M Diary Channel

Local and Sport News

နော်ဝှစ်နဲ့ပွဲစဥ်မှာ ယူနိုက်တက်ကြုံတွေ့ခဲ့တဲ့ အဓိက ပြဿနာတစ်ခု

ရာဖ် ရန်းနစ်ခ်က စနေနေ့ နော်ဝှစ်အသင်းကို ( ၁-၀ ) အနိုင်ရခဲ့တဲ့ ပွဲစဥ်အတွင်း

မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ အသားပေး

ကစားဟန် ( Physicality) မှာ အဓိက လိုအပ်ချက်တွေ ရှိခဲ့တယ်လို့

သုံးသပ်ခဲ့ပါတယ်။ ယူနိုက်တက်က လက်ရှိ ပရီးမီးယားလိဂ်မှာ သုံးပွဲဆက်

အနိုင်ရရှိထားပေမယ့် Carrow Road မှာ ခက်ခက်ခဲခဲ ကစားခဲ့ရပြီး

ဒေးဗစ် ဒီဂီယာရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေကြောင့်သာ clean sheet

ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်က ပွဲစဥ်တစ်လျှောက်

အပိုင်အခွင့်အ‌ေရးတွေ ဖန်တီးနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် ရော်နယ်ဒိုရဲ့

ပင်နယ်တီ သွင်းဂိုးနဲ့အတူ နောက်ထပ် နိုင်ပွဲ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရန်းနစ်ခ်က ပထမပိုင်းအပြီးမှာ သူ့ကစားသမားတွေကို ပိုပြီး

အားထည့်ကစားဖို့ တိုက်တွန်းခဲ့ရကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

ဂျာမာန် နည်းပြက Match of the Day နဲ့‌ တွေ့ဆုံရာမှာ “ ဒါက အတော်လေး

ပြင်းထန်တဲ့ပွဲပါ ။ ရုပ်ပိုင်းဆိုင်ရာ အသားပေးကစားကြတာတွေ့ရပါတယ်။

သူတို့ ကစားတာကောင်းပါတယ်။ အောက်‌ြေခက အသင်းလို့ မထင်ရပါဘူး။

ကျွန်တော်တို့အနေနဲ့ ပထမ ( ၁၅ ) မိနစ်မှာ ပြဿနာအချို့ရှိခဲ့ပါတယ်။”လို့

ဆိုပါတယ်။ “ ပွဲအစမှာ ကတည်းက ထိန်းချုပ်ကစားခဲ့ပေမယ့် အမြဲတမ်း

အကောင်းဆုံးအဖြေ မရခဲ့ပါဘူး ။ ခံစစ်ပိုင်းအရ တည်ြငိမ်မှု ရှိခဲ့တယ်။

ပထမပိုင်းမှာ ဂိုးကန်သွင်းခွင့်အများကြီး ခွင့်မပြုခဲ့ရပါဘူး။”

“ ပထမပိုင်းအပြီးမှာ ကောင်းလေးတွေကို ခပ်သွက်သွက်နဲ့ အားထည့်ကစားဖို့

ပြောခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ ပိုကောင်းလာပေမယ့် ကျွန်တော်တို့

ကံကောင်းလို့ clean sheet ရခဲ့တာပါ။ ဒေးဗစ် ဒီဂီယာက အပိုင်အခွင့်အရေး

( ၂ ) ကြိမ် ( ၃ ) ကြိမ် လောက်ကို ကာကွယ်သွားခဲ့ပါတယ်။”

“ နောက်ထပ် clean sheet ရခဲ့ပေမယ့် ပြုပြင်ဖို့ အများကြီး လိုအပ်ပါသေးတယ်။

ဒုတိယပိုင်းမှာ ကျွန်တော်တို့ ခွင့်ပြုခဲ့ရတဲ့ ထောင့်ကန်ဘောအရေအတွက်နဲ့

ပတ်သက်ပြီး သဘောမကျပါဘူး ။ ဒါပေမယ့် ကျွန်တော်တို့ ( ၃ ) မှတ် ရခဲ့ပါတယ်။”

“ ကျွန်တော်တို့က ထိပ်ဆုံး ( ၁၀ ) သင်းထဲမှာ သွင်းဂိုးအများဆုံး

ခွင့်ပြုခဲ့ရပေမယ့် လက်ရှိမှာတော့ clean sheet ( ၂ ) ပွဲဆက် ရယူ

ထားနိုင်ပါတယ်။ ဒါက ကောင်းမွန်တဲ့အရာဆိုပေမယ့် ကျွန်တော်တို့အနေနဲ့

အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာ အသာပေးကစားတဲ့ အသင်းတွေ ၊

နော်ဝှစ်ချ်လို high lineနဲ့ တိုက်စစ်ဆင်တဲ့အသင်းတွေနဲ့ တွေ့ဆုံတဲ့အခါ

တိုးတက်ဖို့ လိုအပ်ပါသေးတယ်။”

zawgyi

ေနာ္ဝွစ္နဲ႔ပြဲစဥ္မွာ ယူႏိုက္တက္ႀကဳံေတြ႕ခဲ့တဲ့ အဓိက ျပႆနာတစ္ခု

ရာဖ္ ရန္းနစ္ခ္က စေနေန႔ ေနာ္ဝွစ္အသင္းကို ( ၁-၀ ) အႏိုင္ရခဲ့တဲ့ ပြဲစဥ္အတြင္း

မန္ခ်က္စတာ ယူႏိုက္တက္ ကစားသမားေတြရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ အသားေပး

