
ရှရစ်ဖ်ကို (၃-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲတုန်းက ဒီရာသီ အိုးလ်ထရက်ဖို့ဒ်မှာ
ပထမဆုံးဂိုးသွင်းခဲ့တဲ့ စီရော်နယ်လ်ဒို၊ Skill ပြခဲ့တဲ့ အန်တိုနီတို့ရဲ့ ဖြစ်ရပ်တွေက
လူပြောများခဲ့ပေမယ့် အဲဒီပွဲမှာ ပရိသတ်တွေရဲ့ လက်ခုပ်သံကို
သိမ်းပိုက်ခဲ့တာက အာဂျင်တီးနားလူငယ်ကြယ်ပွင့် ဂါနာချိုပါပဲ။
အသက်(၁၈)နှစ်သာရှိသေးတဲ့ ဂါနာချိုဟာ ရှရစ်ဖ်နဲ့ပွဲမှာ ယူနိုက်တက်
ကစားသမားဘ၀ အသင်းကြီးအတွက် ပထမဆုံးအကြိမ်ပွဲထွက်ကစားခွင့်ရခဲ့ပြီး
အသက်အရွယ်နဲ့မလိုက်အောင် တည်တည်ငြိမ်ငြိမ်နဲ့ ခြေစွမ်းပြ
ကစားနိုင်ခဲ့ပါတယ်။ ဘယ်ခြမ်းကနေ ရှရစ်ဖ်နောက်ခံလူတွေကို
တစ်ဦးချင်းအရည်အချင်းတွေနဲ့ တစ်ချိန်လုံး ဒုက္ခပေးခဲ့တဲ့ ဂါနာချိုဟာ
အဲဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ရှရစ်ဖ်နဲ့ပွဲမှာ ဂါနာချိုရဲ့ ဘောလုံးထိချက်က (၆၅)ကြိမ်အထိရှိပြီး
ဒါက အသင်းဖော်တွေဟာ ဂါနာချိုဆီကို မကြာခဏဆိုသလို
ဘောလုံးပေးပို့မှုပြုလုပ်ခဲ့တယ်ဆိုတဲ့ သဘောပါပဲ။ ဒါ့အပြင် ဂါနာချိုရဲ့
တိကျတဲ့ဘောလုံးပေးပို့မှု ရာခိုင်နှုန်းက (၉၇%)ရှိခဲ့သလို သူဟာ
ဘောလုံးပေးပို့မှုစွမ်းရည် ကောင်းမွန်ရုံသာမက ကိုယ့်အသင်း
တိုက်စစ်လမ်းကြောင်း စတင်နိုင်ဖို့ Killer Ball တွေ ပေးပို့နိုင်ခဲ့ပါတယ်။
ခန္ဓာကိုယ်သေးပေမယ့် ပြိုင်ဘက်နဲ့တစ်ဦးချင်း ရင်ဆိုင်အတွေ့မှာ
ကျော်ဖြတ်နိုင်ခဲ့တဲ့အကြိမ်က (၇)ကြိမ်အထိရှိပြီး အောင်မြင်တဲ့
ဘောလုံးဆွဲပြေးမှု (၃)ကြိမ်၊ အရေးပါတဲ့ ဘောလုံးပေးပို့မှု (၁)ကြိမ်
ပြုလုပ်ခဲ့ပါတယ်။ ရှရစ်ဖ်နဲ့ပွဲက ဂါနာချိုရဲ့ စွမ်းဆောင်ရည်အပေါ်
ပေါလ်စခိုးလ်လို ယူနိုက်တက်ဂန္ထဝင်ကစားသမားကတောင် ချီးကျူးခဲ့ရပြီး
အဲရစ်တန်ဟက်ကိုယ်တိုင်ကလည်း ဂါနာချိုရဲ့ ခြေစွမ်းကို
အားရကျေနပ်ခဲ့ပါတယ်။ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ
