M Diary Channel

Local and Sport News

ဗီလာရီးယဲလ်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ဆန်ချိုကို ချီးကျူးစကားဆိုလိုက်တဲ့ ပေါလ်စခိုးလ်

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကွင်းလယ်လူပေါလ်စခိုးလ်ဟာ ဗီလာရီးယဲလ်ကို

အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ အသင်းအတွက်ခြေစွမ်းပြကစားပြီးတစ်ဂိုးသွင်းယူခဲ့တဲ့

တောင်ပံတိုက်စစ်ကစားသမားဆန်ချိုကို ချီးကျူးစကားပြောကြားလိုက်ပါတယ်။

ဆန်ချိုဟာ ဗီလာရီးယဲလ်နဲ့ပွဲမှာ ယူနိုက်တက်အသင်းအတွက်(၃)မှတ်

သေချာစေမယ့်ဂိုးကို မိနစ်(၉၀)မှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ပေးပို့မှုကနေ

သွင်းယူခဲ့တာဖြစ်ပြီး ယူနိုက်တက်ကစားသမားဘဝ(၁၅)ပွဲမြောက်၊

ဂိုးပေါက်ကန်သွင်းချက်(၁၁)ကြိမ်ပြုလုပ်ပြီးမှ ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့တာ

ဖြစ်ပါတယ်။ နွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းက ဒေ့ါမွန်အသင်းကနေ

ပေါင်(၇၃)သန်းနဲ့ပြောင်းရွှေ့ခဲ့သူ ဆန်ချိုဟာ ယူနိုက်တက်အသင်းမှာ

ရုန်းကန်နေရတဲ့အတွက် ဝေဖန်ခံနေရပြီး အခုသွင်းဂိုးက သူ့အပေါ်ဖိအားတွေ

လျော့ကျစေခဲ့ပါတယ်။ အဲဒါကြောင့် ပေါလ်စခိုးလ်က “ဆန်ချိုဟာ ယူနိုက်တက်

အသင်းမှာ အရင်ကထက် ပိုပြီးတော့ အံဝင်လာပြီလို့ထင်ပါတယ်။

သူ့အတွက် ကျွန်တော်အားရကျေနပ်မိပါတယ်။ ယူနိုက်တက်အသင်း

ကစားသမားဘဝအစပိုင်းမှာ ရုန်းကန်နေရတဲ့ လူငယ်လေးတစ်ယောက်ဖြစ်ပြီး

အခုပွဲမှာတော့ ယူနိုက်တက်အသင်းရဲ့အကောင်းဆုံးကစားသမားက

ဆန်ချိုဖြစ်တယ်လို့ယူဆမိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

zawgyi

ဗီလာရီးယဲလ္နဲ႔ပြဲမွာ ေျခစြမ္းျပခဲ့တဲ့ဆန္ခ်ိဳကို ခ်ီးက်ဴးစကားဆိုလိုက္တဲ့ ေပါလ္စခိုးလ္

မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္ကြင္းလယ္လူေပါလ္စခိုးလ္ဟာ ဗီလာရီးယဲလ္ကို

အႏိုင္ရခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲမွာ အသင္းအတြက္ေျခစြမ္းျပကစားၿပီးတစ္ဂိုးသြင္းယူခဲ့တဲ့

ေတာင္ပံတိုက္စစ္ကစားသမားဆန္ခ်ိဳကို ခ်ီးက်ဴးစကားေျပာၾကားလိုက္ပါတယ္။

ဆန္ခ်ိဳဟာ ဗီလာရီးယဲလ္နဲ႔ပြဲမွာ ယူႏိုက္တက္အသင္းအတြက္(၃)မွတ္

ေသခ်ာေစမယ့္ဂိုးကို မိနစ္(၉၀)မွာ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ေပးပို႔မႈကေန

သြင္းယူခဲ့တာျဖစ္ၿပီး ယူႏိုက္တက္ကစားသမားဘဝ(၁၅)ပြဲေျမာက္၊

ဂိုးေပါက္ကန္သြင္းခ်က္(၁၁)ႀကိမ္ျပဳလုပ္ၿပီးမွ ပထမဆုံးဂိုးသြင္းယူႏိုင္ခဲ့တာ

ျဖစ္ပါတယ္။ ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းက ေဒ့ါမြန္အသင္းကေန

ေပါင္(၇၃)သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့သူ ဆန္ခ်ိဳဟာ ယူႏိုက္တက္အသင္းမွာ

႐ုန္းကန္ေနရတဲ့အတြက္ ေဝဖန္ခံေနရၿပီး အခုသြင္းဂိုးက သူ႔အေပၚဖိအားေတြ

ေလ်ာ့က်ေစခဲ့ပါတယ္။ အဲဒါေၾကာင့္ ေပါလ္စခိုးလ္က “ဆန္ခ်ိဳဟာ ယူႏိုက္တက္

အသင္းမွာ အရင္ကထက္ ပိုၿပီးေတာ့ အံဝင္လာၿပီလို႔ထင္ပါတယ္။

သူ႔အတြက္ ကြၽန္ေတာ္အားရေက်နပ္မိပါတယ္။ ယူႏိုက္တက္အသင္း

ကစားသမားဘဝအစပိုင္းမွာ ႐ုန္းကန္ေနရတဲ့ လူငယ္ေလးတစ္ေယာက္ျဖစ္ၿပီး

အခုပြဲမွာေတာ့ ယူႏိုက္တက္အသင္းရဲ႕အေကာင္းဆုံးကစားသမားက

ဆန္ခ်ိဳျဖစ္တယ္လို႔ယူဆမိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။mdiarymm

mdiarymm