ပွဲပယ်ပြစ်ဒဏ်ကြောင့် အသင်းသစ်ရောက်ရင်လည်း (၂)ပွဲပယ်ခံရမယ့် စီရော်နယ်လ်ဒို

မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲခဲ့တဲ့ ပေါ်တူဂီနာမည်ကျော်

ကစားသမား စီရော်နယ်လ်ဒိုကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA)က

ပွဲပယ်ပြစ်ဒဏ်ချမှတ်လိုက်ပြီး တကယ်လို့ စီရော်နယ်လ်ဒို အသင်းသစ်

ရောက်ရင်တောင် အဲဒီပြစ်ဒဏ်က အကျုံးဝင်မှာဖြစ်တယ်။

ပြီးခဲ့တဲ့ဧပြီလတုန်းက အဲဗာတန်အသင်းကို (၁-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့

ပရီးမီးယားလိဂ်ပွဲအပြီး၊ အဝတ်လဲခန်းထဲ သွားတဲလမ်းမှာ စီရော်နယ်လ်ဒိုဟာ

အဲဗာတန်ကလေးငယ်ပရိသတ်တစ်ဦးရဲ့ ဖုန်းကို လက်နဲ့ရိုက်ချခဲ့တာဖြစ်ပြီး

အဲဒီလုပ်ရပ်အတွက် FA က သူ့ကို စွဲချက်တင်ခဲ့ပါတယ်။ အခုအချိန်မှာတော့

FA က စီရော်နယ်လ်ဒိုကို (၂)ပွဲပယ်ပြစ်ဒဏ်အပြင် ဒဏ်ငွေအဖြစ်

ပေါင်(၅၀,၀၀၀)ချမှတ်ခဲ့ပါတယ်။ စီရော်နယ်လ်ဒိုဟာ မကြာသေးခင်က

ယူနိုက်တက်အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့တာကြောင့် အသင်းလက်မဲ့

ဖြစ်သွားပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးကျရင် ကလပ်အသင်းသစ်

တစ်သင်းကို ရှာဖွေရမှာဖြစ်ပါတယ်။ ဒါပေမဲ့ စီရော်နယ်လ်ဒိုဟာ

ပရီးမီးယားလိဂ် ဒါမှမဟုတ် တခြားနိုင်ငံက,ကလပ်တစ်သင်းကို

ပြောင်းရွှေ့ဖြစ်မယ်ဆိုရင်တောင် အခု ပွဲပယ်ပြစ်ဒဏ်ကို မဖြစ်မနေ

ကျခံရမှာဖြစ်တဲ့အတွက် အသင်းသစ်မှာ ချက်ချင်းပွဲထွက်ကစားခွင့်ရမှာ မဟုတ်ပါဘူး။

zawgyi

ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ အသင္းသစ္ေရာက္ရင္လည္း (၂)ပြဲပယ္ခံရမယ့္ စီေရာ္နယ္လ္ဒို

မန္ခ်က္စတာယူႏိုက္တက္နဲ႔ လမ္းခြဲခဲ့တဲ့ ေပၚတူဂီနာမည္ေက်ာ္

ကစားသမား စီေရာ္နယ္လ္ဒိုကို အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ (FA)က

ပြဲပယ္ျပစ္ဒဏ္ခ်မွတ္လိုက္ၿပီး တကယ္လို႔ စီေရာ္နယ္လ္ဒို အသင္းသစ္

ေရာက္ရင္ေတာင္ အဲဒီျပစ္ဒဏ္က အက်ဳံးဝင္မွာျဖစ္တယ္။

ၿပီးခဲ့တဲ့ဧၿပီလတုန္းက အဲဗာတန္အသင္းကို (၁-ဝ)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့

ပရီးမီးယားလိဂ္ပြဲအၿပီး၊ အဝတ္လဲခန္းထဲ သြားတဲလမ္းမွာ စီေရာ္နယ္လ္ဒိုဟာ

အဲဗာတန္ကေလးငယ္ပရိသတ္တစ္ဦးရဲ႕ ဖုန္းကို လက္နဲ႔႐ိုက္ခ်ခဲ့တာျဖစ္ၿပီး

အဲဒီလုပ္ရပ္အတြက္ FA က သူ႔ကို စြဲခ်က္တင္ခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့

FA က စီေရာ္နယ္လ္ဒိုကို (၂)ပြဲပယ္ျပစ္ဒဏ္အျပင္ ဒဏ္ေငြအျဖစ္

ေပါင္(၅၀,၀၀၀)ခ်မွတ္ခဲ့ပါတယ္။ စီေရာ္နယ္လ္ဒိုဟာ မၾကာေသးခင္က

ယူႏိုက္တက္အသင္းနဲ႔ စာခ်ဳပ္ဖ်က္သိမ္းခဲ့တာေၾကာင့္ အသင္းလက္မဲ့

ျဖစ္သြားၿပီး ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးက်ရင္ ကလပ္အသင္းသစ္

တစ္သင္းကို ရွာေဖြရမွာျဖစ္ပါတယ္။ ဒါေပမဲ့ စီေရာ္နယ္လ္ဒိုဟာ

ပရီးမီးယားလိဂ္ ဒါမွမဟုတ္ တျခားႏိုင္ငံက,ကလပ္တစ္သင္းကို

ေျပာင္းေ႐ႊ႕ျဖစ္မယ္ဆိုရင္ေတာင္ အခု ပြဲပယ္ျပစ္ဒဏ္ကို မျဖစ္မေန

က်ခံရမွာျဖစ္တဲ့အတြက္ အသင္းသစ္မွာ ခ်က္ခ်င္းပြဲထြက္ကစားခြင့္ရမွာ မဟုတ္ပါဘူး။