ဒီနေ့ည ဒါဘီပွဲစဉ်အတွက် မန်ချက်စတာယူနိုက်တက်ရဲ့ ဖြစ်နိုင်ဖွယ် လူစာရင်း

( ၃ ) ပတ်တာ နားထားတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်

ပွဲစဉ်တွေ ပြန်လာပါပြီ။ ယူနိုက်တက်အနေနဲ့ ယနေ့ည ( ၇ ) နာရီခွဲမှာ

အီတီဟတ်ကွင်းတွင် မန်စီးတီးအသင်းနဲ့ သွားရောက်ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

ယူနိုက်တက်အနေနဲ့ ဒီပွဲနိုင်ပါက ဂွာဒီယိုလာရဲ့ အသင်းအောက်

( ၁ ) ပွဲလျော့အနေအထားမှာ ( ၂ ) မှတ်သာ ကွာဟာတော့မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီတုန်းက ( ၄-၁ ) ရလာဒ်နဲ့အရေးနိမ့်ခဲ့ပြီး

ဒီတစ်ကြိမ်မှာလည်း လွယ်ကူဖို့တော့ မရှိပါဘူး။

ရာသီအစ ပွဲစဉ်အတွင်းငယ်အတွင်းမှာပဲ အဲရစ် တင်ဟာ့ခ်ရဲ့

စိတ်ကြိုက် လူစာရင်းကို သိရှိခွင့်ရလာပါတယ်။

မားကတ် ရက်ဖို့ဒ်က ဒီပွဲစဉ်မှာ ပွဲထွက်ကစားဖို့ထိ ကြံ့ခိုင်မှု

ပြည့်ဝလာနိုင်သလို အန်သိုနီ မာရှယ်ကလည်း တစ်ပတ်လုံး

လေ့ကျင့်နေတယ်လို့ အဲရစ် တင်ဟာ့ခ်က ဆိုထားပါတယ်။

ဒါကြောင့် စီးတီးနဲ့ ပွဲစဉ်မှာ မာရှယ် ပွဲထွက်ခွင့်ရမယ်လို့

ယုံကြည်ထားပါတယ်။ သူက ရာသီကြိုမှာ အဓိက ကစားသမားဖြစ်ခဲ့ပြီး

တင်ဟာ့ခ်ကလည်း သဘောကျတာတွေ့ရပါတယ်။

မာရှယ် ကြံ့ခိုင်မှု မပြည့်ဝဘူးဆိုရင်တော့ ဒီရာသီ open play ကနေ

တစ်ဂိုးမျှ မသွင်းနိုင်သေးတဲ့ ခရစ္စတီယာနို ရော်နယ်ဒို နှင့်

ဖေဖော်ဝါရီလကတည်းက ဂိုးမသွင်းနိုင်တဲ့ အန်သိုနီ အီလန်ဂါတို့ပဲ

ရှိပါတော့တယ်။ လီဗာပူးလ်နဲ့ ပွဲစဉ်မှာတော့ အီလန်ဂါက ပထမပိုင်း

( ၄၅ ) မိနစ်အတွင်း အကောင်းဆုံး ကစားပြခဲ့တာကြောင့်

ဒီနေ့ပွဲစဉ်မှာလည်း ပွဲထွက်ခွင့်ရလာနိုင်ပါတယ်။ သူ့ရဲ့ သွက်လက်မှုက

စီးတီးခံစစ်ကို ဖိအားပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီပွဲက တင်ဟာ့ခ်အတွက်

ရော်နယ်ဒိုကို ယခုလို ပွဲကြီးတွေမှာ ရွေးချယ်ပြီး စူပါစတားနဲ့

ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်နိုင်သလို ခြေစွမ်းပြနိုင်ပါက

ပေါ်တူဂီ အသင်းခေါင်းဆောင်ရဲ့ ယုံကြည်မှုလည်း တိုးတက်လာပါလိမ့်မယ်။

ယူနိုက်တက်ရဲ့ ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း –

ဒီဂီယာ ၊ မာလာစီယာ ၊ မာတီးနက် ၊ ဗာရန်း ၊ ဒါလို ၊

မက် တွမ်မီနေး ၊ အဲရစ်ဆင် ၊ ဖာနန်ဒက်စ် ၊ ဆန်ချို ၊ မာရှယ် ၊ အန်တိုနီ။

zawgyi

ဒီေန႔ည ဒါဘီပြဲစဥ္အတြက္ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ျဖစ္ႏိုင္ဖြယ္ လူစာရင္း

( ၃ ) ပတ္တာ နားထားတဲ့ မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ ပရီးမီးယားလိဂ္

