ဒီရာသီ တန်ဟက်လက်အောက်မှာ စူပါခြေစွမ်းနဲ့ အကောင်းဆုံးဂိုးသွင်းစွမ်းဆောင်ရည်ပြသနေတဲ့ ရက်ရှ်ဖို့ဒ်

ရက်ရှ်ဖို့ဒ်ဟာ အဲရစ်တန်ဟက်လက်အောက်မှာ မန်ယူ

ကစားသမားဘ၀ အကောင်းဆုံးဂိုးသွင်းခြေစွမ်းကို ရရှိနေပါတယ်။

သူဟာ အဲဒီနယ်သာလန်သားနည်းပြအတွက် ပျဉ်းမျှ

၁၂၃ မိနစ်တိုင်း တစ်ဂိုးသွင်းနိုင်ခဲ့တာပါ။ အဲဒီအင်္ဂလန်

လက်ရွေးစင်ဟာ နောက်ဆုံးကစားခဲ့တဲ့ ချာလ်တန်နဲ့ပွဲမှာလည်း

၂ အရန်ခုံက ထလာပြီး ၂ ဂိုးသွင်းပေးခဲ့ပါတယ်။

ကိန်းဂဏန်းအချက်အလက်တွေအရတော့ ရက်ရှ်ဖို့ဒ်ဟာ

တန်ဟက်လက်ထက်မှာ သူ့ကစားသမားဘဝရဲ့အကောင်းဆုံး

ဂိုးသွင်းမိနစ်ကို ရရှိနေတာပါ။ အဲဒါဟာ ရန်းနစ်

လက်ထက်တုန်းကထက် ၅ ဆနီးပါး ပိုကောင်းခဲ့ပါတယ်။

သူဟာ ပြီးခဲ့တဲ့ရာသီ ဂျာမန်သားနည်းပြလက်ထက်တုန်းက

၅၈၄ မိနစ်ရောက်တိုင်းမှ တစ်ဂိုးသွင်းနိုင်ခဲ့တာပါ။

အဲဒီတုန်းက မန်ယူအတွက် ၂၂ ပွဲမှာ ၂ ဂိုးသာ သွင်းနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ရက်ရှ်ဖို့ဒ်ဟာ နယ်သာလန်နည်းပြတွေလက်အောက်မှာ

ပိုပြီးခြေစွမ်းပြနိုင်သလို ဖြစ်နေတာပါ။ သူ့ရဲ့နောက်ထပ်

အကောင်းဆုံးတစ်ဂိုးပျဉ်းမျှမိနစ်က ဗန်ဂေါလ်လက်ထက်မှာဖြစ်ပြီး

၁၈ ပွဲမှာ ၈ ဂိုးသွင်းခဲ့ကာ ၁၇၇ မိနစ်တိုင်း ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၅ နှစ်အရွယ် ကစားသမားဟာ ဒီရာသီ မန်ယူရဲ့အရေးပါဆုံးသူ

ဖြစ်နေပြီး ဒီရာသီ ပြိုင်ပွဲအရပ်ရပ် ၂၅ ပွဲမှာ ၁၅ ဂိုးသွင်းခဲ့ကာ

မန်ယူရဲ့ပြိုင်ပွဲ ၄ ရပ်စလုံးမှာ အနိမ့်ဆုံး ၁ ဂိုးသွင်းနိုင်ခဲ့တာပါ။

zawgyi

ဒီရာသီ တန္ဟက္လက္ေအာက္မွာ စူပါေျခစြမ္းနဲ႔ အေကာင္းဆုံးဂုိးသြင္းစြမ္းေဆာင္ရည္ျပသေနတဲ့ ရက္ရွ္ဖုိ႔ဒ္

ရက္ရွ္ဖို႔ဒ္ဟာ အဲရစ္တန္ဟက္လက္ေအာက္မွာ မန္ယူ

ကစားသမားဘ၀ အေကာင္းဆုံးဂိုးသြင္းေျခစြမ္းကို ရရွိေနပါတယ္။

သူဟာ အဲဒီနယ္သာလန္သားနည္းျပအတြက္ ပ်ဥ္းမွ်

၁၂၃ မိနစ္တိုင္း တစ္ဂိုးသြင္းႏိုင္ခဲ့တာပါ။ အဲဒီအဂၤလန္

လက္ေ႐ြးစင္ဟာ ေနာက္ဆုံးကစားခဲ့တဲ့ ခ်ာလ္တန္နဲ႔ပြဲမွာလည္း

၂ အရန္ခုံက ထလာၿပီး ၂ ဂိုးသြင္းေပးခဲ့ပါတယ္။

ကိန္းဂဏန္းအခ်က္အလက္ေတြအရေတာ့ ရက္ရွ္ဖို႔ဒ္ဟာ

တန္ဟက္လက္ထက္မွာ သူ႔ကစားသမားဘဝရဲ႕အေကာင္းဆုံး

ဂိုးသြင္းမိနစ္ကို ရရွိေနတာပါ။ အဲဒါဟာ ရန္းနစ္

လက္ထက္တုန္းကထက္ ၅ ဆနီးပါး ပိုေကာင္းခဲ့ပါတယ္။

သူဟာ ၿပီးခဲ့တဲ့ရာသီ ဂ်ာမန္သားနည္းျပလက္ထက္တုန္းက

၅၈၄ မိနစ္ေရာက္တိုင္းမွ တစ္ဂိုးသြင္းႏိုင္ခဲ့တာပါ။

အဲဒီတုန္းက မန္ယူအတြက္ ၂၂ ပြဲမွာ ၂ ဂိုးသာ သြင္းႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္ ရက္ရွ္ဖို႔ဒ္ဟာ နယ္သာလန္နည္းျပေတြလက္ေအာက္မွာ

ပိုၿပီးေျခစြမ္းျပႏိုင္သလို ျဖစ္ေနတာပါ။ သူ႔ရဲ႕ေနာက္ထပ္

အေကာင္းဆုံးတစ္ဂိုးပ်ဥ္းမွ်မိနစ္က ဗန္ေဂါလ္လက္ထက္မွာျဖစ္ၿပီး

၁၈ ပြဲမွာ ၈ ဂိုးသြင္းခဲ့ကာ ၁၇၇ မိနစ္တိုင္း ဂိုးသြင္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။

၂၅ ႏွစ္အ႐ြယ္ ကစားသမားဟာ ဒီရာသီ မန္ယူရဲ႕အေရးပါဆုံးသူ

ျဖစ္ေနၿပီး ဒီရာသီ ၿပိဳင္ပြဲအရပ္ရပ္ ၂၅ ပြဲမွာ ၁၅ ဂိုးသြင္းခဲ့ကာ

မန္ယူရဲ႕ၿပိဳင္ပြဲ ၄ ရပ္စလုံးမွာ အနိမ့္ဆုံး ၁ ဂိုးသြင္းႏိုင္ခဲ့တာပါ။