
အက်သလက်တစ် (The Athletic ) သတင်းဌာနရဲ့ အပြောင်းအရွေ့
ကျွမ်းကျင်သူ ဒေးဗစ် အွန်စတိန်းက မန်ချက်စတာ ယူနိုက်တက်ဟာ
ဖရန်ကီ ဒီဂျောင်ရော ခရစ်ရှန် အဲရစ်ဆင်ကိုပါ ရရှိလိမ့်မယ်လို့
ပြောဆိုခဲ့ပါတယ်။ အွန်စတိန်းက ဟေတာစ် တီဗီ (Hayters TV) နဲ့
တွေ့ဆုံစဉ် ယူနိုက်တက်ရဲ့ ဒီနွေရာသီ အဓိက ပစ်မှတ် ( ၂ ) ဦးနဲ့
ပတ်သက်ပြီး သူ့ရဲ့ အမြင်တွေကို ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။
သူဟာ ဇူလိုင်လ ( ၁ ) ရက်နေ့တွင် အသင်းလက်မဲ့ ဖြစ်တော့မယ့်
ဒိန်းမတ်ကွင်းလယ်လူကို မန်ချက်စတာ ယူနိုက်တက်
ကမ်းလှမ်းခဲ့တာနဲ့ ပတ်သက်ပြီး ပထမဆုံး ထုတ်ဖော်ရေးသားခဲ့သူဖြစ်ပါတယ်။
ယူနိုက်တက်က လက်ရှိမှာ အဲရစ်ဆင်ရဲ့ အကြောင်းပြန်မှုကို စောင့်ဆိုင်းနေပြီး
တစ်ဖက်မှာလည်း ဖရန်ကီ ဒီဂျောင်အတွက် ဘာစီလိုနာနဲ့ ဆွေးနွေးလျက်
ရှိပါတယ်။ မန်ချက်စတာ ညနေခင်းသတင်းရဲ့ မနေ့ညက ဖော်ပြချက်မှာတော့
ယူနိုက်တက်က ဒီဂျောင်အတွက် ပိုကောင်းတဲ့ ကမ်းလှမ်းမှု
ပြုလုပ်တော့မယ်လို့ ရေးသားထားပါတယ်။ အဲရစ်ဆင်ရဲ့ အနာဂတ်က
ယူနိုက်တက် ၊ စပါး ၊ ဘရန့်ဖို့ဒ်တို့ထဲက တစ်သင်းထဲမှာရှိပေမယ့်
အွန်စတိန်းကတော့ “ ကျွန်တော်အနေနဲ့ ခရစ်ရှန် အဲရစ်ဆင်က
မန်ချက်စတာ ယူနိုက်တက်မှာ အဆုံးသတ်လိမ့်မယ်လို့ ထင်ပါတယ်။”ဟု
ခန့်မှန်းခဲ့ပါတယ်။ နောက်ပြီး သူက နယ်သာလန်ကွင်းလယ်လူနဲ့ပတ်သက်ပြီး
“ ဖရန်ကီ ဒီဂျောင်က အမေးများတဲ့ အပြောင်းအရွေ့ပါ။ သူအနေနဲ့
မန်ချက်စတာ ယူနိုက်တက်မှာပဲ အဆုံးသတ်မယ်လို့ ယုံကြည်ပါတယ်။
လက်ရှိကတော့ မန်ယူနိုက်တက်ရော ပရိသတ်တွေအတွက်ပါ
ရှည်လျားပြီး စိတ်ညစ်စရာ အခြေအနေဖြစ်နိုင်ပါတယ်။
ဒါပေမယ့် နောက်ဆုံးမှာတော့ အဲရစ်တင်ဟာ့ခ်က
သူ့လူကို ရဖို့များပါတယ်။”ဟု မှတ်ချက်ပေးခဲ့ပါတယ်။
zawgyi
