M Diary Channel
Local and Sport News
ဖာနန်ဒက်စ်ကြောင့် စိတ်ဓာတ်ခွန်အားတွေ ရရှိခဲ့ဖူးကြောင်း ဖွင့်ဟလာတဲ့ လင်ဂတ်
မန်ယူအသင်းရဲ့ ကွင်းလယ်လူ လင်ဂတ်ကတော့ အသင်းဖော် ဖာနန်ဒက်စ်ဟာ
၎င်းအပေါ်မှာ အမြဲလိုလို အားပေးမှုတွေပြလုပ်တတ်ပြီး ၎င်းတို့နှစ်ဦးကြားက
ရင်းနှီးမှုကို ဖွင့်ဟလာပါတယ်။ ” ဖာနန်ဒက်စ်က ကျွန်တော့်ကို တစ်ခါက ပြောခဲ့ဖူးတယ်။
အဲ့ဒီတုန်းက ပွဲတစ်ပွဲ ကစားဖို့ မတိုင်ခင်မှာ သူ ကျွန်တော့်ကို ပြောခဲ့တာ။
လင်ဂတ်ရေ .. ငါ သိတဲ့ မင်းရဲ့ ပုံစံအစစ်အမှန်ကိုပဲ မြင်တွေ့ချင်တယ်ကွာတဲ့။
ကျွန်တော် အဲ့ဒီ စကားကို အခုထိ မှတ်မိနေတုန်းပဲ”
” သူပြောတာကို နားထောင်ပြီး ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး စိတ်ထဲကနေ
ပြောဖြစ်တယ်။ သူပြောသလို ငါ  ဘာလို့ မလုပ်နိုင်ရမှာလဲပေါ့။ ဒီနေ့ ဒီနေရာအထိ
ရောက်ဖို့တောင် ငါ အများကြီး ကြိုးစားလာခဲ့ပြီးပြီ။ ငါ့မှာ အကောင်းဆုံး အချိန်တွေလည်း
ရှိခဲ့တယ်။ ပြီးတော့ ငါက ဘောလုံးကစားရတာကို နှစ်သက်တယ်။
ဒီတော့ ငါအကောင်းဆုံး ကြိုးစားမယ်ဆိုပြီးတော့ပေါ့”
” ဖာနန်ဒက်စ်က ကျွန်တော် အရမ်းချစ်ခင်ရတဲ့ အသင်းဖော်တစ်ဦးပါပဲ။
သူ့လို ကစားသမားတစ်ယောက်ဆီက စိတ်ဓာတ်ခွန်အားပေးမှုတွေရရှိခဲ့တာ
မယံနိုင်စရာပါပဲ၊ ကျွန်တော် ဝက်စ်ဟမ်းမှာ အငှားထွက်ကစားနေရတဲ့
အချိန်တွေမှာတောင် သူ ကျွန်တော့်ကို ဖုန်းနဲ့ အမြဲ စာပို့ပြီး အားပေးစကားပြောခဲ့တယ်” လို့
လင်ဂတ်ကဆိုပါတယ်။ လင်ဂတ်ဟာ ဒီရာသီမှာ ပြီးခဲ့တဲ့ ရာသီတုန်းထက်
ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပေမယ့်လည်း မန်ယူအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်
တစ်နေရာရဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။
ရာသီကုန်မှာ စာချုပ်ကုန်ဆုံးတော့မယ် လင်ဂတ်ကို ဘာစီလိုနာ ၊ အေစီမီလန် အစရှိတဲ့
အသင်းတွေက စိတ်ဝင်စားနေပေမယ့် မန်ယူနည်းပြဆိုးလ်ရှားကတော့ အသင်းမှာ
ဆက်ပြီး ထိန်းထားလိုနေပါတယ်။ ဒါပေမယ့် အသင်းတာဝန်ရှိသူတွေကတော့ လင်ဂတ်ကို
ရောင်းထုတ်ဖို့အတွက်သာ စဥ်းစားနေပြီး ကစားသမားကိုယ်တိုင်ကလည်း
ပွဲထွက်ခွင့်များများရပြီး ကမ္ဘာ့ဖလားမှာ နိုင်ငံအသင်းအတွက် အရွေးချယ်ခံချင်နေတာကြောင့်
လာမယ့်နွေရာသီမှာ အသင်းနဲ့ လမ်းခွဲသွားနိုင်တဲ့ အနေအထားတစ်ရပ်ကို နီးစပ်နေပါတယ်။
zawgyi
mdiarymm