ဒီယာလိုကိုခေါ်ယူဖို့ ကလပ်အသင်း(၆)သင်းက အပြိုင်အဆိုင် စိတ်ဝင်စား

မန်ချက်စတာယူနိုက်တက် လူငယ်တိုက်စစ်ကစားသမားဒီယာလိုကိုခေါ်ယူဖို့

လိဂ်ချန်ပီယံရှစ်ကလပ်တချို့အပါအဝင် ဥရောပကလပ်အသင်းတွေက

အပြိုင်စိတ်ဝင်စားနေကြပါတယ်။ အသက်(၂၀)သာရှိသေးတဲ့ အိုင်ဗရီကို့စ်

လက်ရွေးစင်ကစားသမားဒီယာလိုဟာ ပြီးခဲ့တဲ့နှစ်၊ ဇန်နဝါရီလတုန်းက

အတ္တလန်တာအသင်းကနေ ယူနိုက်တက်ကို ယူရိုသန်း(၄၀)နဲ့ရောက်ရှိ

ခဲ့တာဖြစ်ပြီး,ပြီးခဲ့တဲ့(၂)ရာသီအတွင်း စီနီယာအသင်းမှာ ကစားခွင့်ရဖို့

ရုန်းကန်ခဲ့ရပါတယ်။ ဒီယာလိုဟာ ၂၀၂၀-၂၁ ရာသီတုန်းက အသင်းအတွက်

(၈)ပွဲကစား၊ (၁)ဂိုးသွင်းယူခဲ့ပြီး,ပြီးခဲ့တဲ့ရာသီမှာ (၁)ပွဲသာကစားခွင့်ရခဲ့သလို

စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းဆီ အငှားနဲ့သွားကစားခဲ့ရတာဖြစ်ပါတယ်။

ဒီယာလိုအနေနဲ့ ဒီရာသီမှာလည်း ပုံမှန်ကစားခွင့်ရဖို့ မလွယ်ကူတာကြောင့်

အငှားနဲ့ထွက်ဖို့ဆန္ဒရှိနေပြီး သူ့အေးဂျင့်ဟာ အပြောင်းအရွှေ့ကိစ္စအတွက်

ကြိုးပမ်းနေသလို ဒီယာလိုကိုခေါ်ယူဖို့ ဘလက်ပူးလ်၊ ဆန်းဒါးလန်း၊

အန်ဒါလက်ချ်၊ ဘက်ဆစ်ဆက်၊ ဆမ်ဒိုးရီးယား၊ ထရာဇွန်စပေါ်အသင်းတို့က စိတ်ဝင်စားနေကြပါတယ်။

zawgyi

ဒီယာလိုကိုေခၚယူဖို႔ ကလပ္အသင္း(၆)သင္းက အၿပိဳင္အဆုိင္ စိတ္၀င္စား

မန္ခ်က္စတာယူႏိုက္တက္ လူငယ္တိုက္စစ္ကစားသမားဒီယာလိုကိုေခၚယူဖို႔

လိဂ္ခ်န္ပီယံရွစ္ကလပ္တခ်ိဳ႕အပါအဝင္ ဥေရာပကလပ္အသင္းေတြက

အၿပိဳင္စိတ္ဝင္စားေနၾကပါတယ္။ အသက္(၂၀)သာရွိေသးတဲ့ အိုင္ဗရီကို႔စ္

လက္ေ႐ြးစင္ကစားသမားဒီယာလိုဟာ ၿပီးခဲ့တဲ့ႏွစ္၊ ဇန္နဝါရီလတုန္းက

အတၱလန္တာအသင္းကေန ယူႏိုက္တက္ကို ယူ႐ိုသန္း(၄၀)နဲ႔ေရာက္ရွိ

ခဲ့တာျဖစ္ၿပီး,ၿပီးခဲ့တဲ့(၂)ရာသီအတြင္း စီနီယာအသင္းမွာ ကစားခြင့္ရဖို႔

႐ုန္းကန္ခဲ့ရပါတယ္။ ဒီယာလိုဟာ ၂၀၂၀-၂၁ ရာသီတုန္းက အသင္းအတြက္

(၈)ပြဲကစား၊ (၁)ဂိုးသြင္းယူခဲ့ၿပီး,ၿပီးခဲ့တဲ့ရာသီမွာ (၁)ပြဲသာကစားခြင့္ရခဲ့သလို

စေကာ့တလန္ကလပ္ ရိန္းဂ်ားစ္အသင္းဆီ အငွားနဲ႔သြားကစားခဲ့ရတာျဖစ္ပါတယ္။

ဒီယာလိုအေနနဲ႔ ဒီရာသီမွာလည္း ပုံမွန္ကစားခြင့္ရဖို႔ မလြယ္ကူတာေၾကာင့္

အငွားနဲ႔ထြက္ဖို႔ဆႏၵရွိေနၿပီး သူ႔ေအးဂ်င့္ဟာ အေျပာင္းအေ႐ႊ႕ကိစၥအတြက္

ႀကိဳးပမ္းေနသလို ဒီယာလိုကိုေခၚယူဖို႔ ဘလက္ပူးလ္၊ ဆန္းဒါးလန္း၊

အန္ဒါလက္ခ်္၊ ဘက္ဆစ္ဆက္၊ ဆမ္ဒိုးရီးယား၊ ထရာဇြန္စေပၚအသင္းတို႔က စိတ္ဝင္စားေနၾကပါတယ္။