M Diary Channel

Local and Sport News

” ဒီဂီယာကြောင့် အနိုင်ရခဲ့ပေမယ့် ကစားပွဲပေါ် အာရုံစူးစိုက်မှုအပြည့်မရှိတဲ့ သရဲနီတွေရဲ့ပုံစံကို လုံးဝမကြိုက်ဘူး ” ရန်းနစ်ခ်

မန်ယူအသင်းနည်းပြ ရန်းနစ်ခ်က နော်ဝစ်ချ်ကိုနိုင်ခဲ့တာဟာ ဂိုးသမား

ဒီဂီယာကြောင့်သာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ဒီပွဲမှာမန်ယူဟာ

ဒုတိယပိုင်းမှာ စီရော်နယ်ဒိုသွင်းယူပေးခဲ့တဲ့ပင်နယ်တီနဲ့အနိုင်ရခဲ့တာဖြစ်ပေမယ့်

သူ့ကစားသမားတွေဟာ ဖိဖိစီးစီးမကစားနိုင်ခဲ့ဘဲသူတို့ရဲ့ body language

(ခန္ဓာကိုယ်ကပြသနေတဲ့ စိတ်ဝင်စားမှုဟန်ပန်) ကိုမကြိုက်ဘူးလို့လည်း

ရန်းနစ်ခ်ကဆိုပါတယ်။ နော်ဝစ်ချ်ကိုနိုင်သာနိုင်ခဲ့ပေမယ့် အမှတ်ပေးဇယား

အောက်ခြေကအသင်းကို လွှမ်းမိုးနိုင်စွမ်းမရှိခဲ့လို့ ဒီပွဲမှာကစားသမားတွေရဲ့

စွမ်းဆောင်ရည်ဟာ သူထင်ထားတာနဲ့အလှမ်းဝေးနေတယ်လို့လည်းပြောပါတယ်။

ဒါကြောင့်လည်း ရန်းနစ်ခ်က အိမ်ရှင်နော်ဝစ်ချ်ရဲ့စွမ်းဆောင်ရည်ကို

ချီးကျူးခဲ့ပြီး ဒီဂီယာကြောင့်သာနိုင်ခဲ့တာလို့ ပွဲအပြီးမှာပြောသွားပါတယ်။

ဒီဂီယာဟာ ဒုတိယပိုင်းမှာ ပက်ကီရဲ့ကန်ချက်နဲ့ ခါဘတ် ရဲ့ခေါင်းတိုက်ချက်

တို့ကို မယုံနိုင်လောက်အောင်ကာကွယ်နိုင်ခဲ့လို့ ပွဲစဉ်အလိုက်အကောင်းဆုံး

ဆုကိုလည်းရရှိခဲ့ပါတယ်။ ရန်းနစ်ခ်က” ဒန်စမစ်(နော်ဝစ်ချ်နည်းပြ) ကို

ခင်ဗျားရဲ့အသင်းက အမှတ်ပေးဇယားအောက်ခြေက ကစားပုံမျိုးမဟုတ်ဘူးလို့

