“ဒီရာသီမှာ သရဲနီတွေ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ဖို့အခွင့်အရေးရှိပါတယ်” _ အီလန်ဂါ

မန်ချက်စတာယူနိုက်တက်လူငယ်တောင်ပံတိုက်စစ်မှူးဖြစ်သူ အန်တိုနီ

အီလန်ဂါဟာ သူတို့အသင်းအနေနဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ်အမှတ်ပေး

ချန်ပီယံဆုကို ရရှိနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ မန်ယူအသင်းဟာ

လက်ရှိအမှတ်ပေးဇယားရဲ့ အဆင့်ငါးနေရာမှာ ရပ်တည်နေပြီး တစ်ပွဲလျော့

ကစားထားတာကြောင့် နောက်လထဲမှာ ကစားမယ့် မန်ချက်စတာစီးတီး

အသင်းနဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာသာ အနိုင်ရခဲ့မယ်ဆိုရင် အဆင့်တစ်

နေရာရောက်နေတဲ့ အာဆင်နယ်အသင်းနဲ့ ရမှတ် နှစ်မှတ်သာကွာသမာ ဖြစ်ပါတယ်။

မန်ယူအသင်းဟာ ရာသီအစမှာတုန်းက နှစ်ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ပြီးနောက်

ဒီရာသီမှာတော့ ချန်ပီယံဆုကို စိန်ခေါ်နိုင်အုန်းမာ မဟုတ်ဘူးဆိုပြီး

ထင်ကြေးပေးခြင်းခံခဲ့ရပေမယ့် အခြေအနေဆိုးတွေကနေ ရုန်းထွက်နိုင်ခဲ့ပြီး

ပရီးမီးယားလိဂ်မှာ လီဗာပူးလ်နဲ့ အာဆင်နယ်အသင်းတို့လို အသင်းမျိုးတွေကိုပါ

အနိုင်ရရှိပြီး လေးပွဲဆက်နိုင်ပွဲ ရခဲ့ပါတယ်။ ထို့အတွက်ကြောင့်လည်း

အီလန်ဂါက ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုရှင်စာရင်းမှာ သူတို့ကို

ချန်ထားလို့မရကြောင်း ပြောဆိုသွားခဲ့ပါတယ်။ “ ဒီမေးခွန်းက ဖြေဖို့အတွက်တော့

စောပါသေးတယ်၊ ဒါပေမယ့် ကျွန်တော်တို့သာ အခုပုံစံအတိုင်း

ဆက်ကစားပြီး နိုင်ပွဲတွေ ရရှိနေမယ်ဆိုရင်တော့ ဘာဖြစ်လာမလဲဆိုတာ

ဘယ်သူမှ မသိနိုင်ဘူးလေ။ ပရီးမီးယားလိဂ်ဖလားရဖို့ အသင်းတိုင်းမှာ

အခွင့်အရေးရှိပါတယ်။ ပရီးမီးယားလိဂ်က ကမ္ဘာပေါ်မာ အကြီးမားဆုံးလိဂ်ပဲလေ။

ဘယ်သူက ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်ပါတယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့

စောင့်ကြည့်ကြတာပေါ့ ” လို့ ဆိုခဲ့ပါတယ်။ ဆက်လက်ပြီး သူ့ရဲ့

ပွဲထွက်ခွင့်အပေါ် အီလန်ဂါက “ ကျွန်တော်တို့ ပွဲတွေအများကြီး

မကစားထားရသေးပါဘူး၊ ဒါပေမယ့် ကျွန်တော်က အဲ့ဒီအများစုထဲမှာ

ကစားခွင့်ရထားတယ်။ ဒီတော့ ကျေနပ်ပါတယ်၊ နည်းပြက

ကျွန်တော့်အပေါ် အရမ်းကောင်းပါတယ်။ ကစားသမားတွေက

အတူတူအဆင်ပြေနေပါတယ်၊ ဒီပုံစံအတိုင်းဆက်သွားနေဖို့ပဲ လိုပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

zawgyi

“ဒီရာသီမွာ သရဲနီေတြ အမွတ္ေပးဖလားကုိ ဆြတ္ခူးႏုိင္ဖို႔အခြင့္အေရးရွိပါတယ္” _ အီလန္ဂါ

