
စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်(၁)လတာအကောင်းဆုံး
ကစားသမားဆုကို ရပ်ရှ်ဖို့ဒ် ဆွတ်ခူးခဲ့တဲ့အပေါ် မန်ချက်စတာ
ယူနိုက်တက်ပရိသတ်တွေသာမက ကျန်တဲ့ ပြိုင်ဘက်ပရိသတ်တွေကလည်း
ဘဝင်မကျဖြစ်နေကြပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ စက်တင်ဘာလအတွင်းကစားခဲ့တဲ့
လက်စတာ၊ အာဆင်နယ်တို့နဲ့ပွဲတွေမှာ (၂)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၂)ကြိမ်
ပြုလုပ်ခဲ့တာကြောင့် (၁)လတာအကောင်းဆုံးဆုကို မန်စီးတီးနာမည်ကျော်
ကွင်းလယ်လူ ဒီဘရိုင်းနားကို ကျော်ဖြတ်ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ယူနိုက်တက်ပရိသတ်အများစုက ဒီဆုကို ရပ်ရှ်ဖို့ဒ်ထက်
ကွင်းလယ်မှာ တည်တည်ငြိမ်ငြိမ်နဲ့ခြေစွမ်းပြနေတဲ့ အဲရစ်ဆင်သာ
ရရှိသင့်တယ်လို့ ယူဆနေကြပါတယ်။ အဲရစ်ဆင်ဟာ စက်တင်ဘာလရဲ့
ယူနိုက်တက်(၁)လတာအကောင်းဆုံးကစားသမားဆုရရှိခဲ့ပေမယ့်
ပရီးမီးယားလိဂ်အကောင်းဆုံးဆုမှာတော့ ဆန်ခါတင်စာရင်းတောင်
မပါဝင်ခဲ့ပါဘူး။ ပြိုင်ဘက်ပရိသတ်တွေကတော့ မန်စီးတီးကွင်းလယ်မှာ
ထိပ်တန်းအဆင့်စွမ်းဆောင်ရည်ပြသနေတဲ့ ဒီဘရိုင်းနားထက် ရပ်ရှ်ဖို့ဒ်
အကောင်းဆုံးဆုရသွားတာကို သဘောမကျဖြစ်နေတာပါ။ ဒီဘရိုင်းနားဟာ
မန်စီးတီးကစားသမားဘဝတစ်လျှောက် ခြေစွမ်းပြကစားနေသလို
ပရီးမီးယားလိဂ်ချန်ပီယံဆုအကြိမ်ကြိမ်ရခဲ့ပေမယ့် အံ့အားသင့်စရာ
ကောင်းလောက်အောင်ပဲ ပရီးမီးယားလိဂ်(၁)လတာအကောင်းဆုံးဆုကို
အခုအချိန်အထိ တစ်ခါမှ မရဖူးသေးပါဘူး။
zawgyi
ပရီးမီးယားလိဂ္အေကာင္းဆုံးဆုကို ရပ္ရွ္ဖို႔ဒ္ ဆြတ္ခူးခဲ့တဲ့အေပၚ ပရိသတ္ေတြ ဘဝင္မက်ျဖစ္ေန
စက္တင္ဘာလအတြက္ ပရီးမီးယားလိဂ္(၁)လတာအေကာင္းဆုံး
ကစားသမားဆုကို ရပ္ရွ္ဖို႔ဒ္ ဆြတ္ခူးခဲ့တဲ့အေပၚ မန္ခ်က္စတာ
ယူႏိုက္တက္ပရိသတ္ေတြသာမက က်န္တဲ့ ၿပိဳင္ဘက္ပရိသတ္ေတြကလည္း
ဘဝင္မက်ျဖစ္ေနၾကပါတယ္။ ရပ္ရွ္ဖို႔ဒ္ဟာ စက္တင္ဘာလအတြင္းကစားခဲ့တဲ့
လက္စတာ၊ အာဆင္နယ္တို႔နဲ႔ပြဲေတြမွာ (၂)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၂)ႀကိမ္
ျပဳလုပ္ခဲ့တာေၾကာင့္ (၁)လတာအေကာင္းဆုံးဆုကို မန္စီးတီးနာမည္ေက်ာ္
ကြင္းလယ္လူ ဒီဘ႐ိုင္းနားကို ေက်ာ္ျဖတ္ဆြတ္ခူးခဲ့တာျဖစ္ပါတယ္။
ဒါေပမဲ့ ယူႏိုက္တက္ပရိသတ္အမ်ားစုက ဒီဆုကို ရပ္ရွ္ဖို႔ဒ္ထက္
ကြင္းလယ္မွာ တည္တည္ၿငိမ္ၿငိမ္နဲ႔ေျခစြမ္းျပေနတဲ့ အဲရစ္ဆင္သာ
ရရွိသင့္တယ္လို႔ ယူဆေနၾကပါတယ္။ အဲရစ္ဆင္ဟာ စက္တင္ဘာလရဲ႕
ယူႏိုက္တက္(၁)လတာအေကာင္းဆုံးကစားသမားဆုရရွိခဲ့ေပမယ့္
ပရီးမီးယားလိဂ္အေကာင္းဆုံးဆုမွာေတာ့ ဆန္ခါတင္စာရင္းေတာင္
မပါဝင္ခဲ့ပါဘူး။ ၿပိဳင္ဘက္ပရိသတ္ေတြကေတာ့ မန္စီးတီးကြင္းလယ္မွာ
ထိပ္တန္းအဆင့္စြမ္းေဆာင္ရည္ျပသေနတဲ့ ဒီဘ႐ိုင္းနားထက္ ရပ္ရွ္ဖို႔ဒ္
အေကာင္းဆုံးဆုရသြားတာကို သေဘာမက်ျဖစ္ေနတာပါ။ ဒီဘ႐ိုင္းနားဟာ
မန္စီးတီးကစားသမားဘဝတစ္ေလွ်ာက္ ေျခစြမ္းျပကစားေနသလို
ပရီးမီးယားလိဂ္ခ်န္ပီယံဆုအႀကိမ္ႀကိမ္ရခဲ့ေပမယ့္ အံ့အားသင့္စရာ
ေကာင္းေလာက္ေအာင္ပဲ ပရီးမီးယားလိဂ္(၁)လတာအေကာင္းဆုံးဆုကို
အခုအခ်ိန္အထိ တစ္ခါမွ မရဖူးေသးပါဘူး။