ကစားဟန္ ( Physicality) မွာ အဓိက လိုအပ္ခ်က္ေတြ ရွိခဲ့တယ္လို႔

သုံးသပ္ခဲ့ပါတယ္။ ယူႏိုက္တက္က လက္ရွိ ပရီးမီးယားလိဂ္မွာ သုံးပြဲဆက္

အႏိုင္ရရွိထားေပမယ့္ Carrow Road မွာ ခက္ခက္ခဲခဲ ကစားခဲ့ရၿပီး

ေဒးဗစ္ ဒီဂီယာရဲ႕ လက္စြမ္းျပ ကာကြယ္မႈေတြေၾကာင့္သာ clean sheet

ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ယူႏိုက္တက္က ပြဲစဥ္တစ္ေလွ်ာက္

အပိုင္အခြင့္အ‌ေရးေတြ ဖန္တီးႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရေပမယ့္ ေရာ္နယ္ဒိုရဲ႕

ပင္နယ္တီ သြင္းဂိုးနဲ႔အတူ ေနာက္ထပ္ ႏိုင္ပြဲ ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ရန္းနစ္ခ္က ပထမပိုင္းအၿပီးမွာ သူ႔ကစားသမားေတြကို ပိုၿပီး

အားထည့္ကစားဖို႔ တိုက္တြန္းခဲ့ရေၾကာင္း ဝန္ခံေျပာၾကားခဲ့ပါတယ္။

ဂ်ာမာန္ နည္းျပက Match of the Day နဲ႔‌ ေတြ႕ဆုံရာမွာ “ ဒါက အေတာ္ေလး

ျပင္းထန္တဲ့ပြဲပါ ။ ႐ုပ္ပိုင္းဆိုင္ရာ အသားေပးကစားၾကတာေတြ႕ရပါတယ္။

သူတို႔ ကစားတာေကာင္းပါတယ္။ ေအာက္‌ျေခက အသင္းလို႔ မထင္ရပါဘူး။

ကြၽန္ေတာ္တို႔အေနနဲ႔ ပထမ ( ၁၅ ) မိနစ္မွာ ျပႆနာအခ်ိဳ႕ရွိခဲ့ပါတယ္။”လို႔

ဆိုပါတယ္။ “ ပြဲအစမွာ ကတည္းက ထိန္းခ်ဳပ္ကစားခဲ့ေပမယ့္ အၿမဲတမ္း

အေကာင္းဆုံးအေျဖ မရခဲ့ပါဘူး ။ ခံစစ္ပိုင္းအရ တည္ၿငိမ္မႈ ရွိခဲ့တယ္။

ပထမပိုင္းမွာ ဂိုးကန္သြင္းခြင့္အမ်ားႀကီး ခြင့္မျပဳခဲ့ရပါဘူး။”

“ ပထမပိုင္းအၿပီးမွာ ေကာင္းေလးေတြကို ခပ္သြက္သြက္နဲ႔ အားထည့္ကစားဖို႔

ေျပာခဲ့ရပါတယ္။ ဒုတိယပိုင္းမွာ ပိုေကာင္းလာေပမယ့္ ကြၽန္ေတာ္တို႔

ကံေကာင္းလို႔ clean sheet ရခဲ့တာပါ ။ ေဒးဗစ္ ဒီဂီယာက အပိုင္အခြင့္အေရး

( ၂ ) ႀကိမ္ ( ၃ ) ႀကိမ္ ေလာက္ကို ကာကြယ္သြားခဲ့ပါတယ္။”

“ ေနာက္ထပ္ clean sheet ရခဲ့ေပမယ့္ ျပဳျပင္ဖို႔ အမ်ားႀကီး လိုအပ္ပါေသးတယ္။

ဒုတိယပိုင္းမွာ ကြၽန္ေတာ္တို႔ ခြင့္ျပဳခဲ့ရတဲ့ ေထာင့္ကန္ေဘာအေရအတြက္နဲ႔

ပတ္သက္ၿပီး သေဘာမက်ပါဘူး ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ( ၃ ) မွတ္ ရခဲ့ပါတယ္။”

“ ကြၽန္ေတာ္တို႔က ထိပ္ဆုံး ( ၁၀ ) သင္းထဲမွာ သြင္းဂိုးအမ်ားဆုံး

ခြင့္ျပဳခဲ့ရေပမယ့္ လက္ရွိမွာေတာ့ clean sheet ( ၂ ) ပြဲဆက္ ရယူ

ထားႏိုင္ပါတယ္။ ဒါက ေကာင္းမြန္တဲ့အရာဆိုေပမယ့္ ကြၽန္ေတာ္တို႔အေနနဲ႔

အထူးသျဖင့္ ႐ုပ္ပိုင္းဆိုင္ရာ အသာေပးကစားတဲ့ အသင္းေတြ ၊

ေနာ္ဝွစ္ခ်္လို high lineနဲ႔ တိုက္စစ္ဆင္တဲ့အသင္းေတြနဲ႔ ေတြ႕ဆုံတဲ့အခါ

တိုးတက္ဖို႔ လိုအပ္ပါေသးတယ္။”mdiarymm

mdiarymm