ပြဲစဥ္ေတြ ျပန္လာပါၿပီ။ ယူႏိုက္တက္အေနနဲ႔ ယေန႔ည ( ၇ ) နာရီခြဲမွာ

အီတီဟတ္ကြင္းတြင္ မန္စီးတီးအသင္းနဲ႔ သြားေရာက္ယွဥ္ၿပိဳင္ရဖို႔ ရွိေနပါတယ္။

ယူႏိုက္တက္အေနနဲ႔ ဒီပြဲႏိုင္ပါက ဂြာဒီယိုလာရဲ႕ အသင္းေအာက္

( ၁ ) ပြဲေလ်ာ့အေနအထားမွာ ( ၂ ) မွတ္သာ ကြာဟာေတာ့မွာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ရာသီတုန္းက ( ၄-၁ ) ရလာဒ္နဲ႔အေရးနိမ့္ခဲ့ၿပီး

ဒီတစ္ႀကိမ္မွာလည္း လြယ္ကူဖို႔ေတာ့ မရွိပါဘူး။

ရာသီအစ ပြဲစဥ္အတြင္းငယ္အတြင္းမွာပဲ အဲရစ္ တင္ဟာ့ခ္ရဲ႕

စိတ္ႀကိဳက္ လူစာရင္းကို သိရွိခြင့္ရလာပါတယ္။

မားကတ္ ရက္ဖို႔ဒ္က ဒီပြဲစဥ္မွာ ပြဲထြက္ကစားဖို႔ထိ ႀကံ့ခိုင္မႈ

ျပည့္ဝလာႏိုင္သလို အန္သိုနီ မာရွယ္ကလည္း တစ္ပတ္လုံး

ေလ့က်င့္ေနတယ္လို႔ အဲရစ္ တင္ဟာ့ခ္က ဆိုထားပါတယ္။

ဒါေၾကာင့္ စီးတီးနဲ႔ ပြဲစဥ္မွာ မာရွယ္ ပြဲထြက္ခြင့္ရမယ္လို႔

ယုံၾကည္ထားပါတယ္။ သူက ရာသီႀကိဳမွာ အဓိက ကစားသမားျဖစ္ခဲ့ၿပီး

တင္ဟာ့ခ္ကလည္း သေဘာက်တာေတြ႕ရပါတယ္။

မာရွယ္ ႀကံ့ခိုင္မႈ မျပည့္ဝဘူးဆိုရင္ေတာ့ ဒီရာသီ open play ကေန

တစ္ဂိုးမွ် မသြင္းႏိုင္ေသးတဲ့ ခရစၥတီယာႏို ေရာ္နယ္ဒို ႏွင့္

ေဖေဖာ္ဝါရီလကတည္းက ဂိုးမသြင္းႏိုင္တဲ့ အန္သိုနီ အီလန္ဂါတို႔ပဲ

ရွိပါေတာ့တယ္။ လီဗာပူးလ္နဲ႔ ပြဲစဥ္မွာေတာ့ အီလန္ဂါက ပထမပိုင္း

( ၄၅ ) မိနစ္အတြင္း အေကာင္းဆုံး ကစားျပခဲ့တာေၾကာင့္

ဒီေန႔ပြဲစဥ္မွာလည္း ပြဲထြက္ခြင့္ရလာႏိုင္ပါတယ္။ သူ႔ရဲ႕ သြက္လက္မႈက

စီးတီးခံစစ္ကို ဖိအားေပးႏိုင္ပါတယ္။ ဒါေပမယ့္ ဒီပြဲက တင္ဟာ့ခ္အတြက္

ေရာ္နယ္ဒိုကို ယခုလို ပြဲႀကီးေတြမွာ ေ႐ြးခ်ယ္ၿပီး စူပါစတားနဲ႔

ဆက္ဆံေရးေကာင္းမြန္ေအာင္ တည္ေဆာက္ႏိုင္သလို ေျခစြမ္းျပႏိုင္ပါက

ေပၚတူဂီ အသင္းေခါင္းေဆာင္ရဲ႕ ယုံၾကည္မႈလည္း တိုးတက္လာပါလိမ့္မယ္။

ယူႏိုက္တက္ရဲ႕ ျဖစ္ႏိုင္ဖြယ္ ပြဲထြက္လူစာရင္း –

ဒီဂီယာ ၊ မာလာစီယာ ၊ မာတီးနက္ ၊ ဗာရန္း ၊ ဒါလို ၊

မက္ တြမ္မီေနး ၊ အဲရစ္ဆင္ ၊ ဖာနန္ဒက္စ္ ၊ ဆန္ခ်ိဳ ၊ မာရွယ္ ၊ အန္တိုနီ။