ဗယ်လ်ဗာဒီနဲ့ ယာအိုဖိလစ်တို့ကို ယူနိုက်တက် ယူရိုသန်း(၁၂၀)နဲ့ကမ်းလှမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက

လာလီဂါနာမည်ကျော်ကစားသမားနှစ်ဦးကို ယူရိုသန်း(၁၂၀)နဲ့

ကမ်းလှမ်းခဲ့ပေမယ့် အဆင်မပြေဖြစ်ခဲ့တယ်လို့ သတင်းထွက်နေပါတယ်။

စပိန်ဒီဂျစ်တယ်သတင်းစာ Ok Diario က ယူနိုက်တက်အသင်းဟာ

ကတ်စ်မဲရိုးကို မခေါ်ခင် ရီးယဲလ်ကွင်းလယ်လူဗယ်လ်ဗာဒီကို

ယူရိုသန်း(၁၂၀)နဲ့ကမ်းလှမ်းခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်သူ ဥရုဂွေးလက်ရွေးစင်ကစားသမား

ဗယ်လ်ဗာဒီဟာ ရီးယဲလ်အသင်းအတွက် ခြေစွမ်းပြကစားနေတာဖြစ်ပြီး

သူ့ကို ယူနိုက်တက်အသင်းက ဦးစားပေးပစ်မှတ်အဖြစ် ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့လည်း ရီးယဲလ်အသင်းဟာ သူတို့ရဲ့အဓိကကွင်းလယ်လူကို

လက်မလွှတ်လိုတာကြောင့် ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့တာကြောင့်

ယူနိုက်တက်တို့ ကတ်စ်မဲရိုးကို ပြောင်းလဲကြိုးပမ်းခဲ့ရတာပါ။

ဒါ့အပြင် ယူနိုက်တက်အသင်းဟာ အက်သလက်တီကိုရဲ့ ပေါ်တူဂီ

လူငယ်ကြယ်ပွင့် ယာအိုဖိလစ်ကိုလည်း ယူရိုသန်း(၁၂၀)နဲ့ကမ်းလှမ်းခဲ့

တယ်လို့ Ok Diario က အတည်ပြုခဲ့ပါတယ်။ ယူနိုက်တက်

အသင်းအနေနဲ့ တိုက်စစ်ပိုင်းအားဖြည့်ဖို့အတွက် ယာအိုဖိလစ်ကို

ပစ်မှတ်ထားခဲ့တာဖြစ်ပေမယ့် အဆင်မပြေခဲ့ပါဘူး။

zawgyi

ဗယ္လ္ဗာဒီနဲ႔ ယာအိုဖိလစ္တို႔ကို ယူႏိုက္တက္ ယူ႐ိုသန္း(၁၂၀)နဲ႔ကမ္းလွမ္းခဲ့ေပမယ့္ မေအာင္ျမင္ခဲ့

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕တုန္းက

လာလီဂါနာမည္ေက်ာ္ကစားသမားႏွစ္ဦးကို ယူ႐ိုသန္း(၁၂၀)နဲ႔

ကမ္းလွမ္းခဲ့ေပမယ့္ အဆင္မေျပျဖစ္ခဲ့တယ္လို႔ သတင္းထြက္ေနပါတယ္။

စပိန္ဒီဂ်စ္တယ္သတင္းစာ Ok Diario က ယူႏိုက္တက္အသင္းဟာ

ကတ္စ္မဲ႐ိုးကို မေခၚခင္ ရီးယဲလ္ကြင္းလယ္လူဗယ္လ္ဗာဒီကို

ယူ႐ိုသန္း(၁၂၀)နဲ႔ကမ္းလွမ္းခဲ့တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

အသက္(၂၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဥ႐ုေဂြးလက္ေ႐ြးစင္ကစားသမား

ဗယ္လ္ဗာဒီဟာ ရီးယဲလ္အသင္းအတြက္ ေျခစြမ္းျပကစားေနတာျဖစ္ၿပီး

သူ႔ကို ယူႏိုက္တက္အသင္းက ဦးစားေပးပစ္မွတ္အျဖစ္ ႀကိဳးပမ္းခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့လည္း ရီးယဲလ္အသင္းဟာ သူတို႔ရဲ႕အဓိကကြင္းလယ္လူကို

လက္မလႊတ္လိုတာေၾကာင့္ ယူႏိုက္တက္ရဲ႕ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့တာေၾကာင့္

ယူႏိုက္တက္တို႔ ကတ္စ္မဲ႐ိုးကို ေျပာင္းလဲႀကိဳးပမ္းခဲ့ရတာပါ။

ဒါ့အျပင္ ယူႏိုက္တက္အသင္းဟာ အက္သလက္တီကိုရဲ႕ ေပၚတူဂီ

လူငယ္ၾကယ္ပြင့္ ယာအိုဖိလစ္ကိုလည္း ယူ႐ိုသန္း(၁၂၀)နဲ႔ကမ္းလွမ္းခဲ့

တယ္လို႔ Ok Diario က အတည္ျပဳခဲ့ပါတယ္။ ယူႏိုက္တက္

အသင္းအေနနဲ႔ တိုက္စစ္ပိုင္းအားျဖည့္ဖို႔အတြက္ ယာအိုဖိလစ္ကို

ပစ္မွတ္ထားခဲ့တာျဖစ္ေပမယ့္ အဆင္မေျပခဲ့ပါဘူး။