ကျွန်တော်ပြောခဲ့ပါတယ်။ ဒုတိယပိုင်းမှာကျွန်တော်တို့ရဲ့ body language

ပိုကောင်းလာပေမယ့် ပြိုင်ဘက်ကိုအခွင့်အရေးတွေဆက်ပေးခဲ့ပါတယ်။

ဒီဂီယာ ကယ်လို့သာအဆုံးသတ်မှာနိုင်ခဲ့တာပါ” လို့ပြောခဲ့ပါတယ်။

ဒီပွဲမှာသူ့အသင်းရဲ့တိုက်စစ်ပိုင်းက ကစားသမားတွေကိုလည်း

ရန်းနစ်ခ်ကမကျေမနပ်ဖြစ်နေပြီး ခရစ္စတယ်ပဲလေ့စ်ကပွဲလိုမျိုး

ဖိဖိစီးစီးမကစားခဲ့ဘူးလို့ ဆက်ပြောပါတယ်။ မန်ယူရဲ့တိုက်စစ်ပိုင်းမှာ

စီရော်နယ်ဒို၊ ရက်ရှ်ဖို့ဒ်၊ ဆန်ချိုနဲ့ ဖာနန်ဒက်စ်တို့ကစားခဲ့ကြပါတယ်။

ရန်းနစ်ခ်က” body language၊ ဖိဖိစီးစီးကစားပုံ၊ ပြင်းပြင်းထန်ထန်

လိုက်ပါကစားမှု တို့နဲ့ပတ်သက်လို့ ကျေနပ်စရာမရှိခဲ့ပါဘူး။

ကျွန်တော်ပြောတာ တိုက်စစ်မှူးတွေကိုဘဲမဟုတ်ဘူးနော်။

ကျောနံပါတ် ၁၀ နေရာကစားတဲ့နှစ်ယောက်လည်းပါတယ်။

ပဲလေ့စ်နဲ့ပွဲတုန်းကလိုသူတို့မဟုတ်ခဲ့ဘူး။ ဒါဟာနော်ဝစ်ချ်ရဲ့ကစားဟန်

ကြောင့်လည်းဖြစ်နိုင်ပါတယ်” လို့ပြောပါတယ်။ ဒီဂီယာဟာအခုဆိုရင်

သူ့ကစားသမားဘဝမှာ ပေးဂိုးမရှိတဲ့ပွဲ(clean sheets)ပေါင်း ၂၀၀ အထိ

ရှိနေပါတယ်။ သူဟာမန်ယူအတွက် ၁၅၉ ပွဲ၊ အက်သလက်တီကိုအတွက်

၂၂ ပွဲနဲ့ စပိန်အသင်းအတွက် ၁၉ ပွဲရှိပြီဖြစ်ပါတယ်။

zawgyi

” ဒီဂီယာေၾကာင့္ အႏိုင္ရခဲ့ေပမယ့္ ကစားပြဲေပၚ အာ႐ုံစူးစိုက္မႈအျပည့္မရွိတဲ့ သရဲနီေတြရဲ႕ပုံစံကို လုံးဝမႀကိဳက္ဘူး ” ရန္းနစ္ခ္

