M Diary Channel

Local and Sport News

နှစ်ပေါင်း(၁၀၀)ကျော်က မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့တဲ့ ရန်နစ်ခ်

မန်ချက်စတာယူနိုက်တက်ယာယီနည်းပြရန်နစ်ခ်ဟာ နောဝစ်ချ်အသင်းကို

(၁-၀)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပရီးမီးယားလိဂ်ပွဲအပြီးမှာ လွန်ခဲ့တဲ့နှစ်ပေါင်း(၁၀၀)ကျော်က

မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ရန်နစ်ခ်ဟာ ပြီးခဲ့တဲ့

တစ်ပတ်က ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ယူနိုက်တက်ယာယီနည်းပြအဖြစ်

စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး (၁-၀)ဂိုးနဲ့အနိုင်ရခဲ့သလို အခု နောဝစ်ချ်နဲ့

ပွဲမှာလည်း (၁-၀)ဂိုးနဲ့အနိုင်ရခဲ့တာကြောင့် ၁၉၀၃ ခုနှစ်က နည်းပြဟောင်း

အာနက်စ်မန်နဲလ်နောက်ပိုင်း နှစ်ပေါင်း(၁၁၈)နှစ်အတွင်း ယူနိုက်တက်

နည်းပြဘဝအစ လိဂ်ပွဲ(၂)ပွဲဆက် Clean Sheet ရယူခဲ့တဲ့ ဒုတိယမြောက်

နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ

မန်စီးတီး၊ ဝက်ဖို့ဒ်၊ ချယ်လ်ဆီးတို့နဲ့ပွဲတွေမှာ နိုင်ပွဲပျောက်ခဲ့ပေမယ့်

အာဆင်နယ်နဲ့ပွဲကစလို့ ရလဒ်ကောင်းတွေဆက်တိုက်ရယူနေပြီး

(၃)ပွဲဆက်တိုက်အနိုင်ရခဲ့တာကြောင့် အခုလောလောဆယ် အဆင့်(၅)နေရာကို

တက်လှမ်းနိုင်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ လာမယ့်အင်္ဂါနေ့ကျရင်

ဘရန့်ဖို့ဒ်အသင်းနဲ့အဝေးကွင်းပွဲကစားရမှာဖြစ်ပြီး အိမ်ကွင်းခြေစွမ်းမာတဲ့

ဘရန့်ဖို့ဒ်ကို ခက်ခက်ခဲခဲကစားရမှာ အသေအချာပဲဖြစ်ပါတယ်။

zawgyi

ႏွစ္ေပါင္း(၁၀၀)ေက်ာ္က မွတ္တမ္းေကာင္းတစ္ခုကို ပိုင္ဆိုင္ခဲ့တဲ့ ရန္နစ္ခ္

မန္ခ်က္စတာယူႏိုက္တက္ယာယီနည္းျပရန္နစ္ခ္ဟာ ေနာဝစ္ခ်္အသင္းကို

(၁-၀)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပရီးမီးယားလိဂ္ပြဲအၿပီးမွာ လြန္ခဲ့တဲ့ႏွစ္ေပါင္း(၁၀၀)ေက်ာ္က

မွတ္တမ္းေကာင္းတစ္ခုကို ပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။ ရန္နစ္ခ္ဟာ ၿပီးခဲ့တဲ့

တစ္ပတ္က ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲမွာ ယူႏိုက္တက္ယာယီနည္းျပအျဖစ္

စတင္တာဝန္ထမ္းေဆာင္ခဲ့ၿပီး (၁-၀)ဂိုးနဲ႔အႏိုင္ရခဲ့သလို အခု ေနာဝစ္ခ်္နဲ႔

ပြဲမွာလည္း (၁-၀)ဂိုးနဲ႔အႏိုင္ရခဲ့တာေၾကာင့္ ၁၉၀၃ ခုႏွစ္က နည္းျပေဟာင္း

အာနက္စ္မန္နဲလ္ေနာက္ပိုင္း ႏွစ္ေပါင္း(၁၁၈)ႏွစ္အတြင္း ယူႏိုက္တက္

နည္းျပဘဝအစ လိဂ္ပြဲ(၂)ပြဲဆက္ Clean Sheet ရယူခဲ့တဲ့ ဒုတိယေျမာက္

နည္းျပအျဖစ္ မွတ္တမ္းဝင္ခဲ့ၿပီျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ

မန္စီးတီး၊ ဝက္ဖို႔ဒ္၊ ခ်ယ္လ္ဆီးတို႔နဲ႔ပြဲေတြမွာ ႏိုင္ပြဲေပ်ာက္ခဲ့ေပမယ့္

အာဆင္နယ္နဲ႔ပြဲကစလို႔ ရလဒ္ေကာင္းေတြဆက္တိုက္ရယူေနၿပီး

(၃)ပြဲဆက္တိုက္အႏိုင္ရခဲ့တာေၾကာင့္ အခုေလာေလာဆယ္ အဆင့္(၅)ေနရာကို

တက္လွမ္းႏိုင္ခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ လာမယ့္အဂၤါေန႔က်ရင္

ဘရန႔္ဖို႔ဒ္အသင္းနဲ႔အေဝးကြင္းပြဲကစားရမွာျဖစ္ၿပီး အိမ္ကြင္းေျခစြမ္းမာတဲ့

ဘရန႔္ဖို႔ဒ္ကို ခက္ခက္ခဲခဲကစားရမွာ အေသအခ်ာပဲျဖစ္ပါတယ္။mdiarymm

mdiarymm