” ပြီးပြည့်စုံစွာနဲ့ ချိန်သားကိုက်ပြေးနိုင်ရင် ဘယ်သူ့မှ ကျွန်တော့်ကို မရပ်တန့်နိုင်ဘူး ” _ ဟာလန်း

မန်ချက်စတာစီးတီးအသင်းရဲ့တိုက်စစ်မှူး အာလင်း ဟော်လန်းအနေနဲ့

ဒီတစ်ပတ် အီးတီဟဒ်အားကစားကွင်းကြီးမှာ ယှဉ်ပြိုင်ကစားမယ့် ဒါဘီပွဲစဉ်မတိုင်မီမှာ

မန်ချက်စတာယူနိုက်တက်အသင်းကို ဆိုးရွားတဲ့ သတိပေးချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ နော်ဝေးသား ဟော်လန်းအနေနဲ့

မန်စီးတီးအသင်းနဲ့အတူ ကစားသမားဘဝကို ကောင်းကောင်းမွန်မွန်စတင်နိုင်ခဲ့ပြီး

ပြိုင်ပွဲစုံသွင်းဂိုး ၁၄ ဂိုးအထိ လက်ရှိမှာ သွင်းယူနိုင်ခဲ့ပြီးဖြစ်သလို ပရီးမီးယားလိဂ်

တစ်ခုတည်းမှာတင် ဟက်ထရစ် ၂ ကြိမ်အပါအဝင် ၁၁ ဂိုးသွင်းနိုင်ခဲ့တာပါ။

Sky Sports သတင်းဌာနမှာ အလုပ်လုပ်နေတဲ့ သရဲနီဂန္ထဝင် ဂယ်ရီ နဗီးလ်နဲ့

အစီအစဉ်တစ်ခုမှာတော့ ဟော်လန်းအနေနဲ့ ယူနိုက်တက်နဲ့ ရင်ဆိုင်ဖို့အတွက်

အဆင်သင့်ဖြစ်နေကြောင်း ပြောလာခဲ့ပြီး အသင်းဖော် ကယ်ဗင် ဒီဘရိုင်းနားကိုလည်း

ချီးကျူးပြောဆိုမှု ပြုလုပ်သွားခဲ့ပါတယ်။ ဟော်လန်းက “ကျွန်တော်စကား

အများကြီးပြောစရာမလိုပါဘူး။ ကျွန်တော်အဆင်သင့်ဖြစ်နေပြီလို့ပဲ

ကျွန်တော်ပြောဖို့လိုအပ်တာပါ”လို့ ပြောလာခဲ့တာဖြစ်ပါတယ်။

သူ့ကို အင်တာဗျူးတဲ့ နဗီးလ်အနေနဲ့ သူနဲ့ ဒီဘရိုင်းနားတို့အကြား နားလည်မှုကို

မေးမြန်းရာမှာတော့ ဟော်လန်းက “ကျွန်တော်စဉ်းစားနေခဲ့တဲ့ အရာပဲ။

သူပေးသမျှ ဘောလုံးတိုင်းက ဒီတိုင်း ကန်သွင်းရုံလောက်ပါပဲ”