ဒီေဂ်ာင္နဲ႔ အဲရစ္ဆင္ က်ိန္းေသ ယူႏုိက္တက္ကုိ ေရာက္လာမယ္။
အက္သလက္တစ္ (The Athletic ) သတင္းဌာနရဲ႕ အေျပာင္းအေ႐ြ႕
ကြၽမ္းက်င္သူ ေဒးဗစ္ အြန္စတိန္းက မန္ခ်က္စတာ ယူႏိုက္တက္ဟာ
ဖရန္ကီ ဒီေဂ်ာင္ေရာ ခရစ္ရွန္ အဲရစ္ဆင္ကိုပါ ရရွိလိမ့္မယ္လို႔
ေျပာဆိုခဲ့ပါတယ္။ အြန္စတိန္းက ေဟတာစ္ တီဗီ (Hayters TV) နဲ႔
ေတြ႕ဆုံစဥ္ ယူႏိုက္တက္ရဲ႕ ဒီေႏြရာသီ အဓိက ပစ္မွတ္ ( ၂ ) ဦးနဲ႔
ပတ္သက္ၿပီး သူ႔ရဲ႕ အျမင္ေတြကို ထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။
သူဟာ ဇူလိုင္လ ( ၁ ) ရက္ေန႔တြင္ အသင္းလက္မဲ့ ျဖစ္ေတာ့မယ့္
ဒိန္းမတ္ကြင္းလယ္လူကို မန္ခ်က္စတာ ယူႏိုက္တက္
ကမ္းလွမ္းခဲ့တာနဲ႔ ပတ္သက္ၿပီး ပထမဆုံး ထုတ္ေဖာ္ေရးသားခဲ့သူျဖစ္ပါတယ္။
ယူႏိုက္တက္က လက္ရွိမွာ အဲရစ္ဆင္ရဲ႕ အေၾကာင္းျပန္မႈကို ေစာင့္ဆိုင္းေနၿပီး
တစ္ဖက္မွာလည္း ဖရန္ကီ ဒီေဂ်ာင္အတြက္ ဘာစီလိုနာနဲ႔ ေဆြးေႏြးလ်က္
ရွိပါတယ္။ မန္ခ်က္စတာ ညေနခင္းသတင္းရဲ႕ မေန႔ညက ေဖာ္ျပခ်က္မွာေတာ့
ယူႏိုက္တက္က ဒီေဂ်ာင္အတြက္ ပိုေကာင္းတဲ့ ကမ္းလွမ္းမႈ
ျပဳလုပ္ေတာ့မယ္လို႔ ေရးသားထားပါတယ္။ အဲရစ္ဆင္ရဲ႕ အနာဂတ္က
ယူႏိုက္တက္ ၊ စပါး ၊ ဘရန႔္ဖို႔ဒ္တို႔ထဲက တစ္သင္းထဲမွာရွိေပမယ့္
အြန္စတိန္းကေတာ့ “ ကြၽန္ေတာ္အေနနဲ႔ ခရစ္ရွန္ အဲရစ္ဆင္က
မန္ခ်က္စတာ ယူႏိုက္တက္မွာ အဆုံးသတ္လိမ့္မယ္လို႔ ထင္ပါတယ္။”ဟု
ခန႔္မွန္းခဲ့ပါတယ္။ ေနာက္ၿပီး သူက နယ္သာလန္ကြင္းလယ္လူနဲ႔ပတ္သက္ၿပီး
“ ဖရန္ကီ ဒီေဂ်ာင္က အေမးမ်ားတဲ့ အေျပာင္းအေရြ႕ပါ။ သူအေနနဲ႔
မန္ခ်က္စတာ ယူႏိုက္တက္မွာပဲ အဆုံးသတ္မယ္လို႔ ယုံၾကည္ပါတယ္။
လက္ရွိကေတာ့ မန္ယူႏိုက္တက္ေရာ ပရိသတ္ေတြအတြက္ပါ
ရွည္လ်ားၿပီး စိတ္ညစ္စရာ အေျခအေနျဖစ္ႏိုင္ပါတယ္။
ဒါေပမယ့္ ေနာက္ဆုံးမွာေတာ့ အဲရစ္တင္ဟာ့ခ္က
သူ႔လူကို ရဖို႔မ်ားပါတယ္။”ဟု မွတ္ခ်က္ေပးခဲ့ပါတယ္။