် အဆိုပါပွဲကို လွဲချော်ဖို့

သေချာသွားပြီဖြစ်တာကြောင့် လက်စတာအသင်းနဲ့ ပွဲမတိုင်မီ မန်ယူအသင်းရဲ့

ခံစစ်ပိုင်းအတွက်တော့ ရင်လေးစရာအနေအထားဖြစ်လို့နေပါတယ်။

မန်ယူအသင်းဟာ လက်စတာအသင်းနဲ့ ပွဲစဥ်ပြီးပါက နောက်လာမယ့်ပွဲကို

လီဗာပူးလ်အသင်းနဲ့ ထပ်မံယှဥ်ပြိုင်ရဦးမယ်ထင်ပါတယ်။

zawgyi

မန္ယူအသင္းရဲ႕ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားကေတာ့ ၿပီးခဲ့တဲ့ လအတြင္းက

ကစားခဲ့တဲ့  အက္စတြန္ဗီလာအသင္း နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ဒဏ္ရာရရွိခဲ့တာျဖစ္ပါတယ္။

အဆိုပါ ဒဏ္ရာေၾကာင့္ မက္ဂြိဳင္းယားဟာ ဗီလာရီးရဲလ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ပြဲအျပင္ ၊

အဲဗာတန္အသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ကိုပါ လြဲေခ်ာ္ခဲ့ရတာပါ။

ဒါ့အျပင္ ကမာၻ႔ဖလားေျခစစ္ပြဲသြားေရာက္ယွဥ္ၿပိဳင္တဲ့ အဂၤလန္အသင္းရဲ႕

လူစာရင္းကေနလည္း ခ်န္လွပ္ခံခဲ့ရပါေသးတယ္။

လက္ရွိမွာေတာ့ မက္ဂြိဳင္းယားဟာ အေသးစား ေလ့က်င့္ခန္းေတြ ျပန္လည္

လုပ္ေဆာင္ေနၿပီျဖစ္ေပမယ့္ အသင္းလိုက္ေလ့က်င့္ခန္းေတြမွာ မပါဝင္ႏိုင္

ေသးတာေၾကာင့္ စေနေန႔မွာ ကစားမယ့္ လက္စတာအသင္းနဲ႔ပြဲစဥ္ကို

လြဲေခ်ာ္ႏိုင္ဖြယ္ရွိပါတယ္။ ၎ရဲ႕ ဒဏ္ရာအေျခအေနနဲ ပတ္သက္ၿပီး

ေနာက္ခံလူ မက္ဂြိဳင္းယားကေတာ့ အခုလိုမ်ိဳး ဖြင့္ဟလာပါတယ္။

” ကြၽန္ေတာ္ အသင္းသားေတြနဲ႔အတူ ျပင္းထန္တဲ့ ေလ့က်င့္ခန္းေတြကို

လုပ္ေဆာင္ႏိုင္တဲ့ အေနအထားမ်ိဳးေတာ့ မရေသးပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ့္

ဒဏ္ရာအေျခအေနက အစပိုင္းတုန္းကထက္ေတာ့ ပိုၿပီးေကာင္းမြန္လာပါၿပီ။

ဒဏ္ရာ အရွင္း မေပ်ာက္ေသးေပမယ့္နည္းနည္းေတာ့ ပိုၿပီးသက္သာတယ္ဆိုရမွာေပါ့”

” ဒီလို ဒဏ္ရာရခဲ့တာက ကြၽန္ေတာ့္အတြက္ေတာ့ စိတ္ပ်က္စရာပါပဲ။

ဒါေပမယ့္ ႀကံ့ခိုင္မႈ အျပည့္အဝရေအာင္ ကြၽန္ေတာ္ ႀကိဳးစားေနပါတယ္။

ဒါ့ေၾကာင့္ ကစားပြဲေတြနဲ႔ ျမက္ခင္းစိမ္းေတြေပၚကို ကြၽန္ေတာ္ မၾကာခင္

အေကာင္းဆုံးပုံစံနဲ႔ ျပန္လာခဲ့ပါမယ္” လို႔ မက္ဂြိဳင္းယားကဆိုပါတယ္။

မက္ဂြိဳင္းယားဟာ လက္စတာ နဲ႔ပြဲမွာ ပါဝင္ႏိုင္ဖို႔ ရာခိုင္ႏႈန္းနည္းပါးေနတဲ့အျပင္

ေနာက္ခံလူ ဗာရန္းဟာလည္း ဒဏ္ရာေၾကာင့္ အဆိုပါပြဲကို လြဲေခ်ာ္ဖို႔

ေသခ်ာသြားၿပီျဖစ္တာေၾကာင့္ လက္စတာအသင္းနဲ႔ ပြဲမတိုင္မီ မန္ယူအသင္းရဲ႕

ခံစစ္ပိုင္းအတြက္ေတာ့ ရင္ေလးစရာအေနအထားျဖစ္လို႔ေနပါတယ္။

မန္ယူအသင္းဟာ လက္စတာအသင္းနဲ႔ ပြဲစဥ္ၿပီးပါက ေနာက္လာမယ့္ပြဲကို

လီဗာပူးလ္အသင္းနဲ႔ ထပ္မံယွဥ္ၿပိဳင္ရဦးမယ္ထင္ပါတယ္။mdiarymm

mdiarymm