“ခင်ဗျားသိမှာပါ။ ဒါက တိုက်စစ်မှူးတစ်ယောက်အတွက် အိပ်မက်ပဲ။

ကျွန်တော်ဘယ်နေရာမှာ ရှိလိမ့်မှာလဲဆိုတာကို သူသိတယ်။ပြီးတော့ သူက

ဂိုးသမားနဲ့ ခံစစ်မှူးတွေရဲ့ကြား ဘောလုံးကို အရောက်ပို့ပေးလိမ့်မယ်ဆိုတာ

ကျွန်တော်သိတယ်”လို့ ပြောလာခဲ့ပါတယ်။ သူ့ရဲ့ ကာယကြံ့ခိုငမှုနဲ့ပတ်သက်ပြီးလည်း

အခြားကစားသမားတွေနဲ့ ကွာခြားနေတာကို နဗီးလ်က ပြောဆိုခဲ့ပေမယ့်လည်း

ဟော်လန်းကတော့ အဆိုပါအကြောင်းအရာကို အပြည့်အစုံမပြောခဲ့ဘဲ

“ဟုတ်တယ်။ ကျွန်တော်ထင်ပါတယ်။ ပြေးတာကိုပဲ ဥပမာယူကြတာပေါ့။

တကယ်လို့များ ကျွန်တော့်အနေနဲ့ ပြေးတာကို အချိန်ကိုက်သာ ပြီးပြည့်စုံအောင်

ပြေးနိုင်ခဲ့ရင် ဘယ်သူမှ ကျွန်တော့်ကို မရပ်တန့်နိုင်တော့ဘူးဆိုတာ

ကျွန်တော်သိတာပါပဲ”လို့ ပြောလာခဲ့ပါတယ်။ နော်ဝေးသားအနေနဲ့

ဆဲလ်ဇ်ဘာ့ဂ်အသင်းနဲ့ ဒေါ့မွန်အသင်းတို့မှာ ကစားခဲ့စဉ်ကာလအတွင်း

ဒဏ်ရာပြဿနာမျိုးစုံ ကြုံတွေ့ခဲ့ရတာဖြစ်ပေမယ့် စီးတီးအသင်းမှာတော့

ဒဏ်ရာရမယ့်အရိပ်အယောင်တောင် မြင်တွေ့ခဲ့ရခြင်းမရှိတာကြောင့်

အသင်းရဲ့မန်နေဂျာ ပက်ပ် ဂွါဒီယိုလာကလည်း ကာယကြံ့ခိုင်မှုအတွက်

ဆောင်ရွက်ပေးတဲ့ အသင်းရဲ့ဝန်ထမ်းတွေကို ချီးကျူးခဲ့ပါသေးတယ်။

zawgyi

” ၿပီးျပည့္စုံစြာနဲ႔ ခ်ိန္သားကိုက္ေျပးႏိုင္ရင္ ဘယ္သူ႔မွ ကြၽန္ေတာ့္ကို မရပ္တန္႔ႏိုင္ဘူး ” _ ဟာလန္း

မန္ခ်က္စတာစီးတီးအသင္းရဲ႕တိုက္စစ္မႉး အာလင္း ေဟာ္လန္းအေနနဲ႔

ဒီတစ္ပတ္ အီးတီဟဒ္အားကစားကြင္းႀကီးမွာ ယွဥ္ၿပိဳင္ကစားမယ့္ ဒါဘီပြဲစဥ္မတိုင္မီမွာ

မန္ခ်က္စတာယူႏိုက္တက္အသင္းကို ဆိုး႐ြားတဲ့ သတိေပးခ်က္တစ္ခု ထုတ္ျပန္ခဲ့ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ ေနာ္ေဝးသား ေဟာ္လန္းအေနနဲ႔

မန္စီးတီးအသင္းနဲ႔အတူ ကစားသမားဘဝကို ေကာင္းေကာင္းမြန္မြန္စတင္ႏိုင္ခဲ့ၿပီး

ၿပိဳင္ပြဲစုံသြင္းဂိုး ၁၄ ဂိုးအထိ လက္ရွိမွာ သြင္းယူႏိုင္ခဲ့ၿပီးျဖစ္သလို ပရီးမီးယားလိဂ္

