ဖရက်ဒ်၊ တိုမီနေးတို့ကိုတောင် လိုက်မမီတဲ့ ရာဘီယော့ကို ယူနိုက်တက် ဘာကြောင့် အသည်းအသန်ခေါ်ချင်နေတာလဲ?

မန်ချက်စတာယူနိုက်တက်ဟာဂျူဗင်တပ်အလယ်တန်းကစားသမား

အက်ဒရီယန်ရာဘီယော့ကိုခေါ်ယူရေးကြိုးပမ်းနေကြောင်း

သတင်းထွက်နေပါတယ်။ အဲရစ်တန်ဟက်ဟာယခုနွေရာသီမှာပေါလ်ပေါ့ဘာနှင့်

နီမင်ဂျာမာတစ်တို့ကိုဆုံးရှုံးခဲ့ရပြီးနောက် ဖရက်နှင့်စကော့မက်တိုမီနေးတို့ကိုသာ

ကွင်းလယ်အထိုင်အတွက်အားကိုးနေရမှုကြောင့်ကွင်းလယ်ပိုင်းကို

အားဖြည့်လိုနေပါတယ်။ ဒါပေမဲ့ယနေ့အွန်လိုင်းတွင်ထွက်ပေါ်လာတဲ့

မှတ်တမ်းမှတ်ရာတွေအရအက်ဒရီယန်ရာဘီယော့က ယူနိုက်တက်အတွက်

အဖြေတစ်ခုဖြစ်လာဖို့အလှမ်းဝေးနေတာတွေ့ရပါတယ်။

ပြင်သစ်အလယ်တန်းကစားသမားကယူနိုက်တက်မှာရှိနှင့်နေပြီးသားဖြစ်တဲ့

ဖရက်၊စကော့မက်တိုမီနေးတို့လောက်တောင်ခြေစွမ်းကောင်းမွန်ခြင်း

မရှိတာတွေ့ရပါတယ်။ ရာဘီယော့ဟာ၂၀၂၀ခုနှစ်၊စက်တင်ဘာနှောင်းပိုင်းမှာ

၆၆ပွဲကစားထားရပြီးမက်တိုမီနေးထက်၃ပွဲနှင့်ဖရက်ထက်၆ပွဲပိုကစားထားပါတယ်။

ဒါပေမဲ့ဂျူဗင်တပ်အတွက်ရာဘီယော့ရဲ့စွမ်းဆောင်ပေးမှုကဖရက်၊

စကော့မက်တိုမီနေးတို့ရဲ့ခြေစွမ်းကိုမမီတာတွေ့ရပါတယ်။

သူဟာယင်းကာလအတွင်းမှာ၄ဂိုးတည်းသာသွင်းထားနိုင်ပြီး ဘရိုက်တန်နှင့်ပွဲမှာ

ပွဲထွက်ခဲ့တဲ့ဖရက်နှင့်စကော့မက်တိုမီနေးတို့နှစ်ဦးထက်တစ်ဂိုးလျှော့ပြီး

သွင်းထားပါတယ်။ ဖန်တီးမှုပိုင်းမှာလည်းသူဟာမက်တိုမီနေးထက်၂ကြိမ်သာ

ပိုများပြားပြီးဖရက်ရဲ့ဖန်တီးမှုနှင့်အတူတူဖြစ်ပါတယ်။ အခြားစွမ်းဆောင်ရည်

ပိုင်းမှာပီအက်စ်ဂျီကစားသမားဟောင်းဟာဖရက်နှင့် စကော့မက်တိုမီနေးတို့ကို

လိုက်မမီပါဘူး။ သူဟာဂိုးရနိုင်တဲ့ဖန်တီးမှု၃၁ကြိမ်တည်းသာပြုလုပ်ထားကာ

မက်တိုမီနေးထက်၉ကြိမ်နည်းပါးပြီးဖရက်ထက်၂၂ကြိမ်အထိနည်းပါးပါတယ်။

ဖရက်ဟာ၂၀၂၀ခုနှစ်စက်တင်ဘာလနောက်ပိုင်းမှာဘောလုံးပေးပို့မှု

အကြိမ်၇၀၀ကျော်ပိုမိုပြုလုပ်ထားသလို မက်တိုမီနေးကလည်းရာဘီယော့ထက်

ပိုများပြားပါတယ်။ ဂျူဗင်တပ်ကစားသမားဟာဘောလုံးထိတွေ့မှုနည်းသလို

ပြစ်ဒဏ်ဘောကျူးလွန်မှုကလည်းနည်းပါးပါတယ်။ Possion Won ပိုင်းမှာလည်း

စကော့မက်တိုမီနေးနှင့်ဖရက်တို့ကိုလိုက်မမီပါဘူး။ ဒီတော့အဲရစ်တန်ဟက်နှင့်

မန်ချက်စတာယူနိုက်တက်အနေနဲ့ ဖရက်၊စကော့မက်တိုမီနေးလောက်တောင်

မကောင်းတဲ့ အက်ဒရီယန်ရာဘီယော့ကို ဘာကြောင့်ခေါ်ယူချင်ရသလဲဆိုတာ

မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ သူ့ကိုခေါ်ယူလိုက်တဲ့အတွက်

ယူနိုက်တက်အတွက်ဘာများထူးထူးခြားခြားပိုကောင်းလာမလဲမေးခွန်းထုတ်စရာဖြစ်နေပါတယ်။

zawgyi

ဖရက္ဒ္၊ တုိမီေနးတုိ႔ကုိေတာင္ လုိက္မမီတဲ့ ရာဘီေယာ့ကို ယူႏိုက္တက္ ဘာေၾကာင့္ အသည္းအသန္ေခၚခ်င္ေနတာလဲ?