အဲရစ်တန်ဟက်က “ဂါနာချိုဟာ အရည်အချင်းရှိတဲ့ လူငယ်တစ်ဦးဖြစ်ပါတယ်။
အသင်းကြီးအတွက် ပွဲထွက်ကစားခွင့်ရခဲ့တာက ဂါနာချိုအတွက်
အားတက်စရာဖြစ်စေမယ်လို့ ကျွန်တော် မျှော်လင့်သလို သူကလည်း
‘ငါ ဒီပွဲမှာ အကောင်းဆုံးကစားပြီး၊ အခွင့်အရေးတွေ ဖန်တီးပြမယ်’ဆိုပြီး
ဆုံးဖြတ်ထားပုံပါပဲ”လို့ ပြောကြားခဲ့ပါတယ်။ ဒီရာသီမှာ အဲရစ်တန်ဟက်က
အသင်းရဲ့ ဘယ်ခြမ်းတိုက်စစ်မှာ ဆန်ချိုကို ပွဲအများစု အသုံးပြုခဲ့ပေမယ့်
နယူးကာဆယ်၊ ချယ်လ်ဆီးတို့နဲ့ပွဲတွေတုန်းက ဆန်ချိုတစ်ယောက်
ပုံမှန်ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ အဲဒါကြောင့် ယူနိုက်တက်ပရိသတ်တွေကတော့
ဝက်စ်ဟမ်းနဲ့ကစားမယ့်ပွဲကျရင် ဆန်ချိုကို ခေါက်ပြီး ဂါနာချိုကို
ပွဲထွက်အသုံးပြုဖို့ တောင်းဆိုနေကြပြီဖြစ်ပါတယ်။
zawgyi
ဒီေန႔ည ၀က္စ္ဟမ္းကုိ ဧည့္ခံကစားရမယ့္ပြဲစဥ္မွာ ဆန္ခ်ဳိကုိ ေခါက္ၿပီး ဂါနာခ်ဳိကုိ ပြဲထက္အသုံးျပဳေပးပါ…
ရွရစ္ဖ္ကို (၃-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲတုန္းက ဒီရာသီ အိုးလ္ထရက္ဖို႔ဒ္မွာ
ပထမဆုံးဂိုးသြင္းခဲ့တဲ့ စီေရာ္နယ္လ္ဒို၊ Skill ျပခဲ့တဲ့ အန္တိုနီတို႔ရဲ႕ ျဖစ္ရပ္ေတြက
လူေျပာမ်ားခဲ့ေပမယ့္ အဲဒီပြဲမွာ ပရိသတ္ေတြရဲ႕ လက္ခုပ္သံကို
သိမ္းပိုက္ခဲ့တာက အာဂ်င္တီးနားလူငယ္ၾကယ္ပြင့္ ဂါနာခ်ိဳပါပဲ။
အသက္(၁၈)ႏွစ္သာရွိေသးတဲ့ ဂါနာခ်ိဳဟာ ရွရစ္ဖ္နဲ႔ပြဲမွာ ယူႏိုက္တက္
ကစားသမားဘ၀ အသင္းႀကီးအတြက္ ပထမဆုံးအႀကိမ္ပြဲထြက္ကစားခြင့္ရခဲ့ၿပီး
အသက္အ႐ြယ္နဲ႔မလိုက္ေအာင္ တည္တည္ၿငိမ္ၿငိမ္နဲ႔ ေျခစြမ္းျပ
ကစားႏိုင္ခဲ့ပါတယ္။ ဘယ္ျခမ္းကေန ရွရစ္ဖ္ေနာက္ခံလူေတြကို
တစ္ဦးခ်င္းအရည္အခ်င္းေတြနဲ႔ တစ္ခ်ိန္လုံး ဒုကၡေပးခဲ့တဲ့ ဂါနာခ်ိဳဟာ
အဲဒီပြဲရဲ႕ အေကာင္းဆုံးကစားသမားဆုကိုပါ သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။
