နည်းပြ တန်ဟန့်ရဲ့ ဗျူဟာတွေအောက်မှာ ဘယ်လိုမှ အံမဝင်နိုင်တဲ့ သရဲနီကစားသမားနှစ်ဦး

မန်ချက်စတာယူနိုက်တက်ဂန္တဝင်ဖြစ်သူ ပေါလ်စခိုးလ်က နည်းပြ

အဲရစ် တန်ဟန့်အနေနဲ့ သူ ကစားချင်တဲ့ ဘောလုံးပိုင်ဆိုင်မှုအသားပေးပုံစံ

အတွေးကို အမြန်ဖျောက်ရမယ်လို့ ယုံကြည်နေပြီး၊ သရဲနီကစားသမားနှစ်ဦးဟာ

အဆိုပါနည်းလမ်းအတိုင်း ကစားဖို့အတွက် လုံလောက်အောင်

ကောင်းမွန်ခြင်းမရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။ တန်ဟန့်ဟာ

ရာသီအစနှစ်ပွဲဆက်ရှုံးနိမ့်ပြီးနောက် ဘောလုံးပိုင်ဆိုင်မှုအသားပေးပုံစံ

ကစားကွက်ကို အာရုံစိုက်တာလျှော့ချခဲ့ပြီး၊ အသင်းရဲ့ ကစားကွက်ကို

လျှင်လျှင်မြန်မြန်နဲ့ တိုက်ရိုက်တည်ဆောက်တဲ့ ပုံစံမျိုးကိုပဲ အသုံးပြုခဲ့ရပါတယ်။

ထို့အတွက်ကြောင့် တန်ဟန့်ဟာ နိုင်ပွဲတွေရရှိနေပေမယ့် သူ လိုချင်တဲ့

ကစားကွက်ကိုတော့ မရရှိသေးတာဖြစ်ပြီး၊ စခိုးလ်က လက်ရှိလူစာရင်းမှာ

ပုံမှန်ပွဲထွက်ခွင့်ရနေတဲ့ ဗာရန်းနဲ့ ဒီဂီယာတို့နှစ်ဦးဟာ တန်ဟန့်လိုချင်တဲ့

ပုံစံအတိုင်း ကစားနိုင်စွမ်းမရှိဘူးလို့ ဆိုလိုက်ပါတယ်။ “ လူးဝစ် ဗန်ဟားလ်

မန်ယူကိုရောက်လာတုန်းကလည်း၊ သူက ဘောလုံးပိုင်ဆိုင်မှုအသားပေးပုံစံနဲ့

ကစားချင်ခဲ့တာပဲ၊ ဒါပေမယ့် အလုပ်မဖြစ်ခဲ့ဘူး။ ကစားပုံလှဖို့ထက်

ဂိုးတွေသွင်းဖို့နဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်ဖို့က အမြဲတမ်းပိုပြီး အရေးကြီးပါတယ်။

