M Diary Channel

Local and Sport News

နည်းပြသစ်ရာထူးအတွက် ဆီမြွန်နီနဲ့ယူနိုက်တက် ဆက်သွယ်နေ

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းနည်းပြသစ်ရာထူးအတွက်

အက်သလက်တီကိုအသင်းနည်းပြဆီမြွန်နီနဲ့ဆွေးနွေးနေတယ်လို့ သတင်း

ထွက်ပေါ်နေပါတယ်။ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့တစ်ပတ်က

ဝက်ဖို့ဒ်အသင်းကို(၄-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့အပြီးနာရီပိုင်းအကြာမှာပဲ နည်းပြ

ဆိုးလ်ရှားကို ရာထူးကထုတ်ပယ်ခဲ့ပြီး အခုလောလောဆယ်ယာယီနည်းပြအဖြစ်

ကာရစ်ကို ရာသီကုန်အထိခန့်အပ်ထားတာဖြစ်ပါတယ်။ ယူနိုက်တက်နည်းပြသစ်

ဖြစ်လာဖို့ရေပန်းစားနေတဲ့သူတွေထဲမှာ ဇီဒန်း၊ ပိုချက်တီနိုတို့ထိပ်ဆုံးက

ဦးဆောင်နေပေမယ့် ယူနိုက်တက်ဘုတ်အဖွဲ့ဝင်တချို့က ဆီမြွန်နီကို

နှစ်သက်သဘောကျနေတာပါ။ ယူနိုက်တက်အသင်းအမှုဆောင်ချုပ်ဖြစ်သူ

အက်ဒ်ဝုဒ်ဝပ်ဒ်ဟာ အက်သလက်တီကိုအသင်းနဲ့အတူ ဆီမြွန်နီရဲ့စွမ်းဆောင်ရည်

အပေါ် အားရကျေနပ်မှုအပြည့်ရှိနေတယ်လို့ Independent သတင်းစာက

ဖော်ပြခဲ့ပါတယ်။ အဲဒါကြောင့် အက်ဒ်ဝုဒ်ဝပ်ဒ်ဟာ ယူနိုက်တက်နည်းပြသစ်

ရာထူးအတွက် ဆီမြွန်နီကို ခန့်အပ်ဖို့ဆန္ဒရှိနေပေမယ့် အမှန်တကယ်ဖြစ်ပေါ်လာဖို့က

ရာခိုင်နှုန်းနည်းပါးနေပါတယ်။ ဆီမြွန်နီဟာ အက်သလက်တီကိုအသင်းနဲ့

၂၀၂၄ ခုနှစ်အထိစာချုပ်သက်တမ်းကျန်ရှိနေပြီး သူကလည်း အခုလောလောဆယ်

အသင်းနဲ့လမ်းခွဲဖို့ ဆန္ဒမရှိပါဘူး။

zawgyi

နည္းျပသစ္ရာထူးအတြက္ ဆီႁမြန္နီနဲ႔ယူႏိုက္တက္ ဆက္သြယ္ေန

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အသင္းနည္းျပသစ္ရာထူးအတြက္

အက္သလက္တီကိုအသင္းနည္းျပဆီႁမြန္နီနဲ႔ေဆြးေႏြးေနတယ္လို႔ သတင္း

ထြက္ေပၚေနပါတယ္။ ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့တစ္ပတ္က

ဝက္ဖို႔ဒ္အသင္းကို(၄-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့အၿပီးနာရီပိုင္းအၾကာမွာပဲ နည္းျပ

ဆိုးလ္ရွားကို ရာထူးကထုတ္ပယ္ခဲ့ၿပီး အခုေလာေလာဆယ္ယာယီနည္းျပအျဖစ္

ကာရစ္ကို ရာသီကုန္အထိခန႔္အပ္ထားတာျဖစ္ပါတယ္။ ယူႏိုက္တက္နည္းျပသစ္

ျဖစ္လာဖို႔ေရပန္းစားေနတဲ့သူေတြထဲမွာ ဇီဒန္း၊ ပိုခ်က္တီႏိုတို႔ထိပ္ဆုံးက

ဦးေဆာင္ေနေပမယ့္ ယူႏိုက္တက္ဘုတ္အဖြဲ႕ဝင္တခ်ိဳ႕က ဆီႁမြန္နီကို

ႏွစ္သက္သေဘာက်ေနတာပါ။ ယူႏိုက္တက္အသင္းအမႈေဆာင္ခ်ဳပ္ျဖစ္သူ

အက္ဒ္ဝုဒ္ဝပ္ဒ္ဟာ အက္သလက္တီကိုအသင္းနဲ႔အတူ ဆီႁမြန္နီရဲ႕စြမ္းေဆာင္ရည္

အေပၚ အားရေက်နပ္မႈအျပည့္ရွိေနတယ္လို႔ Independent သတင္းစာက

ေဖာ္ျပခဲ့ပါတယ္။ အဲဒါေၾကာင့္ အက္ဒ္ဝုဒ္ဝပ္ဒ္ဟာ ယူႏိုက္တက္နည္းျပသစ္

ရာထူးအတြက္ ဆီႁမြန္နီကို ခန႔္အပ္ဖို႔ဆႏၵရွိေနေပမယ့္ အမွန္တကယ္ျဖစ္ေပၚလာဖို႔က

ရာခိုင္ႏႈန္းနည္းပါးေနပါတယ္။ ဆီႁမြန္နီဟာ အက္သလက္တီကိုအသင္းနဲ႔

၂၀၂၄ ခုႏွစ္အထိစာခ်ဳပ္သက္တမ္းက်န္ရွိေနၿပီး သူကလည္း အခုေလာေလာဆယ္

အသင္းနဲ႔လမ္းခြဲဖို႔ ဆႏၵမရွိပါဘူး။mdiarymm

mdiarymm