ရွရစ္ဖ္နဲ႔ပြဲမွာ ဂါနာခ်ိဳရဲ႕ ေဘာလုံးထိခ်က္က (၆၅)ႀကိမ္အထိရွိၿပီး
ဒါက အသင္းေဖာ္ေတြဟာ ဂါနာခ်ိဳဆီကို မၾကာခဏဆိုသလို
ေဘာလုံးေပးပို႔မႈျပဳလုပ္ခဲ့တယ္ဆိုတဲ့ သေဘာပါပဲ။ ဒါ့အျပင္ ဂါနာခ်ိဳရဲ႕
တိက်တဲ့ေဘာလုံးေပးပို႔မႈ ရာခိုင္ႏႈန္းက (၉၇%)ရွိခဲ့သလို သူဟာ
ေဘာလုံးေပးပို႔မႈစြမ္းရည္ ေကာင္းမြန္႐ုံသာမက ကိုယ့္အသင္း
တိုက္စစ္လမ္းေၾကာင္း စတင္ႏိုင္ဖို႔ Killer Ball ေတြ ေပးပို႔ႏိုင္ခဲ့ပါတယ္။
ခႏၶာကိုယ္ေသးေပမယ့္ ၿပိဳင္ဘက္နဲ႔တစ္ဦးခ်င္း ရင္ဆိုင္အေတြ႕မွာ
ေက်ာ္ျဖတ္ႏိုင္ခဲ့တဲ့အႀကိမ္က (၇)ႀကိမ္အထိရွိၿပီး ေအာင္ျမင္တဲ့
ေဘာလုံးဆြဲေျပးမႈ (၃)ႀကိမ္၊ အေရးပါတဲ့ ေဘာလုံးေပးပို႔မႈ (၁)ႀကိမ္
ျပဳလုပ္ခဲ့ပါတယ္။ ရွရစ္ဖ္နဲ႔ပြဲက ဂါနာခ်ိဳရဲ႕ စြမ္းေဆာင္ရည္အေပၚ
ေပါလ္စခိုးလ္လို ယူႏိုက္တက္ဂႏၴဝင္ကစားသမားကေတာင္ ခ်ီးက်ဴးခဲ့ရၿပီး
အဲရစ္တန္ဟက္ကိုယ္တိုင္ကလည္း ဂါနာခ်ိဳရဲ႕ ေျခစြမ္းကို
အားရေက်နပ္ခဲ့ပါတယ္။ ပြဲအၿပီး သတင္းစာရွင္းလင္းပြဲမွာ
အဲရစ္တန္ဟက္က “ဂါနာခ်ိဳဟာ အရည္အခ်င္းရွိတဲ့ လူငယ္တစ္ဦးျဖစ္ပါတယ္။
အသင္းႀကီးအတြက္ ပြဲထြက္ကစားခြင့္ရခဲ့တာက ဂါနာခ်ိဳအတြက္
အားတက္စရာျဖစ္ေစမယ္လို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္သလို သူကလည္း
‘ငါ ဒီပြဲမွာ အေကာင္းဆုံးကစားၿပီး၊ အခြင့္အေရးေတြ ဖန္တီးျပမယ္’ဆိုၿပီး
ဆုံးျဖတ္ထားပုံပါပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။ ဒီရာသီမွာ အဲရစ္တန္ဟက္က
အသင္းရဲ႕ ဘယ္ျခမ္းတိုက္စစ္မွာ ဆန္ခ်ိဳကို ပြဲအမ်ားစု အသုံးျပဳခဲ့ေပမယ့္
နယူးကာဆယ္၊ ခ်ယ္လ္ဆီးတို႔နဲ႔ပြဲေတြတုန္းက ဆန္ခ်ိဳတစ္ေယာက္
ပုံမွန္ေျခစြမ္းမျပႏိုင္ခဲ့ပါဘူး။ အဲဒါေၾကာင့္ ယူႏိုက္တက္ပရိသတ္ေတြကေတာ့
ဝက္စ္ဟမ္းနဲ႔ကစားမယ့္ပြဲက်ရင္ ဆန္ခ်ိဳကို ေခါက္ၿပီး ဂါနာခ်ိဳကို
ပြဲထြက္အသုံးျပဳဖို႔ ေတာင္းဆိုေနၾကၿပီျဖစ္ပါတယ္။