ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆု ဆွတ်ခူးနိုင်ဖို့ အခြေအနေကောင်းနေတဲ့ အဲရစ်တန်ဟက်

စက်တင်ဘာလရဲ့ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံး

နည်းပြဆုအတွက် ဆန်ခါတင်(၃)ဦးစာရင်းကို ပရီးမီးယားလိဂ်က

ထုတ်ပြန်ခဲ့ပြီး အဲရစ်တန်ဟက်နဲ့အတူ ဘုန်းမောက်ယာယီနည်းပြ

ဂယ်ရီအိုနေးလ်၊ စပါးအသင်းနည်းပြကွန်တီတို့ ပါဝင်ခဲ့ကြပါတယ်။

အခု စက်တင်ဘာလအတွင်း အဲလိဇဘတ် II ဘုရင်မကြီးရဲ့ ဈာပနာကြောင့်

ယူနိုက်တက်ကစားမယ့် ပရီးမီးယားလိဂ်ပွဲတွေဖြစ်တဲ့ ပဲလေ့စ်၊

လိဒ်စ်တို့နဲ့ပွဲတွေကို ရက်ရွှေ့ခဲ့တဲ့အတွက် ယူနိုက်တက်အသင်း

ပရီးမီးယားလိဂ်(၂)ပွဲသာကစားခဲ့ရပေမယ့် လက်စတာ၊

အာဆင်နယ်တို့ကို အနိုင်ယူခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ

ပြီးခဲ့တဲ့သြဂုတ်လအတွင်း ဘရန့်ဖို့ဒ်ကို(၄-ဝ)ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း

ပရီးမီးယားလိဂ်မှာ(၄)ပွဲဆက်တိုက်အနိုင်ရခဲ့တာဖြစ်ပါတယ်။

တကယ်လို့ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးနည်းပြဆုကို

အဲရစ်တန်ဟက် ရရှိမယ်ဆိုရင် ၂၀၁၉၊ ဇန်နဝါရီလတုန်းက

ဆိုးလ်ရှား နောက်ပိုင်း အကောင်းဆုံးဆုရရှိတဲ့ ပထမဆုံး

ယူနိုက်တက်နည်းပြဖြစ်လာမှာပါ။ စက်တင်ဘာလရဲ့အကောင်းဆုံး

နည်းပြဆုအတွက် အဲရစ်တန်ဟက်ရဲ့ အဓိကပြိုင်ဘက်ဖြစ်လာမှာက

ကွန်တီဖြစ်ပြီး စပါးအသင်းဟာ အခုလအတွင်းကစားခဲ့တဲ့ ပရီးမီးယားလိဂ်

(၂)ပွဲမှာ ဖူလ်ဟမ်ကို (၂-၁)ဂိုး၊ လက်စတာကို (၆-၂)ဂိုးနဲ့အနိုင်ရခဲ့သလို

(၇)ပွဲကစားပြီးချိန်မှာ မန်စီးတီးနဲ့အတူ လုံးဝရှုံးပွဲမရှိသေးပါဘူး။

zawgyi

ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးဆု ဆြတ္ခူးႏိုင္ဖို႔ အေျခအေနေကာင္းေနတဲ့ အဲရစ္တန္ဟက္

စက္တင္ဘာလရဲ႕ ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံး

နည္းျပဆုအတြက္ ဆန္ခါတင္(၃)ဦးစာရင္းကို ပရီးမီးယားလိဂ္က

ထုတ္ျပန္ခဲ့ၿပီး အဲရစ္တန္ဟက္နဲ႔အတူ ဘုန္းေမာက္ယာယီနည္းျပ

ဂယ္ရီအိုေနးလ္၊ စပါးအသင္းနည္းျပကြန္တီတို႔ ပါဝင္ခဲ့ၾကပါတယ္။

အခု စက္တင္ဘာလအတြင္း အဲလိဇဘတ္ II ဘုရင္မႀကီးရဲ႕ ဈာပနာေၾကာင့္

ယူႏိုက္တက္ကစားမယ့္ ပရီးမီးယားလိဂ္ပြဲေတြျဖစ္တဲ့ ပဲေလ့စ္၊

လိဒ္စ္တို႔နဲ႔ပြဲေတြကို ရက္ေ႐ႊ႕ခဲ့တဲ့အတြက္ ယူႏိုက္တက္အသင္း

ပရီးမီးယားလိဂ္(၂)ပြဲသာကစားခဲ့ရေပမယ့္ လက္စတာ၊

အာဆင္နယ္တို႔ကို အႏိုင္ယူခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ

ၿပီးခဲ့တဲ့ၾသဂုတ္လအတြင္း ဘရန႔္ဖို႔ဒ္ကို(၄-ဝ)ဂိုးျပတ္နဲ႔ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း

ပရီးမီးယားလိဂ္မွာ(၄)ပြဲဆက္တိုက္အႏိုင္ရခဲ့တာျဖစ္ပါတယ္။

တကယ္လို႔ ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးနည္းျပဆုကို

အဲရစ္တန္ဟက္ ရရွိမယ္ဆိုရင္ ၂၀၁၉၊ ဇန္နဝါရီလတုန္းက

ဆိုးလ္ရွား ေနာက္ပိုင္း အေကာင္းဆုံးဆုရရွိတဲ့ ပထမဆုံး

ယူႏိုက္တက္နည္းျပျဖစ္လာမွာပါ။ စက္တင္ဘာလရဲ႕အေကာင္းဆုံး

နည္းျပဆုအတြက္ အဲရစ္တန္ဟက္ရဲ႕ အဓိကၿပိဳင္ဘက္ျဖစ္လာမွာက

ကြန္တီျဖစ္ၿပီး စပါးအသင္းဟာ အခုလအတြင္းကစားခဲ့တဲ့ ပရီးမီးယားလိဂ္

(၂)ပြဲမွာ ဖူလ္ဟမ္ကို (၂-၁)ဂိုး၊ လက္စတာကို (၆-၂)ဂိုးနဲ႔အႏိုင္ရခဲ့သလို

(၇)ပြဲကစားၿပီးခ်ိန္မွာ မန္စီးတီးနဲ႔အတူ လုံးဝရႈံးပြဲမရွိေသးပါဘူး။