မန္ယူအသင္းနည္းျပ ရန္းနစ္ခ္က ေနာ္ဝစ္ခ်္ကိုႏိုင္ခဲ့တာဟာ ဂိုးသမား

ဒီဂီယာေၾကာင့္သာျဖစ္တယ္လို႔ ေျပာလိုက္ပါတယ္။ ဒီပြဲမွာမန္ယူဟာ

ဒုတိယပိုင္းမွာ စီေရာ္နယ္ဒိုသြင္းယူေပးခဲ့တဲ့ပင္နယ္တီနဲ႔အႏိုင္ရခဲ့တာျဖစ္ေပမယ့္

သူ႔ကစားသမားေတြဟာ ဖိဖိစီးစီးမကစားႏိုင္ခဲ့ဘဲသူတို႔ရဲ႕ body language

(ခႏၶာကိုယ္ကျပသေနတဲ့ စိတ္ဝင္စားမႈဟန္ပန္) ကိုမႀကိဳက္ဘူးလို႔လည္း

ရန္းနစ္ခ္ကဆိုပါတယ္။ ေနာ္ဝစ္ခ်္ကိုႏိုင္သာႏိုင္ခဲ့ေပမယ့္ အမွတ္ေပးဇယား

ေအာက္ေျခကအသင္းကို လႊမ္းမိုးႏိုင္စြမ္းမရွိခဲ့လို႔ ဒီပြဲမွာကစားသမားေတြရဲ႕

စြမ္းေဆာင္ရည္ဟာ သူထင္ထားတာနဲ႔အလွမ္းေဝးေနတယ္လို႔လည္းေျပာပါတယ္။

ဒါေၾကာင့္လည္း ရန္းနစ္ခ္က အိမ္ရွင္ေနာ္ဝစ္ခ်္ရဲ႕စြမ္းေဆာင္ရည္ကို

ခ်ီးက်ဴးခဲ့ၿပီး ဒီဂီယာေၾကာင့္သာႏိုင္ခဲ့တာလို႔ ပြဲအၿပီးမွာေျပာသြားပါတယ္။

ဒီဂီယာဟာ ဒုတိယပိုင္းမွာ ပက္ကီရဲ႕ကန္ခ်က္နဲ႔ ခါဘတ္ ရဲ႕ေခါင္းတိုက္ခ်က္

တို႔ကို မယုံႏိုင္ေလာက္ေအာင္ကာကြယ္ႏိုင္ခဲ့လို႔ ပြဲစဥ္အလိုက္အေကာင္းဆုံး

ဆုကိုလည္းရရွိခဲ့ပါတယ္။ ရန္းနစ္ခ္က” ဒန္စမစ္(ေနာ္ဝစ္ခ်္နည္းျပ) ကို

ခင္ဗ်ားရဲ႕အသင္းက အမွတ္ေပးဇယားေအာက္ေျခက ကစားပုံမ်ိဳးမဟုတ္ဘူးလို႔

ကြၽန္ေတာ္ေျပာခဲ့ပါတယ္။ ဒုတိယပိုင္းမွာကြၽန္ေတာ္တို႔ရဲ႕ body language

ပိုေကာင္းလာေပမယ့္ ၿပိဳင္ဘက္ကိုအခြင့္အေရးေတြဆက္ေပးခဲ့ပါတယ္။

ဒီဂီယာ ကယ္လို႔သာအဆုံးသတ္မွာႏိုင္ခဲ့တာပါ” လို႔ေျပာခဲ့ပါတယ္။

ဒီပြဲမွာသူ႔အသင္းရဲ႕တိုက္စစ္ပိုင္းက ကစားသမားေတြကိုလည္း

ရန္းနစ္ခ္ကမေက်မနပ္ျဖစ္ေနၿပီး ခရစၥတယ္ပဲေလ့စ္ကပြဲလိုမ်ိဳး

ဖိဖိစီးစီးမကစားခဲ့ဘူးလို႔ ဆက္ေျပာပါတယ္။ မန္ယူရဲ႕တိုက္စစ္ပိုင္းမွာ

စီေရာ္နယ္ဒို၊ ရက္ရွ္ဖို႔ဒ္၊ ဆန္ခ်ိဳနဲ႔ ဖာနန္ဒက္စ္တို႔ကစားခဲ့ၾကပါတယ္။

ရန္းနစ္ခ္က” body language၊ ဖိဖိစီးစီးကစားပုံ၊ ျပင္းျပင္းထန္ထန္

လိုက္ပါကစားမႈ တို႔နဲ႔ပတ္သက္လို႔ ေက်နပ္စရာမရွိခဲ့ပါဘူး။

ကြၽန္ေတာ္ေျပာတာ တိုက္စစ္မႉးေတြကိုဘဲမဟုတ္ဘူးေနာ္။

ေက်ာနံပါတ္ ၁၀ ေနရာကစားတဲ့ႏွစ္ေယာက္လည္းပါတယ္။

ပဲေလ့စ္နဲ႔ပြဲတုန္းကလိုသူတို႔မဟုတ္ခဲ့ဘူး။ ဒါဟာေနာ္ဝစ္ခ်္ရဲ႕ကစားဟန္

ေၾကာင့္လည္းျဖစ္ႏိုင္ပါတယ္” လို႔ေျပာပါတယ္။ ဒီဂီယာဟာအခုဆိုရင္

သူ႔ကစားသမားဘဝမွာ ေပးဂိုးမရွိတဲ့ပြဲ(clean sheets)ေပါင္း ၂၀၀ အထိ

ရွိေနပါတယ္။ သူဟာမန္ယူအတြက္ ၁၅၉ ပြဲ၊ အက္သလက္တီကိုအတြက္

၂၂ ပြဲနဲ႔ စပိန္အသင္းအတြက္ ၁၉ ပြဲရွိၿပီျဖစ္ပါတယ္။mdiarymm

mdiarymm