M Diary Channel

Local and Sport News

ဒမ်ဘီလီကို ခေါ်ယူဖို့ ယူနိုက်တက်အပါအဝင် ထိပ်သီးအသင်းတွေကို အေးဂျင့်ကမ်းလှမ်း

ဘာစီလိုနာအသင်းတောင်ပံတိုက်စစ်ကစားသမားဒမ်ဘီလီရဲ့အေးဂျင့်ဟာ

သူ့ကစားသမားကို ခေါ်ယူဖို့အတွက် မန်ချက်စတာယူနိုက်တက်၊

လီဗာပူးလ်အပါအဝင် ဥရောပထိပ်သီးအသင်းတွေကို ကမ်းလှမ်းမှုပြုလုပ်ခဲ့တယ်လို့

သတင်းထွက်နေပါတယ်။ အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပြင်သစ်

ကစားသမားဒမ်ဘီလီဟာ ပြီးခဲ့တဲ့နွေရာသီတုန်းကရရှိခဲ့တဲ့ တံကောက်ကြော

ဒဏ်ရာကြောင့် အခုအချိန်အထိအနားယူနေရဆဲဖြစ်ပြီး ဘာစီလိုနာနဲ့

သူ့ရဲ့စာချုပ်က လာမယ့်နှစ်၊ နွေရာသီကျရင် သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။

စပိန်အားကစားသတင်းစာ Mundo Deportivo က တကယ်လို့ ဒမ်ဘီလီသာ

ဘာစီလိုနာနဲ့စာချုပ်သစ်မချုပ်ဆိုဖြစ်ခဲ့ရင် စာချုပ်သက်တမ်းပြည့်မယ့်

နွေရာသီကာလအထိ ဒဏ်ရာပြဿနာတွေနဲ့အတူ အရန်ခုံမှာသာ

အချိန်ဖြုန်းရဖို့ရှိတယ်လို့ သုံးသပ်ခဲ့ပါတယ်။ အခု ဒမ်ဘီလီရဲ့အေးဂျင့်ကလည်း

သူ့ကစားသမားကို ခေါ်ယူဖို့အတွက် လီဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်၊

ချယ်လ်ဆီး၊ PSG ၊ ဂျူဗင်တပ်စ်အသင်းတို့ကို ကမ်းလှမ်းခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ ၂၀၁၇ ခုနှစ်တုန်းက ဒေ့ါမွန်အသင်းက ဒမ်ဘီလီကို

ယူရို(၁၀၅)သန်းအပြင် Add-ons ကြေး ယူရိုသန်း(၄၀)နဲ့ခေါ်ယူခဲ့ပြီး

နေမာရဲ့နေရာကို အစားထိုးနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ဒမ်ဘီလီဟာ

ဘာစီလိုနာကစားသမားဘဝတစ်လျှောက် ဒဏ်ရာတွေနဲ့သာရုန်းကန်ခဲ့ရသလို

ဒီရာသီမှာ အသင်းအတွက်တစ်ပွဲမှမကစားနိုင်သေးပါဘူး။

zawgyi

ဒမ္ဘီလီကို ေခၚယူဖို႔ ယူႏိုက္တက္အပါအဝင္ ထိပ္သီးအသင္းေတြကို ေအးဂ်င့္ကမ္းလွမ္း

ဘာစီလိုနာအသင္းေတာင္ပံတိုက္စစ္ကစားသမားဒမ္ဘီလီရဲ႕ေအးဂ်င့္ဟာ

သူ႔ကစားသမားကို ေခၚယူဖို႔အတြက္ မန္ခ်က္စတာယူႏိုက္တက္၊

လီဗာပူးလ္အပါအဝင္ ဥေရာပထိပ္သီးအသင္းေတြကို ကမ္းလွမ္းမႈျပဳလုပ္ခဲ့တယ္လို႔

သတင္းထြက္ေနပါတယ္။ အသက္(၂၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ျပင္သစ္

ကစားသမားဒမ္ဘီလီဟာ ၿပီးခဲ့တဲ့ေႏြရာသီတုန္းကရရွိခဲ့တဲ့ တံေကာက္ေၾကာ

ဒဏ္ရာေၾကာင့္ အခုအခ်ိန္အထိအနားယူေနရဆဲျဖစ္ၿပီး ဘာစီလိုနာနဲ႔

သူ႔ရဲ႕စာခ်ဳပ္က လာမယ့္ႏွစ္၊ ေႏြရာသီက်ရင္ သက္တမ္းကုန္ဆုံးမွာျဖစ္ပါတယ္။

စပိန္အားကစားသတင္းစာ Mundo Deportivo က တကယ္လို႔ ဒမ္ဘီလီသာ

ဘာစီလိုနာနဲ႔စာခ်ဳပ္သစ္မခ်ဳပ္ဆိုျဖစ္ခဲ့ရင္ စာခ်ဳပ္သက္တမ္းျပည့္မယ့္

ေႏြရာသီကာလအထိ ဒဏ္ရာျပႆနာေတြနဲ႔အတူ အရန္ခုံမွာသာ

အခ်ိန္ျဖဳန္းရဖို႔ရွိတယ္လို႔ သုံးသပ္ခဲ့ပါတယ္။ အခု ဒမ္ဘီလီရဲ႕ေအးဂ်င့္ကလည္း

သူ႔ကစားသမားကို ေခၚယူဖို႔အတြက္ လီဗာပူးလ္၊ မန္ခ်က္စတာယူႏိုက္တက္၊

ခ်ယ္လ္ဆီး၊ PSG ၊ ဂ်ဴဗင္တပ္စ္အသင္းတို႔ကို ကမ္းလွမ္းခဲ့တာပါ။

ဘာစီလိုနာအသင္းဟာ ၂၀၁၇ ခုႏွစ္တုန္းက ေဒ့ါမြန္အသင္းက ဒမ္ဘီလီကို

ယူ႐ို(၁၀၅)သန္းအျပင္ Add-ons ေၾကး ယူ႐ိုသန္း(၄၀)နဲ႔ေခၚယူခဲ့ၿပီး

ေနမာရဲ႕ေနရာကို အစားထိုးႏိုင္ဖို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္ ဒမ္ဘီလီဟာ

ဘာစီလိုနာကစားသမားဘဝတစ္ေလွ်ာက္ ဒဏ္ရာေတြနဲ႔သာ႐ုန္းကန္ခဲ့ရသလို

ဒီရာသီမွာ အသင္းအတြက္တစ္ပြဲမွမကစားႏိုင္ေသးပါဘူး။mdiarymm

mdiarymm