တစ္ခုတည္းမွာတင္ ဟက္ထရစ္ ၂ ႀကိမ္အပါအဝင္ ၁၁ ဂိုးသြင္းႏိုင္ခဲ့တာပါ။

Sky Sports သတင္းဌာနမွာ အလုပ္လုပ္ေနတဲ့ သရဲနီဂႏၴဝင္ ဂယ္ရီ နဗီးလ္နဲ႔

အစီအစဥ္တစ္ခုမွာေတာ့ ေဟာ္လန္းအေနနဲ႔ ယူႏိုက္တက္နဲ႔ ရင္ဆိုင္ဖို႔အတြက္

အဆင္သင့္ျဖစ္ေနေၾကာင္း ေျပာလာခဲ့ၿပီး အသင္းေဖာ္ ကယ္ဗင္ ဒီဘ႐ိုင္းနားကိုလည္း

ခ်ီးက်ဴးေျပာဆိုမႈ ျပဳလုပ္သြားခဲ့ပါတယ္။ ေဟာ္လန္းက “ကြၽန္ေတာ္စကား

အမ်ားႀကီးေျပာစရာမလိုပါဘူး။ ကြၽန္ေတာ္အဆင္သင့္ျဖစ္ေနၿပီလို႔ပဲ

ကြၽန္ေတာ္ေျပာဖို႔လိုအပ္တာပါ”လို႔ ေျပာလာခဲ့တာျဖစ္ပါတယ္။

သူ႔ကို အင္တာဗ်ဴးတဲ့ နဗီးလ္အေနနဲ႔ သူနဲ႔ ဒီဘ႐ိုင္းနားတို႔အၾကား နားလည္မႈကို

ေမးျမန္းရာမွာေတာ့ ေဟာ္လန္းက “ကြၽန္ေတာ္စဥ္းစားေနခဲ့တဲ့ အရာပဲ။

သူေပးသမွ် ေဘာလုံးတိုင္းက ဒီတိုင္း ကန္သြင္း႐ုံေလာက္ပါပဲ”

“ခင္ဗ်ားသိမွာပါ။ ဒါက တိုက္စစ္မႉးတစ္ေယာက္အတြက္ အိပ္မက္ပဲ။

ကြၽန္ေတာ္ဘယ္ေနရာမွာ ရွိလိမ့္မွာလဲဆိုတာကို သူသိတယ္။ၿပီးေတာ့ သူက

ဂိုးသမားနဲ႔ ခံစစ္မႉးေတြရဲ႕ၾကား ေဘာလုံးကို အေရာက္ပို႔ေပးလိမ့္မယ္ဆိုတာ

ကြၽန္ေတာ္သိတယ္”လို႔ ေျပာလာခဲ့ပါတယ္။ သူ႔ရဲ႕ ကာယႀကံ့ခို္ငမႈနဲ႔ပတ္သက္ၿပီးလည္း

အျခားကစားသမားေတြနဲ႔ ကြာျခားေနတာကို နဗီးလ္က ေျပာဆိုခဲ့ေပမယ့္လည္း

ေဟာ္လန္းကေတာ့ အဆိုပါအေၾကာင္းအရာကို အျပည့္အစုံမေျပာခဲ့ဘဲ

“ဟုတ္တယ္။ ကြၽန္ေတာ္ထင္ပါတယ္။ ေျပးတာကိုပဲ ဥပမာယူၾကတာေပါ့။

တကယ္လို႔မ်ား ကြၽန္ေတာ့္အေနနဲ႔ ေျပးတာကို အခ်ိန္ကိုက္သာ ၿပီးျပည့္စုံေအာင္

ေျပးႏိုင္ခဲ့ရင္ ဘယ္သူမွ ကြၽန္ေတာ့္ကို မရပ္တန႔္ႏိုင္ေတာ့ဘူးဆိုတာ

ကြၽန္ေတာ္သိတာပါပဲ”လို႔ ေျပာလာခဲ့ပါတယ္။ ေနာ္ေဝးသားအေနနဲ႔

ဆဲလ္ဇ္ဘာ့ဂ္အသင္းနဲ႔ ေဒါ့မြန္အသင္းတို႔မွာ ကစားခဲ့စဥ္ကာလအတြင္း

ဒဏ္ရာျပႆနာမ်ိဳးစုံ ႀကဳံေတြ႕ခဲ့ရတာျဖစ္ေပမယ့္ စီးတီးအသင္းမွာေတာ့

ဒဏ္ရာရမယ့္အရိပ္အေယာင္ေတာင္ ျမင္ေတြ႕ခဲ့ရျခင္းမရွိတာေၾကာင့္

အသင္းရဲ႕မန္ေနဂ်ာ ပက္ပ္ ဂြါဒီယိုလာကလည္း ကာယႀကံ့ခိုင္မႈအတြက္

ေဆာင္႐ြက္ေပးတဲ့ အသင္းရဲ႕ဝန္ထမ္းေတြကို ခ်ီးက်ဴးခဲ့ပါေသးတယ္။