မန္ခ်က္စတာယူႏိုက္တက္လူငယ္ေတာင္ပံတိုက္စစ္မႉးျဖစ္သူ အန္တိုနီ

အီလန္ဂါဟာ သူတို႔အသင္းအေနနဲ႔ ဒီရာသီမွာ ပရီးမီးယားလိဂ္အမွတ္ေပး

ခ်န္ပီယံဆုကို ရရွိႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။ မန္ယူအသင္းဟာ

လက္ရွိအမွတ္ေပးဇယားရဲ႕ အဆင့္ငါးေနရာမွာ ရပ္တည္ေနၿပီး တစ္ပြဲေလ်ာ့

ကစားထားတာေၾကာင့္ ေနာက္လထဲမွာ ကစားမယ့္ မန္ခ်က္စတာစီးတီး

အသင္းနဲ႔ မန္ခ်က္စတာဒါဘီပြဲစဥ္မွာသာ အႏိုင္ရခဲ့မယ္ဆိုရင္ အဆင့္တစ္

ေနရာေရာက္ေနတဲ့ အာဆင္နယ္အသင္းနဲ႔ ရမွတ္ ႏွစ္မွတ္သာကြာသမာ ျဖစ္ပါတယ္။

မန္ယူအသင္းဟာ ရာသီအစမွာတုန္းက ႏွစ္ပြဲဆက္တိုက္ရႈံးနိမ့္ခဲ့ၿပီးေနာက္

ဒီရာသီမွာေတာ့ ခ်န္ပီယံဆုကို စိန္ေခၚႏိုင္အုန္းမာ မဟုတ္ဘူးဆိုၿပီး

ထင္ေၾကးေပးျခင္းခံခဲ့ရေပမယ့္ အေျခအေနဆိုးေတြကေန ႐ုန္းထြက္ႏိုင္ခဲ့ၿပီး

ပရီးမီးယားလိဂ္မွာ လီဗာပူးလ္နဲ႔ အာဆင္နယ္အသင္းတို႔လို အသင္းမ်ိဳးေတြကိုပါ

အႏိုင္ရရွိၿပီး ေလးပြဲဆက္ႏိုင္ပြဲ ရခဲ့ပါတယ္။ ထို႔အတြက္ေၾကာင့္လည္း

အီလန္ဂါက ဒီရာသီ ပရီးမီးယားလိဂ္ခ်န္ပီယံဆုရွင္စာရင္းမွာ သူတို႔ကို

ခ်န္ထားလို႔မရေၾကာင္း ေျပာဆိုသြားခဲ့ပါတယ္။ “ ဒီေမးခြန္းက ေျဖဖို႔အတြက္ေတာ့

ေစာပါေသးတယ္၊ ဒါေပမယ့္ ကြၽန္ေတာ္တို႔သာ အခုပုံစံအတိုင္း

ဆက္ကစားၿပီး ႏိုင္ပြဲေတြ ရရွိေနမယ္ဆိုရင္ေတာ့ ဘာျဖစ္လာမလဲဆိုတာ

ဘယ္သူမွ မသိႏိုင္ဘူးေလ။ ပရီးမီးယားလိဂ္ဖလားရဖို႔ အသင္းတိုင္းမွာ

အခြင့္အေရးရွိပါတယ္။ ပရီးမီးယားလိဂ္က ကမာၻေပၚမာ အႀကီးမားဆုံးလိဂ္ပဲေလ။

ဘယ္သူက ဘယ္သူ႔ကိုမဆို အႏိုင္ယူႏိုင္ပါတယ္။ ဒီေတာ့ ကြၽန္ေတာ္တို႔အေနနဲ႔

ေစာင့္ၾကည့္ၾကတာေပါ့ ” လို႔ ဆိုခဲ့ပါတယ္။ ဆက္လက္ၿပီး သူ႔ရဲ႕

ပြဲထြက္ခြင့္အေပၚ အီလန္ဂါက “ ကြၽန္ေတာ္တို႔ ပြဲေတြအမ်ားႀကီး

မကစားထားရေသးပါဘူး၊ ဒါေပမယ့္ ကြၽန္ေတာ္က အဲ့ဒီအမ်ားစုထဲမွာ

ကစားခြင့္ရထားတယ္။ ဒီေတာ့ ေက်နပ္ပါတယ္၊ နည္းျပက

ကြၽန္ေတာ့္အေပၚ အရမ္းေကာင္းပါတယ္။ ကစားသမားေတြက

အတူတူအဆင္ေျပေနပါတယ္၊ ဒီပုံစံအတိုင္းဆက္သြားေနဖို႔ပဲ လိုပါတယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။