
ခရစ္စတီယာနိုရော်နယ်ဒိုနှင့်လီယွန်နယ်မက်ဆီတို့ဟာဝင်ဘာလေကွင်းတွင်
ပေါင်သန်း၉၀တန်အောစတားပွဲစဉ်ကစားရန်အလွန်နီးစပ်တဲ့အနေအထားသို့
ရောက်ခဲ့ဖူးကြောင်းသိရပါတယ်။ ချဲလ်ဆီးအသင်းပိုင်ရှင်တော့ဒ်ဘိုလေး
ပြီးခဲ့တဲ့လတုန်းက ပရီးမီးယားလိဂ်အော့စတာပွဲအဖြစ် မြောက်ပိုင်း
အောစတားနှင့်တောင်ပိုင်းအောစတားအသင်းကစားကာ
ငွေရှာသင့်ကြောင်းပြောဆိုခဲ့ဖူးပါတယ်။ အဆိုပါစနစ်မှာအမေရိကန်
အားကစားလောကတွင်အခြေတည်လာခဲ့တာကြာမြင့်ပြီဖြစ်ပြီး
အင်္ဂလန်မှာတော့ မရှိတော့ပါဘူး။ ဒါပေမဲ့လွန်ခဲ့တဲ့နှစ်အနည်းငယ်ခန့်တုန်းက
Messi Vs Ronaldo ပွဲဖြစ်ရန်အလွန်နီးစပ်ခဲ့ဖူးပါတယ်။မျိုးဆက်တစ်ခုရဲ့
အကောင်းဆုံးကစားသမားတွေဖြစ်ကြတဲ့ခရစ္စတီယာနိုရော်နယ်ဒိုနှင့်
လီယွန်နယ်မက်ဆီတို့ဟာသူတို့စိတ်ကြိုက်အသင်းတစ်သင်းစီ
ရွေးချယ်ပြီး ထိပ်တိုက်ရင်ဆိုင်တွေ့ကြမယ့်ပွဲဖြစ်ပါတယ်။
၂၀၁၄ခုနှစ်တုန်းကသန်းကြွယ်သူဌေးရောဘတ်ဘွန်နီယာဟာ
တစ်ကမ္ဘာလုံးစိတ်ဝင်တစားစောင့်ကြည့်ကြမယ့် Messi Vs Ronaldo
ပွဲကိုစီစဉ်ရန်ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ သူဟာယင်းပွဲအတွက်
စုစုပေါင်းအသုံးစရိတ်ပေါင်သန်း၉၀သုံးရန်စီစဉ်ခဲ့ပါတယ်။
ယင်းပွဲကိုဝင်ဘာလေမှာကစားရန်စီစဉ်ထားပြီး မက်ဆီကသူ့စပွန်ဆာ
Adidas ဝတ်စုံဖြင့်လည်းကောင်း၊ရော်နယ်ဒိုကသူ့စပွန်ဆာ
Nike ဝတ်စုံဝတ်ဆင်ပြီးလည်းကောင်းယှဉ်ပြိုင်ရပါမယ်။
ယင်းပွဲကို၂၀၁၇ခုနှစ်မှာကစားကာ ၂နှစ်လျှင် တစ်ကြိမ်ကစားရန်
စီစဉ်ထားခဲ့တာလည်းဖြစ်ပါတယ်။ ယင်းပွဲအတွက် ရီးရဲလ်မက်ဒရစ်
စတားများပါဝင်မှုအတွက် ရီးရဲလ်မက်ဒရစ်ဥက္ကဌပီရက်ဇ်ကလည်း
ပေါင်၂၁သန်းအထိတောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့အဆိုပါပွဲစဉ်မှာ
ရင်းနှီးမြှပ်နှံသူများအကြားသဘောတူညီမှုမရရှိမှု၊နိုင်ငံရေးပါဝင်
ပတ်သက်လာမှုတို့ကြောင့်ဖြစ်မြောက်လာခဲ့ခြင်းမရှိပါဘူး။
zawgyi
