M Diary Channel

Local and Sport News

ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပေမယ့် အခုအချိန်မှာ ခြေစွမ်းထက်နေတဲ့ ဒိုလေးကို ချီးကျူးနေတဲ့ မက်ဆီ

PSG အသင်းရဲ့အာဂျင်တီးနားနာမည်ကျော်ကစားသမားမက်ဆီက

မန်ချက်စတာယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြဂိုးတွေသွင်းယူနေတဲ့

ပြိုင်ဘက်ဟောင်းစီရော်နယ်လ်ဒိုကို ချီးကျူးစကားဆိုလိုက်ပါတယ်။

မက်ဆီနဲ့စီရော်နယ်လ်ဒိုတို့ဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက PSG ၊

ယူနိုက်တက်အသင်းတို့ကိုပြောင်းရွှေ့ခဲ့ပြီး နှစ်ယောက်စလုံးက သက်ဆိုင်ရာ

ပြည်တွင်းလိဂ်ပြိုင်ပွဲတွေမှာ ရုန်းကန်နေရပေမယ့် ချန်ပီယံလိဂ်မှာတော့

သွင်းဂိုးတွေနဲ့ခြေစွမ်းပြနေတာဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုဟာ ဒီရာသီ

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ယူနိုက်တက်အသင်းအတွက် ဂိုးတွေဆက်တိုက်

သွင်းယူနေပြီး အုပ်စုပွဲစဉ်(၅)ပွဲဆက်တိုက်ဂိုးသွင်းနိုင်ခဲ့လို့ ချန်ပီယံလိဂ်

(ဥရောပဖလား)ပြိုင်ပွဲသမိုင်းတစ်လျှောက် အင်္ဂလိပ်ကလပ်အသင်းတစ်သင်း

အတွက် ချန်ပီယံလိဂ်မှာဦးဆုံး(၅)ပွဲ(ခြေစစ်ပွဲမပါ)ဆက်တိုက် ဂိုးသွင်းယူခဲ့တဲ့

ပထမဆုံးကစားသမားအဖြစ်စံချိန်တင်နိုင်ခဲ့ပါပြီ။ အဲဒါကြောင့် မက်ဆီက

“ယူနိုက်တက်အသင်းဟာ ကစားသမားကောင်းတွေနဲ့စုဖွဲထားတဲ့ တောင့်တင်းတဲ့

အသင်းတစ်သင်းဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုကလည်း သူ့အသင်းအကြောင်း

ကောင်းကောင်းသိသလို အခုအချိန်မှာ အသင်းရဲ့ကစားဟန်နဲ့ လိုက်လျော

ညီထွေဖြစ်အောင်ကစားနိုင်နေပါပြီ။ သူက ယူနိုက်တက်ကို ပြန်လည်ရောက်ရှိ

ခဲ့ချိန်ကတည်းက ဂိုးတွေသွင်းယူနေတာဖြစ်လို့ အသင်းရဲ့ကစားဟန်နဲ့

လိုက်လျောညီထွေဖြစ်အောင်ပြင်ဆင်နိုင်ဖို့က သူ့အတွက်အခက်အခဲ

မရှိပါဘူး”လို့ပြောကြားခဲ့ပါတယ်။

zawgyi

ၿပိဳင္ဆုိင္မႈျပင္းထန္ခဲ့ေပမယ့္ အခုအခ်ိန္မွာ ေျခစြမ္းထက္ေနတဲ့ ဒုိေလးကုိ ခ်ီးက်ဴးေနတဲ့ မက္ဆီ

PSG အသင္းရဲ႕အာဂ်င္တီးနားနာမည္ေက်ာ္ကစားသမားမက္ဆီက

မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ေျခစြမ္းျပဂိုးေတြသြင္းယူေနတဲ့

ၿပိဳင္ဘက္ေဟာင္းစီေရာ္နယ္လ္ဒိုကို ခ်ီးက်ဴးစကားဆိုလိုက္ပါတယ္။

မက္ဆီနဲ႔စီေရာ္နယ္လ္ဒိုတို႔ဟာ ၿပီးခဲ့တဲ့ေႏြရာသီတုန္းက PSG ၊

ယူႏိုက္တက္အသင္းတို႔ကိုေျပာင္းေ႐ႊ႕ခဲ့ၿပီး ႏွစ္ေယာက္စလုံးက သက္ဆိုင္ရာ

ျပည္တြင္းလိဂ္ၿပိဳင္ပြဲေတြမွာ ႐ုန္းကန္ေနရေပမယ့္ ခ်န္ပီယံလိဂ္မွာေတာ့

သြင္းဂိုးေတြနဲ႔ေျခစြမ္းျပေနတာျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒိုဟာ ဒီရာသီ

ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ယူႏိုက္တက္အသင္းအတြက္ ဂိုးေတြဆက္တိုက္

သြင္းယူေနၿပီး အုပ္စုပြဲစဥ္(၅)ပြဲဆက္တိုက္ဂိုးသြင္းႏိုင္ခဲ့လို႔ ခ်န္ပီယံလိဂ္

(ဥေရာပဖလား)ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ အဂၤလိပ္ကလပ္အသင္းတစ္သင္း

အတြက္ ခ်န္ပီယံလိဂ္မွာဦးဆုံး(၅)ပြဲ(ေျခစစ္ပြဲမပါ)ဆက္တိုက္ ဂိုးသြင္းယူခဲ့တဲ့

ပထမဆုံးကစားသမားအျဖစ္စံခ်ိန္တင္ႏိုင္ခဲ့ပါၿပီ။ အဲဒါေၾကာင့္ မက္ဆီက

“ယူႏိုက္တက္အသင္းဟာ ကစားသမားေကာင္းေတြနဲ႔စုဖြဲထားတဲ့ ေတာင့္တင္းတဲ့

အသင္းတစ္သင္းျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒိုကလည္း သူ႔အသင္းအေၾကာင္း

ေကာင္းေကာင္းသိသလို အခုအခ်ိန္မွာ အသင္းရဲ႕ကစားဟန္နဲ႔ လိုက္ေလ်ာ

ညီေထြျဖစ္ေအာင္ကစားႏိုင္ေနပါၿပီ။ သူက ယူႏိုက္တက္ကို ျပန္လည္ေရာက္ရွိ

ခဲ့ခ်ိန္ကတည္းက ဂိုးေတြသြင္းယူေနတာျဖစ္လို႔ အသင္းရဲ႕ကစားဟန္နဲ႔

လိုက္ေလ်ာညီေထြျဖစ္ေအာင္ျပင္ဆင္ႏိုင္ဖို႔က သူ႔အတြက္အခက္အခဲ

မရွိပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။mdiarymm

mdiarymm