ဂိုးသမားက ၁၀ ကိုက်လောက်အကွာအဝေးကို ပေးပို့ဖို့ လုပ်တဲ့အခါ

ပရိသတ်တွေက စိတ်လှုပ်ရှားကြပါတယ်၊ ဒါက မန်ယူရဲ့ ကစားဟန်မဟုတ်ပါဘူး၊

ဒါက ဘာစီလိုနာ ဒါမှမဟုတ် အေဂျက်ရဲ့ ကစားဟန်ပါ။ တန်ဟန့်လည်း

ဒါကို သဘောပေါက်နေပါပြီ။ ဘရန့်ဖို့ဒ်နဲ့ပွဲပြီးတော့ အဲ့ဒီနည်းလမ်းအတိုင်း

ကစားဖို့ ကစားသမားတွေမရှိဘူး၊ သူ့အနေနဲ့ ပိုပြီးတိုက်ရိုက်ကျတဲ့ပုံစံကို

သွားရမယ်ဆိုတာ နားလည်ခဲ့တယ်။ ရာဖေးလ် ဗာရန်းဟာ အရင်ကလို

ကစားသမားကောင်းတစ်ဦးမဟုတ်တော့ဘူး၊ ဒီဂီယာဟာ ကောင်းတဲ့

ကစားသမားတစ်ဦးမဟုတ်တော့ဘူး။ ဒီတော့ ယူနိုက်တက်အတွက်

အားသာချက်ဖြစ်တဲ့ တိုက်စစ်ကစားသမားတွေကို အသုံးပြုရမယ်၊

ခင်ဗျားတို့အနေနဲ့လည်း နည်းပြသစ်က ဒီလိုကစားနေတဲ့အပေါ်

ချီးကျုးရပါမယ် ” လို့ ပြောဆိုခဲ့ပါတယ်။

zawgyi

နည္းျပ တန္ဟန္႔ရဲ႕ ဗ်ဴဟာေတြေအာက္မွာ ဘယ္လုိမွ အံမ၀င္ႏုိင္တဲ့ သရဲနီကစားသမားႏွစ္ဦး

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ျဖစ္သူ ေပါလ္စခိုးလ္က နည္းျပ

အဲရစ္ တန္ဟန႔္အေနနဲ႔ သူ ကစားခ်င္တဲ့ ေဘာလုံးပိုင္ဆိုင္မႈအသားေပးပုံစံ

အေတြးကို အျမန္ေဖ်ာက္ရမယ္လို႔ ယုံၾကည္ေနၿပီး၊ သရဲနီကစားသမားႏွစ္ဦးဟာ

အဆိုပါနည္းလမ္းအတိုင္း ကစားဖို႔အတြက္ လုံေလာက္ေအာင္

ေကာင္းမြန္ျခင္းမရွိဘူးလို႔ ေျပာဆိုလိုက္ပါတယ္။ တန္ဟန႔္ဟာ

ရာသီအစႏွစ္ပြဲဆက္ရႈံးနိမ့္ၿပီးေနာက္ ေဘာလုံးပိုင္ဆိုင္မႈအသားေပးပုံစံ

ကစားကြက္ကို အာ႐ုံစိုက္တာေလွ်ာ့ခ်ခဲ့ၿပီး၊ အသင္းရဲ႕ ကစားကြက္ကို

လွ်င္လွ်င္ျမန္ျမန္နဲ႔ တိုက္႐ိုက္တည္ေဆာက္တဲ့ ပုံစံမ်ိဳးကိုပဲ အသုံးျပဳခဲ့ရပါတယ္။

ထို႔အတြက္ေၾကာင့္ တန္ဟန႔္ဟာ ႏိုင္ပြဲေတြရရွိေနေပမယ့္ သူ လိုခ်င္တဲ့

ကစားကြက္ကိုေတာ့ မရရွိေသးတာျဖစ္ၿပီး၊ စခိုးလ္က လက္ရွိလူစာရင္းမွာ

ပုံမွန္ပြဲထြက္ခြင့္ရေနတဲ့ ဗာရန္းနဲ႔ ဒီဂီယာတို႔ႏွစ္ဦးဟာ တန္ဟန႔္လိုခ်င္တဲ့

ပုံစံအတိုင္း ကစားႏိုင္စြမ္းမရွိဘူးလို႔ ဆိုလိုက္ပါတယ္။ “ လူးဝစ္ ဗန္ဟားလ္

မန္ယူကိုေရာက္လာတုန္းကလည္း၊ သူက ေဘာလုံးပိုင္ဆိုင္မႈအသားေပးပုံစံနဲ႔

ကစားခ်င္ခဲ့တာပဲ၊ ဒါေပမယ့္ အလုပ္မျဖစ္ခဲ့ဘူး။ ကစားပုံလွဖို႔ထက္

ဂိုးေတြသြင္းဖို႔နဲ႔ အခြင့္အေရးေတြ ဖန္တီးႏိုင္ဖို႔က အၿမဲတမ္းပိုၿပီး အေရးႀကီးပါတယ္။

ဂိုးသမားက ၁၀ ကိုက္ေလာက္အကြာအေဝးကို ေပးပို႔ဖို႔ လုပ္တဲ့အခါ

ပရိသတ္ေတြက စိတ္လႈပ္ရွားၾကပါတယ္၊ ဒါက မန္ယူရဲ႕ ကစားဟန္မဟုတ္ပါဘူး၊

ဒါက ဘာစီလိုနာ ဒါမွမဟုတ္ ေအဂ်က္ရဲ႕ ကစားဟန္ပါ။ တန္ဟန႔္လည္း

ဒါကို သေဘာေပါက္ေနပါၿပီ။ ဘရန႔္ဖို႔ဒ္နဲ႔ပြဲၿပီးေတာ့ အဲ့ဒီနည္းလမ္းအတိုင္း

ကစားဖို႔ ကစားသမားေတြမရွိဘူး၊ သူ႔အေနနဲ႔ ပိုၿပီးတိုက္႐ိုက္က်တဲ့ပုံစံကို

သြားရမယ္ဆိုတာ နားလည္ခဲ့တယ္။ ရာေဖးလ္ ဗာရန္းဟာ အရင္ကလို

ကစားသမားေကာင္းတစ္ဦးမဟုတ္ေတာ့ဘူး၊ ဒီဂီယာဟာ ေကာင္းတဲ့

ကစားသမားတစ္ဦးမဟုတ္ေတာ့ဘူး။ ဒီေတာ့ ယူႏိုက္တက္အတြက္

အားသာခ်က္ျဖစ္တဲ့ တိုက္စစ္ကစားသမားေတြကို အသုံးျပဳရမယ္၊

ခင္ဗ်ားတို႔အေနနဲ႔လည္း နည္းျပသစ္က ဒီလိုကစားေနတဲ့အေပၚ

ခ်ီးက်ဳးရပါမယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။