M Diary Channel

Local and Sport News

ပစ်မှတ်ဟောင်းကို ခေါ်ယူဖို့ ပြန်လည်စိတ်ဝင်စားနေတဲ့ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ တစ်ချိန်က သူတို့ရဲ့

ပစ်မှတ်ဖြစ်ခဲ့ဖူးတဲ့ လာဇီယိုကွင်းလယ်လူမီလင်ကိုဗစ်ဆာဗစ်ကို

ခေါ်ယူနိုင်ဖို့အတွက် ပြန်လည်ကြိုးပမ်းသွားဖို့ရှိနေပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဆာဗစ်ကို စိတ်ဝင်စား

ခဲ့ဖူးပေမယ့် အပြောင်းအရွှေ့ကဖြစ်မလာခဲ့ဘဲ အခုအချိန်မှာတော့

ကွင်းလယ်လူပေ့ါဘာက ဒဏ်ရာကြောင့်ကာလရှည်အနားယူရမှာဖြစ်သလို

အသင်းနဲ့လမ်းခွဲဖို့နီးစပ်နေတာကြောင့် မီလင်ကိုဗစ်ဆာဗစ်ကို ပြန်လည်

ကြိုးပမ်းဖို့ပြင်ဆင်နေတာပါ။ ဒါပေမဲ့လည်း ဆာဗစ်ကို ယူနိုက်တက်အပြင်

လီဗာပူးလ်၊ ရီးယဲလ်၊ PSG တို့ကလည်းစိတ်ဝင်စားနေတဲ့အတွက်

ဒီအသင်းတွေနဲ့အပြိုင်ကြိုးပမ်းရဖို့ရှိနေပါပြီ။ ဆာဗစ်ရဲ့အေးဂျင့်ဖြစ်သူ

ချယ်လ်ဆီးနာမည်ကျော်တိုက်စစ်မှူးဟောင်းကက်ဇ်မန်းက သူ့ကစားသမားဟာ

စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်လိုနေတယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ကက်ဇ်မန်းက “မီလင်ကိုဗစ်ဆာဗစ်ဟာ လာဇီယိုအသင်းမှာ အကောင်းဆုံး

ကစားနေတာဖြစ်ပါတယ်။ မကြာခင်ကာလအတွင်း သူ့အတွက်

အိပ်မက်အသစ်တွေ၊ စိန်ခေါ်မှုအသစ်တွေနဲ့ရင်ဆိုင်ရမယ့်အချိန်ကို

ရောက်လာတော့မှာဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

၂၀၁၇ ခုနှစ်တုန်းက KRC ဂျန့်ကနေ လာဇီယိုကိုပြောင်းရွှေ့ခဲ့သူ

ဆာဗစ်ဟာ လက်ရှိအချိန်အထိ ပွဲပေါင်း(၂၆၂)ပွဲကစား၊ ဂိုး(၅၀)သွင်းယူထားပါတယ်။

zawgyi

ပစ္မွတ္ေဟာင္းကို ေခၚယူဖို႔ ျပန္လည္စိတ္ဝင္စားေနတဲ့ယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ တစ္ခ်ိန္က သူတို႔ရဲ႕

ပစ္မွတ္ျဖစ္ခဲ့ဖူးတဲ့ လာဇီယိုကြင္းလယ္လူမီလင္ကိုဗစ္ဆာဗစ္ကို

ေခၚယူႏိုင္ဖို႔အတြက္ ျပန္လည္ႀကိဳးပမ္းသြားဖို႔ရွိေနပါတယ္။

ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ဆာဗစ္ကို စိတ္ဝင္စား

ခဲ့ဖူးေပမယ့္ အေျပာင္းအေ႐ႊ႕ကျဖစ္မလာခဲ့ဘဲ အခုအခ်ိန္မွာေတာ့

ကြင္းလယ္လူေပ့ါဘာက ဒဏ္ရာေၾကာင့္ကာလရွည္အနားယူရမွာျဖစ္သလို

အသင္းနဲ႔လမ္းခြဲဖို႔နီးစပ္ေနတာေၾကာင့္ မီလင္ကိုဗစ္ဆာဗစ္ကို ျပန္လည္

ႀကိဳးပမ္းဖို႔ျပင္ဆင္ေနတာပါ။ ဒါေပမဲ့လည္း ဆာဗစ္ကို ယူႏိုက္တက္အျပင္

လီဗာပူးလ္၊ ရီးယဲလ္၊ PSG တို႔ကလည္းစိတ္ဝင္စားေနတဲ့အတြက္

ဒီအသင္းေတြနဲ႔အၿပိဳင္ႀကိဳးပမ္းရဖို႔ရွိေနပါၿပီ။ ဆာဗစ္ရဲ႕ေအးဂ်င့္ျဖစ္သူ

ခ်ယ္လ္ဆီးနာမည္ေက်ာ္တိုက္စစ္မႉးေဟာင္းကက္ဇ္မန္းက သူ႔ကစားသမားဟာ

စိန္ေခၚမႈအသစ္ေတြကို ရင္ဆိုင္လိုေနတယ္လို႔ ဖြင့္ဟေျပာဆိုခဲ့ပါတယ္။

ကက္ဇ္မန္းက “မီလင္ကိုဗစ္ဆာဗစ္ဟာ လာဇီယိုအသင္းမွာ အေကာင္းဆုံး

ကစားေနတာျဖစ္ပါတယ္။ မၾကာခင္ကာလအတြင္း သူ႔အတြက္

အိပ္မက္အသစ္ေတြ၊ စိန္ေခၚမႈအသစ္ေတြနဲ႔ရင္ဆိုင္ရမယ့္အခ်ိန္ကို

ေရာက္လာေတာ့မွာျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

၂၀၁၇ ခုႏွစ္တုန္းက KRC ဂ်န႔္ကေန လာဇီယိုကိုေျပာင္းေ႐ႊ႕ခဲ့သူ

ဆာဗစ္ဟာ လက္ရွိအခ်ိန္အထိ ပြဲေပါင္း(၂၆၂)ပြဲကစား၊ ဂိုး(၅၀)သြင္းယူထားပါတယ္။mdiarymm

mdiarymm