
ဆယ်ကျော်သက်အရွယ် MMA ဖိုက်တာမလေး ဗစ်တိုးရီးယားလီ
ရုတ်တရတ် 6သဆုံးသွားခဲ့ပြီးနောက် သူ့မိသားစုဟာ
ဟာဝိုင်ယီမှာရှိတဲ့ သူတို့ရဲ့ Gym ကို အပြီးပိတ်သိမ်းလိုက်ပါတယ်။
ဒီ Gym ကို ၂၀၁၃ တုန်းက ဗစ်တိုရီးယားလီရဲ့မိဘတွေက
တည်ထောင်ခဲ့တာပါ။ MMA နဲ့ ဘရာဇီးဂျူဂျစ်ဆုကိုယ်ခံပညာတို့ကို
ကလေးအရွယ်ရော လူကြီးအရွယ်ပါ သင်ကြားပေးဖို့ ရည်ရွယ်
ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ စင်ကာပူသားဖခင်ဖြစ်သူ
ကင် နဲ့ ကိုရီးယားကနေဒါစပ်မိခင်ဖြစ်သူ ဂျီဝယ်တို့ရဲ့သားသမီး
၄ ယောက်စလုံးဖြစ်တဲ့ အိန်ဂျလာ၊ ခရစ္စတီယန်၊ ဗစ်တိုးရီးယားနဲ့
အက်ဒရီယန်တို့ဟာ အဲဒီ Gym မှာပဲ လေ့ကျင့်ခဲ့တာပါ။
အက်ဒရီယန်ကလွဲရင် ကျန် ၃ ယောက်စလုံးက
စင်ကာပူအခြေစိုက် MMA ပြိုင်ပွဲဖြစ်တဲ့ One Championship
အတွက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ United MMA Hawaii လို့
အမည်ရတဲ့အဲဒီ Gym ရဲ့ Instagram စာမျက်နှာမှာလည်း
အပြီးတိုင်ပိတ်လိုက်ပြီလို့ ဖော်ပြထားတာပါ။ ၁၈ နှစ်သာ
ရှိသေးတဲ့ ဗစ်တိုရီးယားလီဟာ ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၆ က
ဟာဝိုင်ယီမှာ 6သဆုံးခဲ့တာဖြစ်ပြီး ညီမဖြစ်သူကွယ်လွန်
သွားခဲ့ပြီဖြစ်ကြောင်း ဆိုရှယ်မီဒီယာထက်မှာ အိန်ဂျလာ
အသိပေးကြေညာခဲ့တာကတော့ ပြီးခဲ့တဲ့စနေကမှ ဖြစ်ပါတယ်။
အခုချိန်ထိလည်း ဘာကြောင့်သေဆုံးရတယ်ဆိုတဲ့
အကြောင်းအရင်းကို မိသားစု ဖွင့်မပြောပါဘူး။
ဗစ်တိုးရီးယားလီ ရုတ်တရတ်ကွယ်လွန်သွားလို့ လာမယ့်စနေ
ဘန်ကောက်မှာ သူမနဲ့ယှဉ်ပြိုင်ရမယ့် အိန္ဒိယက ဘာနိုနဲ့ပွဲကို
One Championship က ဖျက်သိမ်းခဲ့ရပါတယ်။
ဗစ်တိုရီးယားလီဟာ One Championship က Atomweight မှာ
ကစားသမားဘ၀ ၃ ပွဲစလုံးကို နိုင်ထားတာပါ။
သူမရဲ့အစ်မဖြစ်တဲ့ ၂၆ နှစ်အရွယ် အိန်ဂျလာလီက
One Championship ရဲ့ Atomweight ကမ္ဘာ့ချန်ပီယံဖြစ်ပြီး
အစ်ကိုဖြစ်သူ ၂၄ နှစ်အရွယ် ခရစ္စတီယန်လီကလည်း
လိုက်ဝိတ်နဲ့ဝယ်သာဝိတ်ချန်ပီယံခါးပတ်တွေ ရရှိထားပါတယ်။
မောင်ဖြစ်တဲ့ ၁၇ နှစ်အရွယ် အက်ဒရီယန်ကလည်း
အကြီးတွေရဲ့ခြေရာကိုနင်းဖို့ရှိကာ ပြီးခဲ့တဲ့ဒီဇင်ဘာက
ဟာဝိုင်ယီမှာ ကျင်းပတဲ့ ပထမဆုံးအပျော်တမ်း MMA ပြိုင်ပွဲမှာ ဗိုလ်စွဲထားတာပါ။
သူတို့အားလုံးကို ဖခင်ဖြစ်သူက လေ့ကျင့်သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။