ေပါင္သန္း ၉၀ တန္ Team CR 7 ႏွင့္ Team Messi ပြဲကုိ ၀င္ဘာေလကြင္းမွာ ကစားဖုိ႔အလြန္နီးစပ္ခဲ့
ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္လီယြန္နယ္မက္ဆီတို႔ဟာဝင္ဘာေလကြင္းတြင္
ေပါင္သန္း၉၀တန္ေအာစတားပြဲစဥ္ကစားရန္အလြန္နီးစပ္တဲ့အေနအထားသို႔
ေရာက္ခဲ့ဖူးေၾကာင္းသိရပါတယ္။ ခ်ဲလ္ဆီးအသင္းပိုင္ရွင္ေတာ့ဒ္ဘိုေလး
ၿပီးခဲ့တဲ့လတုန္းက ပရီးမီးယားလိဂ္ေအာ့စတာပြဲအျဖစ္ ေျမာက္ပိုင္း
ေအာစတားႏွင့္ေတာင္ပိုင္းေအာစတားအသင္းကစားကာ
ေငြရွာသင့္ေၾကာင္းေျပာဆိုခဲ့ဖူးပါတယ္။ အဆိုပါစနစ္မွာအေမရိကန္
အားကစားေလာကတြင္အေျခတည္လာခဲ့တာၾကာျမင့္ၿပီျဖစ္ၿပီး
အဂၤလန္မွာေတာ့ မရွိေတာ့ပါဘူး။ ဒါေပမဲ့လြန္ခဲ့တဲ့ႏွစ္အနည္းငယ္ခန႔္တုန္းက
Messi Vs Ronaldo ပြဲျဖစ္ရန္အလြန္နီးစပ္ခဲ့ဖူးပါတယ္။မ်ိဳးဆက္တစ္ခုရဲ႕
အေကာင္းဆုံးကစားသမားေတြျဖစ္ၾကတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္
လီယြန္နယ္မက္ဆီတို႔ဟာသူတို႔စိတ္ႀကိဳက္အသင္းတစ္သင္းစီ
ေ႐ြးခ်ယ္ၿပီး ထိပ္တိုက္ရင္ဆိုင္ေတြ႕ၾကမယ့္ပြဲျဖစ္ပါတယ္။
၂၀၁၄ခုႏွစ္တုန္းကသန္းႂကြယ္သူေဌးေရာဘတ္ဘြန္နီယာဟာ
တစ္ကမာၻလုံးစိတ္ဝင္တစားေစာင့္ၾကည့္ၾကမယ့္ Messi Vs Ronaldo
ပြဲကိုစီစဥ္ရန္ႀကိဳးပမ္းခဲ့တာျဖစ္ပါတယ္။ သူဟာယင္းပြဲအတြက္
စုစုေပါင္းအသုံးစရိတ္ေပါင္သန္း၉၀သုံးရန္စီစဥ္ခဲ့ပါတယ္။
ယင္းပြဲကိုဝင္ဘာေလမွာကစားရန္စီစဥ္ထားၿပီး မက္ဆီကသူ႔စပြန္ဆာ
Adidas ဝတ္စုံျဖင့္လည္းေကာင္း၊ေရာ္နယ္ဒိုကသူ႔စပြန္ဆာ
Nike ဝတ္စုံဝတ္ဆင္ၿပီးလည္းေကာင္းယွဥ္ၿပိဳင္ရပါမယ္။
ယင္းပြဲကို၂၀၁၇ခုႏွစ္မွာကစားကာ ၂ႏွစ္လွ်င္ တစ္ႀကိမ္ကစားရန္
စီစဥ္ထားခဲ့တာလည္းျဖစ္ပါတယ္။ ယင္းပြဲအတြက္ ရီးရဲလ္မက္ဒရစ္
စတားမ်ားပါဝင္မႈအတြက္ ရီးရဲလ္မက္ဒရစ္ဥကၠဌပီရက္ဇ္ကလည္း
ေပါင္၂၁သန္းအထိေတာင္းဆိုခဲ့ပါတယ္။ ဒါေပမဲ့အဆိုပါပြဲစဥ္မွာ
ရင္းႏွီးျမႇပ္ႏွံသူမ်ားအၾကားသေဘာတူညီမႈမရရွိမႈ၊ႏိုင္ငံေရးပါဝင္
ပတ္သက္လာမႈတို႔ေၾကာင့္ျဖစ္ေျမာက္လာခဲ့ျခင္းမရွိပါဘူး။