M Diary Channel

Local and Sport News

” ဗီလာရီးယဲလ်ကို အနိုင်ရခဲ့တဲ့ပွဲက ဆိုးလ်ရှားအတွက်ရည်ညွှန်းတာပါ “

မန်ချက်စတာယူနိုက်တက်အသင်းယာယီနည်းပြကာရစ်က ဗီလာရီးယဲလ်ကို

အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲက မကြာသေးခင်က ရာထူးကအထုတ်ခံခဲ့ရတဲ့

သူ့မိတ်ဆွေဟောင်းဆိုးလ်ရှားအတွက် ရည်ညွှန်းတယ်လို့ဖွင့်ဟပြောဆို

လိုက်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဗီလာရီးယဲလ်နဲ့ပွဲမှာ စီရော်နယ်လ်ဒို၊

ဆန်ချိုတို့ရဲ့ဂိုးတွေနဲ့အနိုင်ရခဲ့ပြီး အုပ်စုနောက်ဆုံးပွဲအဖြစ် ယန်းဘွိုင်းစ်နဲ့

အိမ်ကွင်းပွဲကစားမယ့်ပွဲမတိုင်ခင်မှာပဲ (၅)ပွဲကစား၊ (၁၀)မှတ်နဲ့

ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဗီလာရီးယဲလ်နဲ့ပွဲအပြီး အင်တာဗျူးမှာ ကာရစ်က “အခုပွဲကို အနိုင်ယူဖို့အတွက်

ဒီကိုရောက်လာခဲ့တာဖြစ်ပြီး ကျွန်တော်တို့အသင်း နိုင်ပွဲရယူနိုင်မယ်ဆိုတာ

အခိုင်အမာယုံကြည်ထားပြီးသားပါ။ အမှန်အတိုင်းပြောရရင် အခုပွဲမှာ

ကျွန်တော်တို့အသင်း လှပတဲ့ကစားဟန်နဲ့ပြိုင်ဘက်ကို ရင်ဆိုင်သွားမယ်

ဆိုပြီးတော့ ဘယ်သူကမှ မျှော်လင့်ထားမှာမဟုတ်ဘူးလို့ ထင်ပါတယ်။

အသင်းက ရလဒ်ဆိုးတွေကြောင့် မတည်မငြိမ်ဖြစ်နေချိန်မှာ ရာနှုန်းပြည့်

ခြေစွမ်းပြနိုင်ဖို့က သိပ်တော့မလွယ်ပါဘူး။ အခုပွဲမှာ အနိုင်ရခဲ့လို့

ဝမ်းမြောက်မိပြီး ဒီပွဲရလဒ်က ဆိုးလ်ရှားအတွက်ရည်ညွှန်းသလို

သူ့ဆီကနေ ကျွန်တော် အများကြီးသင်ယူခွင့်ရခဲ့ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

zawgyi

” ဗီလာရီးယဲလ္ကို အႏိုင္ရခဲ့တဲ့ပြဲက ဆိုးလ္ရွားအတြက္ရည္ၫႊန္းတာပါ ”

မန္ခ်က္စတာယူႏိုက္တက္အသင္းယာယီနည္းျပကာရစ္က ဗီလာရီးယဲလ္ကို

အႏိုင္ရခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲက မၾကာေသးခင္က ရာထူးကအထုတ္ခံခဲ့ရတဲ့

သူ႔မိတ္ေဆြေဟာင္းဆိုးလ္ရွားအတြက္ ရည္ၫႊန္းတယ္လို႔ဖြင့္ဟေျပာဆို

လိုက္ပါတယ္။ ယူႏိုက္တက္အသင္းဟာ ဗီလာရီးယဲလ္နဲ႔ပြဲမွာ စီေရာ္နယ္လ္ဒို၊

ဆန္ခ်ိဳတို႔ရဲ႕ဂိုးေတြနဲ႔အႏိုင္ရခဲ့ၿပီး အုပ္စုေနာက္ဆုံးပြဲအျဖစ္ ယန္းဘြိဳင္းစ္နဲ႔

အိမ္ကြင္းပြဲကစားမယ့္ပြဲမတိုင္ခင္မွာပဲ (၅)ပြဲကစား၊ (၁၀)မွတ္နဲ႔

ရႈံးထြက္(၁၆)သင္းအဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ဗီလာရီးယဲလ္နဲ႔ပြဲအၿပီး အင္တာဗ်ဴးမွာ ကာရစ္က “အခုပြဲကို အႏိုင္ယူဖို႔အတြက္

ဒီကိုေရာက္လာခဲ့တာျဖစ္ၿပီး ကြၽန္ေတာ္တို႔အသင္း ႏိုင္ပြဲရယူႏိုင္မယ္ဆိုတာ

အခိုင္အမာယုံၾကည္ထားၿပီးသားပါ။ အမွန္အတိုင္းေျပာရရင္ အခုပြဲမွာ

ကြၽန္ေတာ္တို႔အသင္း လွပတဲ့ကစားဟန္နဲ႔ၿပိဳင္ဘက္ကို ရင္ဆိုင္သြားမယ္

ဆိုၿပီးေတာ့ ဘယ္သူကမွ ေမွ်ာ္လင့္ထားမွာမဟုတ္ဘူးလို႔ ထင္ပါတယ္။

အသင္းက ရလဒ္ဆိုးေတြေၾကာင့္ မတည္မၿငိမ္ျဖစ္ေနခ်ိန္မွာ ရာႏႈန္းျပည့္

ေျခစြမ္းျပႏိုင္ဖို႔က သိပ္ေတာ့မလြယ္ပါဘူး။ အခုပြဲမွာ အႏိုင္ရခဲ့လို႔

ဝမ္းေျမာက္မိၿပီး ဒီပြဲရလဒ္က ဆိုးလ္ရွားအတြက္ရည္ၫႊန္းသလို

သူ႔ဆီကေန ကြၽန္ေတာ္ အမ်ားႀကီးသင္ယူခြင့္ရခဲ့ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။mdiarymm

mdiarymm