
ရီးရဲလ်တိုက်စစ်မှုးဗီနီစီးယက်စ်ဟာ လီဗန်တေးကို ဂိုးဒါဇင်ဝက်နဲ့
အနိုင်ရခဲ့တဲ့ ကြာသပတေးညလာလီဂါပွဲစဉ်မှာ သူ့ကစားသမားဘဝရဲ့
ပထမဆုံးဟက်ထရစ်ကို ရရှိသွားခဲ့ပါတယ်။
အဲဒီပွဲမှာ ဗီနီစီးယက်စ်ဟာ ရီးရဲလ်ရခဲ့တဲ့ နောက်ဆုံး ၃ ဂိုးစလုံးကို
သွင်းယူနိုင်ခဲ့တာပါ။ ပထမပိုင်းပြီးခါနီးမှာ တစ်ဂိုး၊ ဒုတိယပိုင်း ၆၈ မိနစ်နဲ့
၈၃ မိနစ်တို့မှာ နောက်ထပ်နှစ်ဂိုး သွင်းခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ဟက်ထရစ်ဂိုးရပြီးချိန်မှာ အဲဒီဘရာဇီးသားဟာ စီရော်နယ်ဒိုရဲ့
နာမည်ကြီးအောင်ပွဲခံပုံစံဖြစ်တဲ့ Siu အတိုင်း အောင်ပွဲခံခဲ့ပါတယ်။
သူဟာ ရီးရဲလ်အတွက် ပြိုင်ပွဲအရပ်ရပ် ၁၆၈ ပွဲကစားပြီးချိန်မှာ
ပထမဆုံးဟက်ထရစ်လည်း ယူနိုင်ခဲ့တာပါ။ ဒါ့အပြင် ဗီနီစီးယက်စ်ဟာ
၂၀၀၈ နောက်ပိုင်း လာလီဂါမှာ ဟက်ထရစ်သွင်းနိုင်တဲ့အသက်အငယ်ဆုံး
ရီးရဲလ်ကစားသမားဖြစ်လာပါတယ်။ နောက်ပြီး သူဟာ ဒီရာသီရီးရဲလ်အတွက်
၂၁ ဂိုးသွင်း၊ ဂိုး ၂၀ ဖန်တီးပေးနိုင်ခဲ့တာပါ။ အဲဒါဟာ အခုရာသီဥရောပမှာ
ယူ-၂၁ ကစားသမားတွေထဲ ဂိုးပါဝင်ပတ်သက်မှုအများဆုံးဖြစ်ပါတယ်။
၂၁ နှစ်သာရှိသေးတဲ့ ဗီနီစီးယက်စ်ဟာ ပြီးခဲ့တဲ့သြဂုတ်လကမှ ရီးရဲလ်နဲ့
၂၀၂၇ အထိ စာချုပ်သက်တမ်းတိုးထားတာပါ။
zawgyi
ပထမဆုံး ဟက္ထရစ္ကုိ ဒုိေလးရဲ႕ နာမည္ႀကီး Siuuu ပုံစံအတုိင္းေအာင္ပြဲခံခဲ့တဲ့ ဗီနီစီးယက္စ္
ရီးရဲလ္တိုက္စစ္မႈးဗီနီစီးယက္စ္ဟာ လီဗန္ေတးကို ဂိုးဒါဇင္ဝက္နဲ႔
အႏိုင္ရခဲ့တဲ့ ၾကာသပေတးညလာလီဂါပြဲစဥ္မွာ သူ႔ကစားသမားဘဝရဲ႕
ပထမဆုံးဟက္ထရစ္ကို ရရွိသြားခဲ့ပါတယ္။
အဲဒီပြဲမွာ ဗီနီစီးယက္စ္ဟာ ရီးရဲလ္ရခဲ့တဲ့ ေနာက္ဆုံး ၃ ဂိုးစလုံးကို
သြင္းယူႏိုင္ခဲ့တာပါ။ ပထမပိုင္းၿပီးခါနီးမွာ တစ္ဂိုး၊ ဒုတိယပိုင္း ၆၈ မိနစ္နဲ႔
၈၃ မိနစ္တို႔မွာ ေနာက္ထပ္ႏွစ္ဂိုး သြင္းခဲ့တာ ျဖစ္ပါတယ္။
သူ႔ရဲ႕ဟက္ထရစ္ဂိုးရၿပီးခ်ိန္မွာ အဲဒီဘရာဇီးသားဟာ စီေရာ္နယ္ဒိုရဲ႕
နာမည္ႀကီးေအာင္ပြဲခံပုံစံျဖစ္တဲ့ Siu အတိုင္း ေအာင္ပြဲခံခဲ့ပါတယ္။
သူဟာ ရီးရဲလ္အတြက္ ၿပိဳင္ပြဲအရပ္ရပ္ ၁၆၈ ပြဲကစားၿပီးခ်ိန္မွာ
ပထမဆုံးဟက္ထရစ္လည္း ယူႏိုင္ခဲ့တာပါ။ ဒါ့အျပင္ ဗီနီစီးယက္စ္ဟာ
၂၀၀၈ ေနာက္ပိုင္း လာလီဂါမွာ ဟက္ထရစ္သြင္းႏိုင္တဲ့အသက္အငယ္ဆုံး
ရီးရဲလ္ကစားသမားျဖစ္လာပါတယ္။ ေနာက္ၿပီး သူဟာ ဒီရာသီရီးရဲလ္အတြက္
၂၁ ဂိုးသြင္း၊ ဂိုး ၂၀ ဖန္တီးေပးႏိုင္ခဲ့တာပါ။ အဲဒါဟာ အခုရာသီဥေရာပမွာ
ယူ-၂၁ ကစားသမားေတြထဲ ဂိုးပါဝင္ပတ္သက္မႈအမ်ားဆုံးျဖစ္ပါတယ္။
၂၁ ႏွစ္သာရွိေသးတဲ့ ဗီနီစီးယက္စ္ဟာ ၿပီးခဲ့တဲ့ၾသဂုတ္လကမွ ရီးရဲလ္နဲ႔
၂၀၂၇ အထိ စာခ်ဳပ္သက္တမ္းတိုးထားတာပါ။