
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီရာသီယူရိုပါလိဂ်
ဗိုလ်လုပွဲအဆင့်အထိရောက်ရှိအောင်စွမ်းဆောင်ခဲ့တဲ့
ဖရန့်ဖတ်အသင်းနောက်ခံလူအီဗန်အန်ဒီကာကိုခေါ်ယူဖို့
စိတ်ဝင်စားနေပါတယ်။ အသက်(၂၂)နှစ်အရွယ်သာရှိသေးတဲ့
ပြင်သစ်နောက်ခံလူအန်ဒီကာဟာ ဒီရာသီမှာ ဖရန့်ဖတ်အသင်း
ခံစစ်အတွက်ခြေစွမ်းပြကစားနေတာကြောင့် ယူနိုက်တက်အသင်းက
သူ့ကိုခေါ်ယူဖို့ပစ်မှတ်ထားနေတာဖြစ်ပြီး နယူးကာဆယ်အသင်းနဲ့အပြိုင်
ကြိုးပမ်းရဖို့ရှိနေပါတယ်။ အန်ဒီကာရဲ့လက်ရှိစာချုပ်က လာမယ့်
၂၀၂၂-၂၃ ရာသီကုန်ကျရင် သက်တမ်းပြည့်မှာဖြစ်ပြီး လာမယ့်နွေရာသီ
အပြောင်းအရွှေ့မှာ သူ့ကိုခေါ်ယူလိုတဲ့အသင်းတွေအနေနဲ့
ပေါင်(၁၇)သန်းလောက်သုံးစွဲရဖို့ရှိနေပါပြီ။ ဖရန့်ဖတ်အသင်းအနေနဲ့
သူတို့ရဲ့လူငယ်ကြယ်ပွင့်နောက်ခံလူကို ဆက်ထိန်းထားချင်ပေမယ့်လည်း
အခု ပရီးမီးယားလိဂ်ကလပ်တွေက ပစ်မှတ်ထားလာတာကြောင့်
စာချုပ်ကုန်တဲ့အထိ အသင်းမှာဆက်ထားပြီးမှ အလွတ်နဲ့လက်လွှတ်ခံမလား၊
လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အန်ဒီကာကို ရောင်းချပြီး
ငွေရှာသွားမလားဆိုတာ ဆုံးဖြတ်ရတော့မှာပါ။
zawgyi
ဖရန႔္ဖတ္အသင္းကို ယူ႐ိုပါလိဂ္ဗိုလ္လုပြဲေရာက္ေအာင္ကူညီေပးခဲ့တဲ့ ေနာက္ခံလူကို ယူႏိုက္တက္ႀကိဳးပမ္းမယ္
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဒီရာသီယူ႐ိုပါလိဂ္
ဗိုလ္လုပြဲအဆင့္အထိေရာက္ရွိေအာင္စြမ္းေဆာင္ခဲ့တဲ့
ဖရန႔္ဖတ္အသင္းေနာက္ခံလူအီဗန္အန္ဒီကာကိုေခၚယူဖို႔
စိတ္ဝင္စားေနပါတယ္။ အသက္(၂၂)ႏွစ္အ႐ြယ္သာရွိေသးတဲ့
ျပင္သစ္ေနာက္ခံလူအန္ဒီကာဟာ ဒီရာသီမွာ ဖရန႔္ဖတ္အသင္း
ခံစစ္အတြက္ေျခစြမ္းျပကစားေနတာေၾကာင့္ ယူႏိုက္တက္အသင္းက
သူ႔ကိုေခၚယူဖို႔ပစ္မွတ္ထားေနတာျဖစ္ၿပီး နယူးကာဆယ္အသင္းနဲ႔အၿပိဳင္
ႀကိဳးပမ္းရဖို႔ရွိေနပါတယ္။ အန္ဒီကာရဲ႕လက္ရွိစာခ်ဳပ္က လာမယ့္
၂၀၂၂-၂၃ ရာသီကုန္က်ရင္ သက္တမ္းျပည့္မွာျဖစ္ၿပီး လာမယ့္ေႏြရာသီ
အေျပာင္းအေ႐ႊ႕မွာ သူ႔ကိုေခၚယူလိုတဲ့အသင္းေတြအေနနဲ႔
ေပါင္(၁၇)သန္းေလာက္သုံးစြဲရဖို႔ရွိေနပါၿပီ။ ဖရန႔္ဖတ္အသင္းအေနနဲ႔
သူတို႔ရဲ႕လူငယ္ၾကယ္ပြင့္ေနာက္ခံလူကို ဆက္ထိန္းထားခ်င္ေပမယ့္လည္း
အခု ပရီးမီးယားလိဂ္ကလပ္ေတြက ပစ္မွတ္ထားလာတာေၾကာင့္
စာခ်ဳပ္ကုန္တဲ့အထိ အသင္းမွာဆက္ထားၿပီးမွ အလြတ္နဲ႔လက္လႊတ္ခံမလား၊
လာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ အန္ဒီကာကို ေရာင္းခ်ၿပီး
ေငြရွာသြားမလားဆိုတာ ဆုံးျဖတ္ရေတာ့မွာပါ။