zawgyi
ဗစ္တိုးရီးယားလီ6သဆုံးမႈ ေနာက္ဆက္တြဲအျဖစ္ Gym ကို အၿပီးပိတ္သိမ္းလုိက္တဲ့ လီမိသားစု
ဆယ္ေက်ာ္သက္အ႐ြယ္ MMA ဖိုက္တာမေလး ဗစ္တိုးရီးယားလီ
႐ုတ္တရတ္ 6သဆုံးသြားခဲ့ၿပီးေနာက္ သူ႔မိသားစုဟာ
ဟာဝိုင္ယီမွာရွိတဲ့ သူတို႔ရဲ႕ Gym ကို အၿပီးပိတ္သိမ္းလိုက္ပါတယ္။
ဒီ Gym ကို ၂၀၁၃ တုန္းက ဗစ္တိုရီးယားလီရဲ႕မိဘေတြက
တည္ေထာင္ခဲ့တာပါ။ MMA နဲ႔ ဘရာဇီးဂ်ဴဂ်စ္ဆုကိုယ္ခံပညာတို႔ကို
ကေလးအ႐ြယ္ေရာ လူႀကီးအ႐ြယ္ပါ သင္ၾကားေပးဖို႔ ရည္႐ြယ္
ဖြင့္လွစ္ခဲ့တာ ျဖစ္ပါတယ္။ စင္ကာပူသားဖခင္ျဖစ္သူ
ကင္ နဲ႔ ကိုရီးယားကေနဒါစပ္မိခင္ျဖစ္သူ ဂ်ီဝယ္တို႔ရဲ႕သားသမီး
၄ ေယာက္စလုံးျဖစ္တဲ့ အိန္ဂ်လာ၊ ခရစၥတီယန္၊ ဗစ္တိုးရီးယားနဲ႔
အက္ဒရီယန္တို႔ဟာ အဲဒီ Gym မွာပဲ ေလ့က်င့္ခဲ့တာပါ။
အက္ဒရီယန္ကလြဲရင္ က်န္ ၃ ေယာက္စလုံးက
စင္ကာပူအေျခစိုက္ MMA ၿပိဳင္ပြဲျဖစ္တဲ့ One Championship
အတြက္ ယွဥ္ၿပိဳင္ခဲ့ၾကပါတယ္။ United MMA Hawaii လို႔
အမည္ရတဲ့အဲဒီ Gym ရဲ႕ Instagram စာမ်က္ႏွာမွာလည္း
အၿပီးတိုင္ပိတ္လိုက္ၿပီလို႔ ေဖာ္ျပထားတာပါ။ ၁၈ ႏွစ္သာ
ရွိေသးတဲ့ ဗစ္တိုရီးယားလီဟာ ၿပီးခဲ့တဲ့ဒီဇင္ဘာ ၂၆ က
ဟာဝိုင္ယီမွာ 6သဆုံးခဲ့တာျဖစ္ၿပီး ညီမျဖစ္သူကြယ္လြန္
သြားခဲ့ၿပီျဖစ္ေၾကာင္း ဆိုရွယ္မီဒီယာထက္မွာ အိန္ဂ်လာ
အသိေပးေၾကညာခဲ့တာကေတာ့ ၿပီးခဲ့တဲ့စေနကမွ ျဖစ္ပါတယ္။
အခုခ်ိန္ထိလည္း ဘာေၾကာင့္ေသဆုံးရတယ္ဆိုတဲ့
အေၾကာင္းအရင္းကို မိသားစု ဖြင့္မေျပာပါဘူး။
ဗစ္တိုးရီးယားလီ ႐ုတ္တရတ္ကြယ္လြန္သြားလို႔ လာမယ့္စေန
ဘန္ေကာက္မွာ သူမနဲ႔ယွဥ္ၿပိဳင္ရမယ့္ အိႏၵိယက ဘာႏိုနဲ႔ပြဲကို
One Championship က ဖ်က္သိမ္းခဲ့ရပါတယ္။
ဗစ္တိုရီးယားလီဟာ One Championship က Atomweight မွာ
ကစားသမားဘ၀ ၃ ပြဲစလုံးကို ႏိုင္ထားတာပါ။
သူမရဲ႕အစ္မျဖစ္တဲ့ ၂၆ ႏွစ္အ႐ြယ္ အိန္ဂ်လာလီက
One Championship ရဲ႕ Atomweight ကမာၻ႔ခ်န္ပီယံျဖစ္ၿပီး
အစ္ကိုျဖစ္သူ ၂၄ ႏွစ္အ႐ြယ္ ခရစၥတီယန္လီကလည္း
လိုက္ဝိတ္နဲ႔ဝယ္သာဝိတ္ခ်န္ပီယံခါးပတ္ေတြ ရရွိထားပါတယ္။
ေမာင္ျဖစ္တဲ့ ၁၇ ႏွစ္အ႐ြယ္ အက္ဒရီယန္ကလည္း
အႀကီးေတြရဲ႕ေျခရာကိုနင္းဖို႔ရွိကာ ၿပီးခဲ့တဲ့ဒီဇင္ဘာက
ဟာဝိုင္ယီမွာ က်င္းပတဲ့ ပထမဆုံးအေပ်ာ္တမ္း MMA ၿပိဳင္ပြဲမွာ ဗိုလ္စြဲထားတာပါ။
သူတို႔အားလုံးကို ဖခင္ျဖစ္သူက ေလ့က်င့္သင္ၾကားေပးခဲ့တာ ျဖစ္ပါတယ္။