ဗာရန်းအပေါ် ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ဖာဒီနန်တုံ့ပြန်

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နောက်ခံလူဖာဒီနန်ဟာ

ပွဲဦးထွက်ရာသီမှာ စွမ်းဆောင်ရည်ကောင်းမပြနိုင်လို့ ဝေဖန်ခံနေရတဲ့

နောက်ခံလူဗာရန်းဘက်ကနေ ရပ်တည်လိုက်ပြီး ဝေဖန်သူတွေကို

တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီအစက ရီးယဲလ်ကနေ ယူနိုက်တက်ကို

ပေါင်(၄၂)သန်းနဲ့ပြောင်းရွှေ့ခဲ့သူ ဗာရန်းဟာ ဒဏ်ရာတွေကြောင့်

ပုံမှန်ခြေစွမ်းရဖို့ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ်မှာ(၂၂)ပွဲသာကစားနိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ဖာဒီနန်က ယူနိုက်တက်အသင်းရဲ့စိတ်ပျက်စရာအနေအထားကြောင့်

ဗာရန်းတစ်ယောက် ခြေစွမ်းမပြနိုင်ဖြစ်ခဲ့ရတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ဖာဒီနန်က “ဗာရန်းဟာ ထိပ်တန်းအဆင့်အောင်မြင်မှုတွေရယူပြီး

တည်ငြိမ်မှုအပြည့်ရှိတဲ့အသင်း(ရီးယဲလ်)ကနေ တည်ငြိမ်မှုမရှိ၊

ရည်မှန်းချက်မရှိ၊ ဘာမှမရှိတဲ့အသင်းတစ်သင်း(ယူနိုက်တက်)ကို

ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်လို အစစအရာရာ

ယိမ်းယိုင်နေတဲ့အသင်းမှာကစားရတာက ဗာရန်းအတွက်

ဘယ်လိုမှအဆင်မပြေနိုင်ဘဲ သူ့အတွက် တော်တော်လေး

ရုန်းကန်နေရတာဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

zawgyi















