M Diary Channel

Local and Sport News

ပရီးမီးယားလိဂ်ချန်ပီယံဆုပြေးလမ်းကြောင်းပေါ်မှာ သရဲနီတွေ ဆက်ရှိနေဆဲ . . .

မန်ချက်စတာယူနိုက်တက်ဝါရင့်ကွင်းလယ်လူမာတစ်က လက်စတာနဲ့ပွဲအပြီးမှာ

ကစားသမားတွေအနေနဲ့ အခုထက်ပိုစုစည်းညီညွတ်မှုရှိဖို့ တိုက်တွန်းခဲ့ပြီး

သူတို့အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ပြေးလမ်းကြောင်းပေါ်မှာ

ဆက်ရှိနေဆဲဖြစ်တယ်လို့ဆိုခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ လက်စတာနဲ့ပွဲမှာ

(၄-၂)ဂိုးနဲ့အရေးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ်အဝေးကွင်းရှုံးပွဲမရှိစံချိန်မှတ်တမ်းက

(၂၉)ပွဲမှာရပ်တန့်သွားပြီဖြစ်သလို ပရီးမီးယားလိဂ်မှာ ဗီလာ၊ အဲဗာတန်၊

လက်စတာတို့ကို အနိုင်မရခဲ့ဘဲ (၃)ပွဲဆက်နိုင်ပွဲပျောက်ခဲ့ပါတယ်။ အခုလောလောဆယ်

ယူနိုက်တက်အသင်းဟာ ထိပ်ဆုံးက ချယ်လ်ဆီးအသင်းနဲ့(၅)မှတ်ကွာဟနေပြီး

အဆင့်(၆)နေရာမှာသာရပ်တည်နေရပေမယ့် မာတစ်ကတော့ ယူနိုက်တက်အသင်း

ချန်ပီယံပြေးလမ်းကြောင်းပေါ်မှာရှိနေဆဲဖြစ်တယ်လို့ ဆိုခဲ့တာပါ။

မာတစ်က “ယူနိုက်တက်လိုအသင်းမျိုးမှာကစားပြီး နိုင်ပွဲမရခဲ့ရင် တကယ်

စိတ်ပျက်ဖို့ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေဟာ ရှုံးပွဲအတွက်

ဝမ်းနည်းနေလို့မရဘဲ စုစုစည်းစည်းရှိနေဖို့လိုအပ်ပါတယ်။ လက်စတာနဲ့ပွဲမှာ

ဘာတွေလိုအပ်ချက်ရှိခဲ့လဲဆိုတာ အမြန်ဆုံးသုံးသပ်ပြီးတော့ နောက်ပွဲအတွက်

ပြင်ဆင်မှုတွေလုပ်ရမှာပါ။ လာမယ့်ရက်ပိုင်းအတွင်းမှာ အတ္တလန်တာနဲ့

ချန်ပီယံလိဂ်ကစားဖို့ရှိနေပါသေးတယ်။ လက်စတာနဲ့ပွဲမှာ ရှုံးနိမ့်ခဲ့လို့

အဝေးကွင်းအထိ လာရောက်အားပေးတဲ့ ပရိသတ်တွေကို တောင်းပန်စကား

ပြောလိုပါတယ်”လို့ဆိုခဲ့ပါတယ်။

zawgyi

ပြောလိုပါတယ်”လို့ဆိုခဲ့ပါတယ်။mdiarymm

mdiarymm