ပွဲအတွင်းမှာ စကားများခဲ့တဲ့ကိစ္စကို မာလစီယာနဲ့ ဒဲ့ဖြေရှင်းခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်က

ကွင်းထဲမှာ အသင်းဖော် တိုင်ရယ် မာလစီယာနဲ့ စကားများခဲ့တဲ့ကိစ္စကို

ပြန်လည်ဖြေရှင်းလာခဲ့ပါတယ်။ ဘရူနိုဟာ ဒီရာသီမှာ ဟယ်ရီ မက်ဂွိုင်းယား

မပါဝင်တဲ့ပွဲတွေမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေတာ ဖြစ်ပါတယ်။

ပေါ်တူဂီကွင်းလယ်လူဟာ အရင်တုန်းကလည်း မက်ဂွိုင်းယား၊

ဗစ်တာ လင်ဒီလော့ဖ်တို့နဲ့ စကားများခဲ့ဖူးပြီး၊ ထိုအရာဟာ ဘရူနိုရဲ့

အနိုင်ရလိုစိတ်ပြင်းထန်မှုကြောင့် ကောင်းတဲ့လက္ခဏာလို့ မှတ်ချက်

ပေးခြင်းခံခဲ့ရပါတယ်။ အခုတစ်ကြိမ်မှာတော့ ဘရူနိုရဲ့ ဆူငေါက်ခြင်းကို

ခံလိုက်ရတာကတော့ မန်ယူကစားသမားသစ် မာလစီယာဖြစ်ပြီး၊

ပြီးခဲ့တဲ့လတုန်းက လက်စတာစီးတီးအသင်းကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ

ဖြစ်ပါတယ်။ ထိုကိစ္စ‌ကြောင့် မာလစီယာဟာ သူ့အပေါ် စိတ်တိုခဲ့ကြောင်းနဲ့

အခြေအနေကို ရှင်းပြလိုက်တဲ့အခါမှာတော့ နားလည်သွားခဲ့ကြောင်း

ဖာနန်ဒက်စ်က ရှင်းပြလာခဲ့ပါတယ်။ “ လူတွေက ကျွန်တော်ဟာ

အသင်းဖော်တွေအပေါ် ဘယ်လိုမျိုး လက်တွေဝှေ့ရမ်းနေသလဲဆိုတာနဲ့

ပတ်သက်ပြီး ပြောကြတယ်။ လူတွေထင်သလိုမျိုးက ဘယ်တုန်းကမှ မဖြစ်ခဲ့ပါဘူး ”

“ ဒါတွေက လုံးဝအလိမ်တွေပါ။ ဘောလုံးတောင်းဖို့နဲ့ ဘယ်နေရာကို

ဘောလုံးပေးရမလဲဆိုတာ ပြောဖို့ ကျွန်တော့်ရဲ့ လက်တွေကို သုံးနိုင်ပါတယ်။

ဒါပေမယ့် ကျွန်တော်ဟာ ဘယ်တုန်းကမှ မုန်းတီးတဲ့စိတ်မျိုးနဲ့ မပြောခဲ့ပါဘူး။

ဘောလုံးပေးရမယ့်ဟာကို မပေးတာမျိုး၊ ဒါမှမဟုတ် အကောင်းဆုံး

ဆုံးဖြတ်ချက် မချတာမျိုး၊ ဒါမှမဟုတ် နှစ်ယောက်- တစ်ယောက်

အနေအထားမျိုးမှာ အသင်းဖော်ဆီ ဘောလုံးမပေးတာမျိုးတို့မှာ

တစ်ခါတစ်လေ တစ်ယောက်ယောက်ကို ကျွန်တော် အော်ငေါက်

မိတတ်တာ မှန်ပါတယ်။ မာလစီယာဆိုရင် ကျွန်တော် ငေါက်လိုက်တာကြောင့်

ကျွန်တော့်အပေါ် အတော်လေးဒေါသထွက်သွားခဲ့တယ်။

ဒါပေမယ့် ကျွန်တော် ဘာပြောသလဲ သူ နားမလည်ခဲ့ပါဘူး။

ကျွန်တော်က ‘ တိုင်ရယ်၊ မင်း‌ခေါင်းကိုမော့ပြီး ‘ အခြားတစ်ဖက်ကိုလည်း ကြည့်အုန်း ’

ဆိုပြီး အော်ခဲ့တာပါ။ ပွဲအပြီးမှာတော့ ကျွန်တော် သူ့ဆီသွားပြီး သူ့ခေါင်းကို

လက်တင်ပြီးတော့ ‘ ငါ မင်းကို ဒေါသစိတ်နဲ့ အော်နေတာ မဟုတ်ဘူး၊

ငါက မင်းကို ကစားပုံပြောင်းဖို့ အော်နေတာ ’ ဆိုပြီး အေးအေးဆေးဆေးပဲ ‌

ရှင်းပြခဲ့တယ်။ သူကလည်း ‘ ကျွန်တော်လည်း တောင်းပန်ပါတယ်၊

ကျွန်တော် ပင်ပန်းနေခဲ့တာကြောင့်ပါ ’ ဆိုပြီး ပြန်ပြောခဲ့တယ် ” လို့ ပြောပြခဲ့ပါတယ်။

zawgyi

ပြဲအတြင္းမွာ စကားမ်ားခဲ့တဲ့ကိစၥကုိ မာလစီယာနဲ႔ ဒဲ့ေျဖရွင္းခဲ့တဲ့ ဘ႐ူႏုိဖာနန္ဒက္စ္

မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္ကစားသမား ဘ႐ူႏို ဖာနန္ဒက္စ္က

