
ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအစပိုင်းအဖြစ် သြဂုတ်လအတွင်းက
ဘရန့်ဖို့ဒ်နဲ့ကစားခဲ့တဲ့ပွဲမှာ မန်ချက်စတာယူနိုက်တက်
ကစားသမားတစ်ဦးဟာ အပူချိန်မြင့်တက်နေချိန်မှာ ပွဲကစားရလို့
ညီးညူခဲ့တာကြောင့် နည်းပြအဲရစ်တန်ဟက်က အဲဒီကစားသမားကို
အော်ဟစ်ကြိမ်းမောင်းခဲ့ပါတယ်။ ပရီးမီးယားလိဂ်အဖွင့်ပွဲတုန်းက
ဘရိုက်တန်ကို အိမ်ကွင်းမှာ မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့တာကြောင့်
ယူနိုက်တက်အသင်းဟာ ဒုတိယပွဲဖြစ်တဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ
ရလဒ်ကောင်းရယူနိုင်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း
ပထမပိုင်း (၃၅)မိနစ်အတွင်းမှာပဲ ဘရန့်ဖို့ဒ်အသင်းက
(၄-ဝ)ဂိုးပြတ်သွင်းယူခဲ့တာကြောင့် ယူနိုက်တက်တို့
အရှက်တကွဲရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီပွဲကစားချိန်မှာ
အပူချိန်က ၃၂ C အထိရှိတာကြောင့် အမည်မသိရတဲ့
ယူနိုက်တက်ကစားသမားတစ်ဦးဟာ ရာသီဥတု
အရမ်းပူတဲ့အတွက် ဘောလုံးကစားရတာ အဆင်မပြေဘူးဆိုပြီး
ညည်းညူခဲ့ချိန်မှာ အဲရစ်တန်ဟက်တစ်ယောက်
ဒေါသပေါက်ကွဲပြီးတော့ ‘ငါ့ရှေ့မှာ လာ မညည်းနဲ့ကွာ’ဆိုပြီး
ကြိမ်းမောင်းခဲ့တယ်လို့ ဗြိတိန်သတင်းစာ The Times က
ဖော်ပြခဲ့ပါတယ်။ ဘရန့်ဖို့ဒ်နဲ့ပွဲက ယူနိုက်တက်အသင်းအတွက်
ကြီးမားတဲ့အလှည့်အပြောင်းဖြစ်စေခဲ့ပြီး အဲဒီပွဲနောက်ပိုင်း
ယူနိုက်တက်တို့ ပရီးမီးယားလိဂ်နောက်ဆုံး(၁၃)ပွဲမှာ
(၉)ပွဲအထိ အနိုင်ရခဲ့သလို အနိုင်ရတဲ့အထဲမှာ လီဗာပူးလ်၊
အာဆင်နယ်၊ စပါးတို့လို ကြီး(၆)ကြီးစာရင်းဝင် ပြိုင်ဘက်တွေ ပါဝင်ခဲ့ပါတယ်။
zawgyi
ေနပူႀကီးထဲမွာ ပြဲကစားရလို႔ ညီးညဴခဲ့တဲ့ ကစားသမားတစ္ဦးကို ေအာ္ဟစ္ႀကိမ္းေမာင္းခဲ့တဲ့ အဲရစ္တန္ဟက္
ဒီရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲအစပိုင္းအျဖစ္ ၾသဂုတ္လအတြင္းက
ဘရန႔္ဖို႔ဒ္နဲ႔ကစားခဲ့တဲ့ပြဲမွာ မန္ခ်က္စတာယူႏိုက္တက္
ကစားသမားတစ္ဦးဟာ အပူခ်ိန္ျမင့္တက္ေနခ်ိန္မွာ ပြဲကစားရလို႔
ညီးညဴခဲ့တာေၾကာင့္ နည္းျပအဲရစ္တန္ဟက္က အဲဒီကစားသမားကို
ေအာ္ဟစ္ႀကိမ္းေမာင္းခဲ့ပါတယ္။ ပရီးမီးယားလိဂ္အဖြင့္ပြဲတုန္းက
ဘ႐ိုက္တန္ကို အိမ္ကြင္းမွာ မထင္မွတ္ဘဲ ရႈံးနိမ့္ခဲ့တာေၾကာင့္
ယူႏိုက္တက္အသင္းဟာ ဒုတိယပြဲျဖစ္တဲ့ ဘရန႔္ဖို႔ဒ္နဲ႔ပြဲမွာ
ရလဒ္ေကာင္းရယူႏိုင္ဖို႔ ျပင္ဆင္ခဲ့ပါတယ္။ ဒါေပမဲ့လည္း
ပထမပိုင္း (၃၅)မိနစ္အတြင္းမွာပဲ ဘရန႔္ဖို႔ဒ္အသင္းက
(၄-ဝ)ဂိုးျပတ္သြင္းယူခဲ့တာေၾကာင့္ ယူႏိုက္တက္တို႔
အရွက္တကြဲရလဒ္နဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။ အဲဒီပြဲကစားခ်ိန္မွာ
အပူခ်ိန္က ၃၂ C အထိရွိတာေၾကာင့္ အမည္မသိရတဲ့
ယူႏိုက္တက္ကစားသမားတစ္ဦးဟာ ရာသီဥတု
အရမ္းပူတဲ့အတြက္ ေဘာလုံးကစားရတာ အဆင္မေျပဘူးဆိုၿပီး
ညည္းညဴခဲ့ခ်ိန္မွာ အဲရစ္တန္ဟက္တစ္ေယာက္
ေဒါသေပါက္ကြဲၿပီးေတာ့ ‘ငါ့ေရွ႕မွာ လာ မညည္းနဲ႔ကြာ’ဆိုၿပီး
ႀကိမ္းေမာင္းခဲ့တယ္လို႔ ၿဗိတိန္သတင္းစာ The Times က
ေဖာ္ျပခဲ့ပါတယ္။ ဘရန႔္ဖို႔ဒ္နဲ႔ပြဲက ယူႏိုက္တက္အသင္းအတြက္
ႀကီးမားတဲ့အလွည့္အေျပာင္းျဖစ္ေစခဲ့ၿပီး အဲဒီပြဲေနာက္ပိုင္း
ယူႏိုက္တက္တို႔ ပရီးမီးယားလိဂ္ေနာက္ဆုံး(၁၃)ပြဲမွာ
(၉)ပြဲအထိ အႏိုင္ရခဲ့သလို အႏိုင္ရတဲ့အထဲမွာ လီဗာပူးလ္၊
အာဆင္နယ္၊ စပါးတို႔လို ႀကီး(၆)ႀကီးစာရင္းဝင္ ၿပိဳင္ဘက္ေတြ ပါဝင္ခဲ့ပါတယ္။