ဖရက်ဒ်နဲ့ တဲလက်စ်ကို ဆ-ဲဆ-ိုခဲ့တဲ့ ဖာနန်ဒက်စ်ရဲ့ ဗီဒီယိုဖိုင် ဟော့ဖြစ်နေ
မန်ချက်စတာယူနိုက်တက်နာမည်ကျော်ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ဟာ
လေ့ကျင့်ရေးကွင်းအပြင်မှာ ဗီဒီယိုရိုက်နေတဲ့ အသင်းဖော်ဖရက်ဒ်နဲ့
တဲလက်စ်တို့ကို ဒေါသပေါက်ကွဲပြီးတော့ အော်ဟစ်ဆဲဆိုနေတဲ့ရုပ်သံဖိုင်က
လူမှုကွန်ရက်ပေါ်မှာ ရေပန်းစားနေပါတယ်။ ယူနိုက်တက်နောက်ခံလူ
တဲလက်စ်ဟာ ဘရာဇီးလ်နိုင်ငံက football marketing agency ဖြစ်တဲ့
O Clube Football နဲ့ လေ့ကျင့်ရေးကွင်းအပြင်မှာ ဗီဒီယိုရိုက်နေတာဖြစ်သလို
သူ့ရဲ့တစ်နေ့တာလှုပ်ရှားမှုတွေကို ပရိသတ်တွေသိအောင်ရိုက်ကူးနေတာဖြစ်ပြီး
အဲဒီအချိန်မှာ တဲလက်စ်နဲ့အတူ ဖရက်ဒ်လည်းရှိနေတာပါ။
ဒါပေမဲ့လည်း လာမယ့်ရာသီသစ်အတွက် ယူနိုက်တက်ကစားသမားတွေ
အသည်းအသန်လေ့ကျင့်နေချိန်မှာ ဖရက်ဒ်နဲ့တဲလက်စ်တို့ရဲ့လုပ်ရပ်က
ဘရူနိုဖာနန်ဒက်စ်အတွက် ‘မျက်စိစပါးမွေးစူး’စရာဖြစ်ခဲ့ပြီး လေ့ကျင့်ရေး
ကွင်းအပြင်ကနေ သူတို့နှစ်ယောက်ကို လှမ်းအော်ဆဲခဲ့တာဖြစ်ပါတယ်။
ဘရူနိုဖာနန်ဒက်စ်က “မင်းတို့တွေ ကိုယ့်ကိုယ်ကိုယ် ဆရာကြီးပုံစံနဲ့နေတာတွေ
ရပ်လိုက်တော့။ မင်းတို့ ဒီမှာ ဘောလုံးကစားဖို့လာကြတာ … ဗီဒီယိုရိုက်ဖို့
မဟုတ်ဘူးကွ။ ဗီဒီယိုရိုက်ချင်ရင် င့ါဟာကို လာရိုက် (Film my d**k)”လို့
အော်ဆဲခဲ့ပြီး ဖရက်ဒ်က “အေးဆေးပေ့ါကွာ ..ေ-ာက်ရူးရဲ့
(Chill out you f****r!)”ဆိုပြီးတော့ ပြန်ဆဲခဲ့ပါတယ်။
ယူနိုက်တက်ပရိသတ်တွေကတော့ ဘရူနိုဖာနန်ဒက်စ်ရဲ့လုပ်ရပ်အပေါ်
အားပေးနေကြပြီး အွန်လိုင်းပေါ်မှာ ချီးကျူးရေးသားခဲ့ကြပါတယ်။
zawgyi
အော်ဆဲခဲ့ပြီး ဖရက်ဒ်က “အေးဆေးပေါ့ကွာ ..ေ-ာက်ရူးရဲ့