
ချာလ်တန်နဲ့လိဂ်ဖလားပွဲမှာ ရှားရှားပါးပါးပွဲထွက်ခွင့်ရခဲ့တဲ့
မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းယားက
ပွဲထွက်ခွင့်တစ်နေရာအတွက် အစွမ်းကုန် တိုက်ပွဲဝင်သွားမှာ
ဖြစ်တယ်လို့ ကြုံးဝါးလိုက်ပါတယ်။ ချာလ်တန်ကို (၃-ဝ)ဂိုးနဲ့
အနိုင်ရတဲ့ လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲမှာ အဲရစ်တန်ဟက်က
မက်ဂွိုင်းယားကို ပွဲထွက်ကစားသမားအဖြစ် လီဆန်ဒရိုမာတီနက်ဇ်နဲ့
တွဲဖက်ပြီး အသုံးပြုခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ကစားခဲ့တဲ့
ယူနိုက်တက်အသင်းရဲ့ ပထမဆုံး(၄)ပွဲမှာ မက်ဂွိုင်းယားဟာ
အရန်အဖြစ်သာ ပါဝင်ကစားရပေမယ့် ဘုန်းမောက်နဲ့
ပရီးမီးယားလိဂ်ပွဲ၊ အခု ချာလ်တန်နဲ့ FA ဖလားပွဲတွေမှာ
ပွဲချိန်ပြည့်ကစားခွင့်ရခဲ့သလို နှစ်ပွဲစလုံးမှာ ပေးဂိုးမရှိနိုင်ပွဲတွေ
ရယူနိုင်ခဲ့ပါတယ်။ မက်ဂွိုင်းယားအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲက
ပြန်လာချိန်မှာ အဖျားရောဂါကြောင့် အနားယူခဲ့ရတဲ့အတွက်
ကလပ်အသင်းပွဲစဉ်တချို့ကို လွဲချော်ခဲ့ပေမယ့် အခုအချိန်မှာတော့
ရာနှုန်းပြည့်ကြံ့ခိုင်မှုရှိလာပြီဖြစ်လို့ ပွဲထွက်ခွင့်တစ်နေရာရဖို့
တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်။ မက်ဂွိုင်းယားက “အသင်းအတွက်
ပွဲထွက်ကစားခွင့်ရတဲ့ ခံစားချက်က တော်တော်လေး ကျေနပ်ဖို့
ကောင်းပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ဘုန်းမောက်နဲ့ပွဲမှာလည်း
ကျွန်တော် ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲက
ပြန်လာတဲ့အချိန်မှာ ကံမကောင်းဘဲ အဖျားရောဂါ
ပြင်းပြင်းထန်ထန်ခံစားခဲ့ရပြီး ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ (၁)ပတ်၊
(၂)ပတ်လောက် အချိန်ယူခဲ့ရပါတယ်။ အခုအချိန်မှာတော့
ကျွန်တော့် ကြံ့ခိုင်မှုက အကောင်းဆုံးဖြစ်နေပါပြီ။
အသင်းမှာ အရည်အချင်းရှိတဲ့ နောက်ခံလူတွေအများကြီးရှိပြီး
ပွဲထွက်ခွင့်ရဖို့ ပြိုင်ဆိုင်မှုပြင်းထန်မှာဖြစ်ပေမယ့်
ကျွန်တော်ကတော့ ပွဲထွက်ခွင့်တစ်နေရာအတွက်
တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ပွဲတွေမှာ ပွဲထွက်ခွင့်မရခဲ့လို့ ယူနိုက်တက်ကနေ
မက်ဂွိုင်းယား ထွက်သင့်နေပြီဆိုတဲ့ သုံးသပ်ချက်တွေ
ထွက်ပေါ်ခဲ့ပေမယ့် မက်ဂွိုင်းယားအနေနဲ့ ယူနိုက်တက်မှာပဲ
ဆက်ကစားဖို့ ဆုံးဖြတ်ထားပုံလည်းရပါတယ်။
zawgyi
