ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုကို ဒီဘရိုင်းနားနဲ့အပြိုင်လုရမယ့် ရပ်ရှ်ဖို့ဒ်

မန်ချက်စတာယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြဂိုးတွေသွင်းယူခဲ့တဲ့

တိုက်စစ်ကစားသမားရပ်ရှ်ဖို့ဒ်ဟာ စက်တင်ဘာလရဲ့ ပရီးမီးယားလိဂ်

တစ်လတာအကောင်းဆုံးကစားသမားဆု ဆန်ခါတင်စာရင်းမှာ

ရွေးချယ်ခံခဲ့ရပါတယ်။ နည်းပြအဲရစ်တန်ဟက်ဟာ ရပ်ရှ်ဖို့ဒ်ကို

No 9 Role အဖြစ် ပြောင်းလဲအသုံးပြုပြီးနောက်ပိုင်း ရပ်ရှ်ဖို့ဒ်တစ်ယောက်

ခြေစွမ်းပြကစားခဲ့ပြီး အခုလအတွင်းကစားခဲ့တဲ့ လက်စတာ၊

အာဆင်နယ်တို့ပွဲမှာ အသင်းအနိုင်ရအောင် ကူညီပေးခဲ့သလို

ပရီးမီးယားလိဂ်နောက်ဆုံး(၄)ပွဲမှာ (၃)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၂)ကြိမ်

ပြုလုပ်ခဲ့ပါတယ်။ အဲဒါကြောင့် စက်တင်ဘာလရဲ့ အကောင်းဆုံး

ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ ဒီဘရိုင်းနား၊

ဂျေကော့ဘ်ရမ်ဆေး၊ အီဝိုဘီ၊ ဟွိုင်ဘီယက်တို့နဲ့အတူ ရပ်ရှ်ဖို့ဒ်လည်း

ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ အခုလောလောဆယ်မှာတော့

ရပ်ရှ်ဖို့ဒ်ဟာ အာဆင်နယ်နဲ့ကစားခဲ့တဲ့ပွဲတုန်းက ရရှိခဲ့တဲ့ ကြွက်သား

ဒဏ်ရာကြောင့် အနားယူနေရပြီး နိုင်ငံတကာပွဲကစားမယ့် အင်္ဂလန်

အသင်းလူစာရင်းမှာ မပါဝင်ခဲ့ပါဘူး။ ဒါပေမဲ့လည်း ရပ်ရှ်ဖို့ဒ်ရဲ့

ဒဏ်ရာက အရမ်းကြီးမပြင်းထန်တာကြောင့် နိုင်ငံတကာပွဲတွေအပြီး

ပြန်ကစားမယ့် မန်စီးတီးနဲ့ မန်ချက်စတာဒါဘီပွဲကျရင်

ယူနိုက်တက်အတွက် ပါဝင်ကစားနိုင်ဖို့ရှိနေပါတယ်။

zawgyi

ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးဆုကို ဒီဘ႐ိုင္းနားနဲ႔အၿပိဳင္လုရမယ့္ ရပ္ရွ္ဖို႔ဒ္

မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ေျခစြမ္းျပဂိုးေတြသြင္းယူခဲ့တဲ့

တိုက္စစ္ကစားသမားရပ္ရွ္ဖို႔ဒ္ဟာ စက္တင္ဘာလရဲ႕ ပရီးမီးယားလိဂ္

တစ္လတာအေကာင္းဆုံးကစားသမားဆု ဆန္ခါတင္စာရင္းမွာ

ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။ နည္းျပအဲရစ္တန္ဟက္ဟာ ရပ္ရွ္ဖို႔ဒ္ကို

No 9 Role အျဖစ္ ေျပာင္းလဲအသုံးျပဳၿပီးေနာက္ပိုင္း ရပ္ရွ္ဖို႔ဒ္တစ္ေယာက္

ေျခစြမ္းျပကစားခဲ့ၿပီး အခုလအတြင္းကစားခဲ့တဲ့ လက္စတာ၊

အာဆင္နယ္တို႔ပြဲမွာ အသင္းအႏိုင္ရေအာင္ ကူညီေပးခဲ့သလို

ပရီးမီးယားလိဂ္ေနာက္ဆုံး(၄)ပြဲမွာ (၃)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၂)ႀကိမ္

ျပဳလုပ္ခဲ့ပါတယ္။ အဲဒါေၾကာင့္ စက္တင္ဘာလရဲ႕ အေကာင္းဆုံး

ကစားသမားဆုအတြက္ ဆန္ခါတင္စာရင္းမွာ ဒီဘ႐ိုင္းနား၊

ေဂ်ေကာ့ဘ္ရမ္ေဆး၊ အီဝိုဘီ၊ ဟြိဳင္ဘီယက္တို႔နဲ႔အတူ ရပ္ရွ္ဖို႔ဒ္လည္း

ေ႐ြးခ်ယ္ခံခဲ့ရတာျဖစ္ပါတယ္။ အခုေလာေလာဆယ္မွာေတာ့

ရပ္ရွ္ဖို႔ဒ္ဟာ အာဆင္နယ္နဲ႔ကစားခဲ့တဲ့ပြဲတုန္းက ရရွိခဲ့တဲ့ ႂကြက္သား

ဒဏ္ရာေၾကာင့္ အနားယူေနရၿပီး ႏိုင္ငံတကာပြဲကစားမယ့္ အဂၤလန္

အသင္းလူစာရင္းမွာ မပါဝင္ခဲ့ပါဘူး။ ဒါေပမဲ့လည္း ရပ္ရွ္ဖို႔ဒ္ရဲ႕

ဒဏ္ရာက အရမ္းႀကီးမျပင္းထန္တာေၾကာင့္ ႏိုင္ငံတကာပြဲေတြအၿပီး

ျပန္ကစားမယ့္ မန္စီးတီးနဲ႔ မန္ခ်က္စတာဒါဘီပြဲက်ရင္

ယူႏိုက္တက္အတြက္ ပါဝင္ကစားႏိုင္ဖို႔ရွိေနပါတယ္။