မန္ခ်က္စတာယူႏိုက္တက္ဟာဂ်ဴဗင္တပ္အလယ္တန္းကစားသမား

အက္ဒရီယန္ရာဘီေယာ့ကိုေခၚယူေရးႀကိဳးပမ္းေနေၾကာင္း

သတင္းထြက္ေနပါတယ္။ အဲရစ္တန္ဟက္ဟာယခုေႏြရာသီမွာေပါလ္ေပါ့ဘာႏွင့္

နီမင္ဂ်ာမာတစ္တို႔ကိုဆုံးရႈံးခဲ့ရၿပီးေနာက္ ဖရက္ႏွင့္စေကာ့မက္တိုမီေနးတို႔ကိုသာ

ကြင္းလယ္အထိုင္အတြက္အားကိုးေနရမႈေၾကာင့္ကြင္းလယ္ပိုင္းကို

အားျဖည့္လိုေနပါတယ္။ ဒါေပမဲ့ယေန႔အြန္လိုင္းတြင္ထြက္ေပၚလာတဲ့

မွတ္တမ္းမွတ္ရာေတြအရအက္ဒရီယန္ရာဘီေယာ့က ယူႏိုက္တက္အတြက္

အေျဖတစ္ခုျဖစ္လာဖို႔အလွမ္းေဝးေနတာေတြ႕ရပါတယ္။

ျပင္သစ္အလယ္တန္းကစားသမားကယူႏိုက္တက္မွာရွိႏွင့္ေနၿပီးသားျဖစ္တဲ့

ဖရက္၊စေကာ့မက္တိုမီေနးတို႔ေလာက္ေတာင္ေျခစြမ္းေကာင္းမြန္ျခင္း

မရွိတာေတြ႕ရပါတယ္။ ရာဘီေယာ့ဟာ၂၀၂၀ခုႏွစ္၊စက္တင္ဘာေႏွာင္းပိုင္းမွာ

၆၆ပြဲကစားထားရၿပီးမက္တိုမီေနးထက္၃ပြဲႏွင့္ဖရက္ထက္၆ပြဲပိုကစားထားပါတယ္။

ဒါေပမဲ့ဂ်ဴဗင္တပ္အတြက္ရာဘီေယာ့ရဲ႕စြမ္းေဆာင္ေပးမႈကဖရက္၊

စေကာ့မက္တိုမီေနးတို႔ရဲ႕ေျခစြမ္းကိုမမီတာေတြ႕ရပါတယ္။

သူဟာယင္းကာလအတြင္းမွာ၄ဂိုးတည္းသာသြင္းထားႏိုင္ၿပီး ဘ႐ိုက္တန္ႏွင့္ပြဲမွာ

ပြဲထြက္ခဲ့တဲ့ဖရက္ႏွင့္စေကာ့မက္တိုမီေနးတို႔ႏွစ္ဦးထက္တစ္ဂိုးေလွ်ာ့ၿပီး

သြင္းထားပါတယ္။ ဖန္တီးမႈပိုင္းမွာလည္းသူဟာမက္တိုမီေနးထက္၂ႀကိမ္သာ

ပိုမ်ားျပားၿပီးဖရက္ရဲ႕ဖန္တီးမႈႏွင့္အတူတူျဖစ္ပါတယ္။ အျခားစြမ္းေဆာင္ရည္

ပိုင္းမွာပီအက္စ္ဂ်ီကစားသမားေဟာင္းဟာဖရက္ႏွင့္ စေကာ့မက္တိုမီေနးတို႔ကို

လိုက္မမီပါဘူး။ သူဟာဂိုးရႏိုင္တဲ့ဖန္တီးမႈ၃၁ႀကိမ္တည္းသာျပဳလုပ္ထားကာ

မက္တိုမီေနးထက္၉ႀကိမ္နည္းပါးၿပီးဖရက္ထက္၂၂ႀကိမ္အထိနည္းပါးပါတယ္။

ဖရက္ဟာ၂၀၂၀ခုႏွစ္စက္တင္ဘာလေနာက္ပိုင္းမွာေဘာလုံးေပးပို႔မႈ

အႀကိမ္၇၀၀ေက်ာ္ပိုမိုျပဳလုပ္ထားသလို မက္တိုမီေနးကလည္းရာဘီေယာ့ထက္

ပိုမ်ားျပားပါတယ္။ ဂ်ဴဗင္တပ္ကစားသမားဟာေဘာလုံးထိေတြ႕မႈနည္းသလို

ျပစ္ဒဏ္ေဘာက်ဴးလြန္မႈကလည္းနည္းပါးပါတယ္။ Possion Won ပိုင္းမွာလည္း

စေကာ့မက္တိုမီေနးႏွင့္ဖရက္တို႔ကိုလိုက္မမီပါဘူး။ ဒီေတာ့အဲရစ္တန္ဟက္ႏွင့္

မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ဖရက္၊စေကာ့မက္တိုမီေနးေလာက္ေတာင္

မေကာင္းတဲ့ အက္ဒရီယန္ရာဘီေယာ့ကို ဘာေၾကာင့္ေခၚယူခ်င္ရသလဲဆိုတာ

ေမးခြန္းထုတ္စရာျဖစ္ေနပါတယ္။ သူ႔ကိုေခၚယူလိုက္တဲ့အတြက္

ယူႏိုက္တက္အတြက္ဘာမ်ားထူးထူးျခားျခားပိုေကာင္းလာမလဲေမးခြန္းထုတ္စရာျဖစ္ေနပါတယ္။