ပြဲထြက္ခြင့္တစ္ေနရာအတြက္ ေျခစြမ္းေကာင္းေတြနဲ႔အတူ ေဂါင္းႀကီး တိုက္ပြဲဝင္သြားမယ္ 🤔
ခ်ာလ္တန္နဲ႔လိဂ္ဖလားပြဲမွာ ရွားရွားပါးပါးပြဲထြက္ခြင့္ရခဲ့တဲ့
မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားက
ပြဲထြက္ခြင့္တစ္ေနရာအတြက္ အစြမ္းကုန္ တိုက္ပြဲဝင္သြားမွာ
ျဖစ္တယ္လို႔ ႀကဳံးဝါးလိုက္ပါတယ္။ ခ်ာလ္တန္ကို (၃-ဝ)ဂိုးနဲ႔
အႏိုင္ရတဲ့ လိဂ္ဖလား ကြာတားဖိုင္နယ္ပြဲမွာ အဲရစ္တန္ဟက္က
မက္ဂြိဳင္းယားကို ပြဲထြက္ကစားသမားအျဖစ္ လီဆန္ဒ႐ိုမာတီနက္ဇ္နဲ႔
တြဲဖက္ၿပီး အသုံးျပဳခဲ့ပါတယ္။ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီး ကစားခဲ့တဲ့
ယူႏိုက္တက္အသင္းရဲ႕ ပထမဆုံး(၄)ပြဲမွာ မက္ဂြိဳင္းယားဟာ
အရန္အျဖစ္သာ ပါဝင္ကစားရေပမယ့္ ဘုန္းေမာက္နဲ႔
ပရီးမီးယားလိဂ္ပြဲ၊ အခု ခ်ာလ္တန္နဲ႔ FA ဖလားပြဲေတြမွာ
ပြဲခ်ိန္ျပည့္ကစားခြင့္ရခဲ့သလို ႏွစ္ပြဲစလုံးမွာ ေပးဂိုးမရွိႏိုင္ပြဲေတြ
ရယူႏိုင္ခဲ့ပါတယ္။ မက္ဂြိဳင္းယားအေနနဲ႔ ကမာၻ႔ဖလားၿပိဳင္ပြဲက
ျပန္လာခ်ိန္မွာ အဖ်ားေရာဂါေၾကာင့္ အနားယူခဲ့ရတဲ့အတြက္
ကလပ္အသင္းပြဲစဥ္တခ်ိဳ႕ကို လြဲေခ်ာ္ခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့
ရာႏႈန္းျပည့္ႀကံ့ခိုင္မႈရွိလာၿပီျဖစ္လို႔ ပြဲထြက္ခြင့္တစ္ေနရာရဖို႔
တိုက္ပြဲဝင္သြားမွာျဖစ္ပါတယ္။ မက္ဂြိဳင္းယားက “အသင္းအတြက္
ပြဲထြက္ကစားခြင့္ရတဲ့ ခံစားခ်က္က ေတာ္ေတာ္ေလး ေက်နပ္ဖို႔
ေကာင္းပါတယ္။ ၿပီးခဲ့တဲ့တစ္ပတ္က ဘုန္းေမာက္နဲ႔ပြဲမွာလည္း
ကြၽန္ေတာ္ ေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။ ကမာၻ႔ဖလားၿပိဳင္ပြဲက
ျပန္လာတဲ့အခ်ိန္မွာ ကံမေကာင္းဘဲ အဖ်ားေရာဂါ
ျပင္းျပင္းထန္ထန္ခံစားခဲ့ရၿပီး ပုံမွန္အတိုင္း ျပန္ျဖစ္ဖို႔ (၁)ပတ္၊
(၂)ပတ္ေလာက္ အခ်ိန္ယူခဲ့ရပါတယ္။ အခုအခ်ိန္မွာေတာ့
ကြၽန္ေတာ့္ ႀကံ့ခိုင္မႈက အေကာင္းဆုံးျဖစ္ေနပါၿပီ။
အသင္းမွာ အရည္အခ်င္းရွိတဲ့ ေနာက္ခံလူေတြအမ်ားႀကီးရွိၿပီး
ပြဲထြက္ခြင့္ရဖို႔ ၿပိဳင္ဆိုင္မႈျပင္းထန္မွာျဖစ္ေပမယ့္
ကြၽန္ေတာ္ကေတာ့ ပြဲထြက္ခြင့္တစ္ေနရာအတြက္
တိုက္ပြဲဝင္သြားမွာျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။
ၿပီးခဲ့တဲ့ပြဲေတြမွာ ပြဲထြက္ခြင့္မရခဲ့လို႔ ယူႏိုက္တက္ကေန
မက္ဂြိဳင္းယား ထြက္သင့္ေနၿပီဆိုတဲ့ သုံးသပ္ခ်က္ေတြ
ထြက္ေပၚခဲ့ေပမယ့္ မက္ဂြိဳင္းယားအေနနဲ႔ ယူႏိုက္တက္မွာပဲ
ဆက္ကစားဖို႔ ဆုံးျဖတ္ထားပုံလည္းရပါတယ္။