မန်ချက်စတာ ယူနိုက်တက်အသင်းဟာလည်း ဆန်းတို့စ် ကြယ်ပွင့်
မားကို့စ် လီယိုနာဒိုနဲ့ သတင်းထွက်နေတဲ့ အသင်းတွေထဲ ပါဝင်နေပါတယ်။
ဒီအသတင်းကို အီတလီသတင်းဌာန Calcio Mercato ကနေ စတင်
ဖော်ပြလာတာဖြစ်ပါတယ်။ သူတို့က ယူနိုက်တက်ဟာ ဘရာဇီးလ်
လူငယ်ကြယ်ပွင့်ကို ဆန္ဒရှိနေကြောင်း ရေးသားထားပါတယ်။
ဒါကြောင့် လီယိုနာဒိုက ဘယ်လို ကစားသမားလဲဆိုတာ ဖော်ပြ
ပေးလိုက်ပါတယ်။ ဘရာဇီးလ်ရဲ့ ဘောလုံးရာသီက ယူနိုက်တက်နဲ့
မတူပါဘူး။ ဒါကြောင့် လီယိုနာဒိုက ဒီရာသီ ပြိုင်ပွဲစုံ ပွဲ ( ၅၀ )
ကစားထားပြီး ( ၁၉ ) ဂိုးသွင်းကာ ( ၅ ) ဂိုး ဖန်တီးပေးထားပါတယ်။
အဆိုပါ သတင်းမှာ တော့တင်ဟမ် ၊ အာဆင်နယ် နှင့် နာပိုလီ
အသင်းတွေကလည်း တိုက်စစ်မှူးကို စိတ်ဝင်စားနေကြတယ်လို့
ဖော်ပြထားပါတယ်။ တစ်ဖက်မှာ လီဗာပူးလ်နဲ့လည်း သတင်း
ထွက်နေပြီး ဘရာဇီးလ် ရုပ်သံတင်ဆက်သူ Milton Neves က
ကြယ်ပွင့်တိုက်စစ်မှူးဟာ အန်ဖီးလ်ကို ရောက်တော့မယ်လို့ ဆိုထားပါတယ်။
လီယိုနာဒိုဟာ ဆန်းတို့စ်ကနေ ပေါ်ထွက်လာတာကြောင့်
“ နေမာ လက်သစ်”လို့တောင် နာမည်ကြီးနေပါတယ်။
ယူနိုက်တက်က တိုက်စစ်ပိုင်း အင်အားဖြည့်တင်းဖို့ လိုအပ်နေတာ
သေချာပြီး ဆယ်ကျော်သက်ကစားသမားကို အရဲစွန့်ပြီး ခေါ်ယူမလား
ဆိုတာတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။
zawgyi
နေမာလက်သစ်ကို ကြိုးကြာနီနဲ့အပြိုင် ခေါ်ယူဖို့ ကြိုးပမ်းမယ့် သရဲနီ