M Diary Channel
Local and Sport News
ဒီရာသီအဆိုးရွားဆုံးလွဲချော်မှုဖြစ်ခဲ့တဲ့ ဒိုလေးရဲ့ အပိုင်အခွင့်အရေး ဖြုန်းတီးမှု
ခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့ညတုန်းက Carrow Road မှာယခုရာသီ
အဆိုးရွားဆုံးအပိုင်အခွင့်အရေးဖြုန်းတီးမှုတွေထဲကတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။
အသက်၃၆နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့ညတုန်းကနော့ဝှစ်နှင့်ပွဲစဉ်မှာ
ခြောက်ကိုက်အကွာမှအပိုင်ကန်ခွင့်ရခဲ့ပေမယ့်အပေါ်ထောင်ကန်ခဲ့ပါတယ်။
ပွဲပြီးခါ၅မိနစ်အလိုမှာမားကပ်စ်ရပ်ရှ်ဖို့ဒ်ကဘယ်ခြမ်းမှထိုးဖောက်ကာ
အနိမ့်ဘောဖြတ်တင်ပေးလိုက်တာကို ခရစ္စတီယာနိုရော်နယ်ဒိုကခြောက်ကိုက်
အကွာမှအပိုင်ပိတ်သွင်းခွင့်ရခဲ့ပါတယ်။
ဒါပေမယ့်ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ဘယ်ခြေနဲ့အပိုင်ပိတ်သွင်းမှုက
ထိချက်မမှန်ဘဲအပေါ်ထောင်သွားခဲ့ပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုဟာ
အထက်ပါလွဲချော်မှုအတွက်အလွန်အမင်း စိတ်ပျက်နေခဲ့ပါတယ်။
ရော်နယ်ဒိုဟာအပိုင်အခွင့်အရေးဖြုန်းတီးပစ်ခဲ့ပေမယ့်ယင်းပွဲရဲ့
တစ်လုံးတည်းသောအနိုင်ဂိုးကိုသူ့ကြောင့်ရတဲ့ပင်နယ်တီကနေကန်သွင်းပြီး
ယူနိုက်တက်အတွက်နိုင်ပွဲဆောင်ကျဉ်းပေးခဲ့ပါတယ်။
ရော်နယ်ဒိုဟာမနေ့ညတုန်းကနော့ဝှစ်ချ်နဲ့ပွဲမှာအကောင်းဆုံးခြေစွမ်းမပြနိုင်
ခဲ့ပေမယ့်လည်းယခုရာသီပရီးမီးယားလိဂ်ခုနှစ်ဂိုးသွင်းယူထားနိုင်ပြီဖြစ်ပါတယ်။
zawgyi
ရော်နယ်ဒိုဟာမနေ့ညတုန်းကနော့ဝှစ်ခ်ျနဲ့ပွဲမှာအကောင်းဆုံးခြေစွမ်းမပြနိုင်
mdiarymm