
ကမ္ဘာ့ဖလားမှာ ( ၆-၁ ) နိုင်ပွဲရတာက ပုံမှန်အားဖြင့် အရမ်းကို
ပျော်ပျော်ရွှင်ရွှင်နဲ့ အောင်ပွဲခံသင့်တဲ့ အခိုက်အတန့်ဖြစ်ပါတယ်။
ဒါပေမယ့် ပေါ်တူဂီအသင်းအတွက်တော့ သာမာန်ပါပဲ။
ခရစ္စတီယာနို ရော်နယ်ဒိုကလည်း အသင်းလိုက် ကစားသမားထက်
တစ်ဦးချင်းကစားသမားဆိုတာ ပိုလို့ ပေါ်လွင်နေပြန်ပါတယ်။
ပေါ်တူဂီက ဆွစ်ဇာလန်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ နည်းပြ ဖာနန်ဒို
ဆန်းတို့စ်က ရော်နယ်ဒိုကို အရံခုံပို့ခဲ့ပြီး သူ့အစား ဟက်ထရစ်သွင်းခဲ့တဲ့
ဂွန်ဇာလို ရာမို့စ်ကို အသုံးပြုခဲ့ပါတယ်။ ရော်နယ်ဒိုက ပထမ ( ၂ ) ဂိုးကို
အရံခုံကနေ အောင်ပွဲခံခဲ့သေးတာတွေ့ရပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့
သူမပါပဲ ပေါ်တူဂီက ဂိုးတွေ တရစပ်သွင်းပြနေတာကြောင့် သူ့အတွက်
ကသိကအောက်ဖြစ်စေခဲ့တာ ထင်ရှားပါတယ်။ ပွဲပြီးဆုံးဖို့ ( ၁၅ ) မိနစ်
အလိုမှာတော့ လူစားဝင် ကစားခွင့်ရခဲ့ပြီး ( ၁ ) ဂိုးသွင်းယူနိုင်ခဲ့သေးပေမယ့်
လူကျွံဘောဖြစ်နေခဲ့ပါတယ်။ ပွဲသိမ်းခရာမှုတ်လိုက်ချိန်မှာတော့
ရော်နယ်ဒိုက စိတ်ကုန်တဲ့ပုံ ပေါက်နေပါတယ်။ ဒါကြောင့် မန်ချက်စတာ
ယူနိုက်တက် နောက်ခံလူ ဒီယေဂို ဒါလိုက ပွဲအပြီးမှာ သူ့ရဲ့
ကလပ်အသင်းဖော်ဟောင်းကို သွားရောက်ဖြေသိမ့်ပေးခဲ့တာတွေ့ရပါတယ်။
ရော်နယ်ဒိုရဲ့ မျက်နှာအနေအထားက အရာအားလုံးကို ပြောပြနေပါတယ်။
သူက လူစားဝင်ချိန် ဂိုးမသွင်းနိုင်ရုံသာမကပဲ ပေါ်တူဂီက သူမပါတဲ့အခါ
ပိုကောင်းတယ်ဆိုတာပါ မြင်တွေ့သွားခဲ့ပါတယ်။ အသက်( ၃၇ ) နှစ်အရွယ်
တိုက်စစ်မှူးအနေနဲ့ မော်ရိုကိုနဲ့ ကစားရမယ့် ကွာတားဖိုင်နယ်ပွဲစဉ်မှာလည်း
ဆက်လက်အရံခုံထိုင်ရဖို့ သေချာသလောက်ရှိနေပါတယ်။
zawgyi
ႏိုင္ငံ့လက္ေ႐ြးစင္အသင္းမွာ အရံခုံေရာက္သြားခဲ့တဲ့ ေရာ္နယ္ဒိုကို ႏွစ္သိမ့္ေပးခဲ့တဲ့ သရဲနီၾကယ္ပြင့္
ကမာၻ႔ဖလားမွာ ( ၆-၁ ) ႏိုင္ပြဲရတာက ပုံမွန္အားျဖင့္ အရမ္းကို
ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ေအာင္ပြဲခံသင့္တဲ့ အခိုက္အတန႔္ျဖစ္ပါတယ္။
ဒါေပမယ့္ ေပၚတူဂီအသင္းအတြက္ေတာ့ သာမာန္ပါပဲ။
ခရစၥတီယာႏို ေရာ္နယ္ဒိုကလည္း အသင္းလိုက္ ကစားသမားထက္
တစ္ဦးခ်င္းကစားသမားဆိုတာ ပိုလို႔ ေပၚလြင္ေနျပန္ပါတယ္။
ေပၚတူဂီက ဆြစ္ဇာလန္ကို အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ နည္းျပ ဖာနန္ဒို
ဆန္းတို႔စ္က ေရာ္နယ္ဒိုကို အရံခုံပို႔ခဲ့ၿပီး သူ႔အစား ဟက္ထရစ္သြင္းခဲ့တဲ့
ဂြန္ဇာလို ရာမို႔စ္ကို အသုံးျပဳခဲ့ပါတယ္။ ေရာ္နယ္ဒိုက ပထမ ( ၂ ) ဂိုးကို
အရံခုံကေန ေအာင္ပြဲခံခဲ့ေသးတာေတြ႕ရပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာေတာ့
သူမပါပဲ ေပၚတူဂီက ဂိုးေတြ တရစပ္သြင္းျပေနတာေၾကာင့္ သူ႔အတြက္
ကသိကေအာက္ျဖစ္ေစခဲ့တာ ထင္ရွားပါတယ္။ ပြဲၿပီးဆုံးဖို႔ ( ၁၅ ) မိနစ္
အလိုမွာေတာ့ လူစားဝင္ ကစားခြင့္ရခဲ့ၿပီး ( ၁ ) ဂိုးသြင္းယူႏိုင္ခဲ့ေသးေပမယ့္
လူကြၽံေဘာျဖစ္ေနခဲ့ပါတယ္။ ပြဲသိမ္းခရာမႈတ္လိုက္ခ်ိန္မွာေတာ့
ေရာ္နယ္ဒိုက စိတ္ကုန္တဲ့ပုံ ေပါက္ေနပါတယ္။ ဒါေၾကာင့္ မန္ခ်က္စတာ
ယူႏိုက္တက္ ေနာက္ခံလူ ဒီေယဂို ဒါလိုက ပြဲအၿပီးမွာ သူ႔ရဲ႕
ကလပ္အသင္းေဖာ္ေဟာင္းကို သြားေရာက္ေျဖသိမ့္ေပးခဲ့တာေတြ႕ရပါတယ္။
ေရာ္နယ္ဒိုရဲ႕ မ်က္ႏွာအေနအထားက အရာအားလုံးကို ေျပာျပေနပါတယ္။
သူက လူစားဝင္ခ်ိန္ ဂိုးမသြင္းႏိုင္႐ုံသာမကပဲ ေပၚတူဂီက သူမပါတဲ့အခါ
ပိုေကာင္းတယ္ဆိုတာပါ ျမင္ေတြ႕သြားခဲ့ပါတယ္။ အသက္( ၃၇ ) ႏွစ္အ႐ြယ္
တိုက္စစ္မႉးအေနနဲ႔ ေမာ္႐ိုကိုနဲ႔ ကစားရမယ့္ ကြာတားဖိုင္နယ္ပြဲစဥ္မွာလည္း
ဆက္လက္အရံခုံထိုင္ရဖို႔ ေသခ်ာသေလာက္ရွိေနပါတယ္။