
မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဗန်ဒီဘိခ်ရဲ့အေးဂျင့်ဟောင်းက
သူ့ကစားသမားဟာ ပေ့ါဘာလောက် အရေးပေးမခံရတဲ့အတွက်
အသင်းကနေထွက်ခွာဖို့ အလေးအနက်ထားစဉ်းစားခဲ့ဖူးတယ်လို့
ဖွင့်ဟပြောဆိုလိုက်ပါတယ်။ ၂၀၂၀၊ နွေရာသီကာလတုန်းက အေဂျက်စ်ကနေ
ယူနိုက်တက်ကို ပေါင်သန်း(၄၀)နဲ့ပြောင်းရွှေ့ခဲ့သူ ဗန်ဒီဘိခ်ဟာ
လက်ရှိအချိန်အထိ ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။
ယူနိုက်တက်နည်းပြဟောင်းဆိုးလ်ရှားလက်ထက်မှာ ဗန်ဒီဘိခ်ဟာ
ပွဲထွက်ခွင့်ရဖို့ တစ်နေ့ကို (၁၀)နာရီအထိ ကြိုးစားလေ့ကျင့်ခဲ့ပေမယ့်
ဆိုးလ်ရှားက ဗန်ဒီဘိခ်ထက် လေ့ကျင့်ရေးကွင်းကို နောက်ကျပြီးမှ
ရောက်လာတဲ့ ပေ့ါဘာကို ဦးစားပေးအသုံးပြုခဲ့တယ်လို့ အေးဂျင့်ဟောင်းဖြစ်သူ
ဂွီဒိုအယ်လ်ဘာစ်က ဝေဖန်ခဲ့ပါတယ်။ ဂွီဒိုအယ်လ်ဘာစ်ဟာ ပြီးခဲ့တဲ့နှစ်အတွင်း
ဗန်ဒီဘိခ်ရဲ့အပြောင်းအရွှေ့ဖြစ်မြောက်လာဖို့ ကြိုးစားခဲ့ပေမယ့်
ယူနိုက်တက်အသင်းက ဗန်ဒီဘိခ်ကို ရောင်းချဖို့ငြင်းဆန်ခဲ့တာကြောင့်
အဆင်မပြေခဲ့ပါဘူး။ အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်သူ နယ်သာလန်
ကွင်းလယ်ကစားသမား ဗန်ဒီဘိခ်ဟာ ဒီရာသီ နည်းပြအဲရစ်တန်
ဟက်လက်အောက်မှာလည်း အသင်းအတွက် (၁၉)မိနစ်သာကစားခွင့်ရခဲ့ပြီး
အခုလောလောဆယ် ဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ပါတယ်။
zawgyi
ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ယူႏိုက္တက္မွာ မမွ်မတဆက္ဆံခံခဲ့ရတဲ့ ဗန္ဒီဘိခ္
မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူ ဗန္ဒီဘိခ္ရဲ႕ေအးဂ်င့္ေဟာင္းက
သူ႔ကစားသမားဟာ ေပ့ါဘာေလာက္ အေရးေပးမခံရတဲ့အတြက္
အသင္းကေနထြက္ခြာဖို႔ အေလးအနက္ထားစဥ္းစားခဲ့ဖူးတယ္လို႔
ဖြင့္ဟေျပာဆိုလိုက္ပါတယ္။ ၂၀၂၀၊ ေႏြရာသီကာလတုန္းက ေအဂ်က္စ္ကေန
ယူႏိုက္တက္ကို ေပါင္သန္း(၄၀)နဲ႔ေျပာင္းေ႐ႊ႕ခဲ့သူ ဗန္ဒီဘိခ္ဟာ
လက္ရွိအခ်ိန္အထိ ပုံမွန္ကစားခြင့္ရဖို႔ ႐ုန္းကန္ေနရဆဲျဖစ္ပါတယ္။
ယူႏိုက္တက္နည္းျပေဟာင္းဆိုးလ္ရွားလက္ထက္မွာ ဗန္ဒီဘိခ္ဟာ
ပြဲထြက္ခြင့္ရဖို႔ တစ္ေန႔ကို (၁၀)နာရီအထိ ႀကိဳးစားေလ့က်င့္ခဲ့ေပမယ့္
ဆိုးလ္ရွားက ဗန္ဒီဘိခ္ထက္ ေလ့က်င့္ေရးကြင္းကို ေနာက္က်ၿပီးမွ
ေရာက္လာတဲ့ ေပ့ါဘာကို ဦးစားေပးအသုံးျပဳခဲ့တယ္လို႔ ေအးဂ်င့္ေဟာင္းျဖစ္သူ
ဂြီဒိုအယ္လ္ဘာစ္က ေဝဖန္ခဲ့ပါတယ္။ ဂြီဒိုအယ္လ္ဘာစ္ဟာ ၿပီးခဲ့တဲ့ႏွစ္အတြင္း
ဗန္ဒီဘိခ္ရဲ႕အေျပာင္းအေ႐ႊ႕ျဖစ္ေျမာက္လာဖို႔ ႀကိဳးစားခဲ့ေပမယ့္
ယူႏိုက္တက္အသင္းက ဗန္ဒီဘိခ္ကို ေရာင္းခ်ဖို႔ျငင္းဆန္ခဲ့တာေၾကာင့္
အဆင္မေျပခဲ့ပါဘူး။ အသက္(၂၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ နယ္သာလန္
ကြင္းလယ္ကစားသမား ဗန္ဒီဘိခ္ဟာ ဒီရာသီ နည္းျပအဲရစ္တန္
ဟက္လက္ေအာက္မွာလည္း အသင္းအတြက္ (၁၉)မိနစ္သာကစားခြင့္ရခဲ့ၿပီး
အခုေလာေလာဆယ္ ဒဏ္ရာေၾကာင့္ အနားယူေနရတာျဖစ္ပါတယ္။