ကြင္းထဲမွာ အသင္းေဖာ္ တိုင္ရယ္ မာလစီယာနဲ႔ စကားမ်ားခဲ့တဲ့ကိစၥကို

ျပန္လည္ေျဖရွင္းလာခဲ့ပါတယ္။ ဘ႐ူႏိုဟာ ဒီရာသီမွာ ဟယ္ရီ မက္ဂြိဳင္းယား

မပါဝင္တဲ့ပြဲေတြမွာ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူေနတာ ျဖစ္ပါတယ္။

ေပၚတူဂီကြင္းလယ္လူဟာ အရင္တုန္းကလည္း မက္ဂြိဳင္းယား၊

ဗစ္တာ လင္ဒီေလာ့ဖ္တို႔နဲ႔ စကားမ်ားခဲ့ဖူးၿပီး၊ ထိုအရာဟာ ဘ႐ူႏိုရဲ႕

အႏိုင္ရလိုစိတ္ျပင္းထန္မႈေၾကာင့္ ေကာင္းတဲ့လကၡဏာလို႔ မွတ္ခ်က္

ေပးျခင္းခံခဲ့ရပါတယ္။ အခုတစ္ႀကိမ္မွာေတာ့ ဘ႐ူႏိုရဲ႕ ဆူေငါက္ျခင္းကို

ခံလိုက္ရတာကေတာ့ မန္ယူကစားသမားသစ္ မာလစီယာျဖစ္ၿပီး၊

ၿပီးခဲ့တဲ့လတုန္းက လက္စတာစီးတီးအသင္းကို ၁-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲမွာ

ျဖစ္ပါတယ္။ ထိုကိစၥ‌ေၾကာင့္ မာလစီယာဟာ သူ႔အေပၚ စိတ္တိုခဲ့ေၾကာင္းနဲ႔

အေျခအေနကို ရွင္းျပလိုက္တဲ့အခါမွာေတာ့ နားလည္သြားခဲ့ေၾကာင္း

ဖာနန္ဒက္စ္က ရွင္းျပလာခဲ့ပါတယ္။ “ လူေတြက ကြၽန္ေတာ္ဟာ

အသင္းေဖာ္ေတြအေပၚ ဘယ္လိုမ်ိဳး လက္ေတြေဝွ႔ရမ္းေနသလဲဆိုတာနဲ႔

ပတ္သက္ၿပီး ေျပာၾကတယ္။ လူေတြထင္သလိုမ်ိဳးက ဘယ္တုန္းကမွ မျဖစ္ခဲ့ပါဘူး ”

“ ဒါေတြက လုံးဝအလိမ္ေတြပါ။ ေဘာလုံးေတာင္းဖို႔နဲ႔ ဘယ္ေနရာကို

ေဘာလုံးေပးရမလဲဆိုတာ ေျပာဖို႔ ကြၽန္ေတာ့္ရဲ႕ လက္ေတြကို သုံးႏိုင္ပါတယ္။

ဒါေပမယ့္ ကြၽန္ေတာ္ဟာ ဘယ္တုန္းကမွ မုန္းတီးတဲ့စိတ္မ်ိဳးနဲ႔ မေျပာခဲ့ပါဘူး။

ေဘာလုံးေပးရမယ့္ဟာကို မေပးတာမ်ိဳး၊ ဒါမွမဟုတ္ အေကာင္းဆုံး

ဆုံးျဖတ္ခ်က္ မခ်တာမ်ိဳး၊ ဒါမွမဟုတ္ ႏွစ္ေယာက္- တစ္ေယာက္

အေနအထားမ်ိဳးမွာ အသင္းေဖာ္ဆီ ေဘာလုံးမေပးတာမ်ိဳးတို႔မွာ

တစ္ခါတစ္ေလ တစ္ေယာက္ေယာက္ကို ကြၽန္ေတာ္ ေအာ္ေငါက္

မိတတ္တာ မွန္ပါတယ္။ မာလစီယာဆိုရင္ ကြၽန္ေတာ္ ေငါက္လိုက္တာေၾကာင့္

ကြၽန္ေတာ့္အေပၚ အေတာ္ေလးေဒါသထြက္သြားခဲ့တယ္။

ဒါေပမယ့္ ကြၽန္ေတာ္ ဘာေျပာသလဲ သူ နားမလည္ခဲ့ပါဘူး။

ကြၽန္ေတာ္က ‘ တိုင္ရယ္၊ မင္း‌ေခါင္းကိုေမာ့ၿပီး ‘ အျခားတစ္ဖက္ကိုလည္း ၾကည့္အုန္း ’

ဆိုၿပီး ေအာ္ခဲ့တာပါ။ ပြဲအၿပီးမွာေတာ့ ကြၽန္ေတာ္ သူ႔ဆီသြားၿပီး သူ႔ေခါင္းကို

လက္တင္ၿပီးေတာ့ ‘ ငါ မင္းကို ေဒါသစိတ္နဲ႔ ေအာ္ေနတာ မဟုတ္ဘူး၊

ငါက မင္းကို ကစားပုံေျပာင္းဖို႔ ေအာ္ေနတာ ’ ဆိုၿပီး ေအးေအးေဆးေဆးပဲ ‌

ရွင္းျပခဲ့တယ္။ သူကလည္း ‘ ကြၽန္ေတာ္လည္း ေတာင္းပန္ပါတယ္၊

ကြၽန္ေတာ္ ပင္ပန္းေနခဲ့တာေၾကာင့္ပါ ’ ဆိုၿပီး ျပန္ေျပာခဲ့တယ္ ” လို႔ ေျပာျပခဲ့ပါတယ္။