ဘရန်ဒန်ဝီလီယံစ်အတွက် ပေါင်(၁၀)သန်းရမယ်ဆိုရင် ယူနိုက်တက်ရောင်းချသွားမယ်

မန်ချက်စတာယူနိုက်တက်အသင်းဟာ လူငယ်နောက်ခံလူ

ဘရန်ဒန်ဝီလီယံစ်အတွက် သင့်တော်တဲ့ကမ်းလှမ်းမှုရမယ်ဆိုရင်

လက်လွှတ်သွားဖို့ရှိနေပါတယ်။ အသက်(၂၁)နှစ်သာရှိသေးတဲ့

ဘရန်ဒန်ဝီလီယံစ်ဟာ ပြီးခဲ့တဲ့ရာသီက နောဝစ်ချ်အသင်းမှာ

အငှားနဲ့ကစားခဲ့ရပြီး ရာသီကုန်မှာ နောဝစ်ချ်အသင်းတန်းဆင်းခဲ့ရပေမယ့်

ဘရန်ဒန်ဝီလီယံစ်က အသင်းအတွက်ပါဝင်ကစားခွင့်ရတဲ့ပွဲတွေမှာ

ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ ဘရန်ဒန်ဝီလီယံစ်ဟာ ညာသန်

ကစားသမားဖြစ်ပေမယ့် နောက်တန်းဘယ်၊ ညာမရွေးကစားနိုင်ပြီး

ဘယ်ခြမ်းမှာကစားရတာ ပိုအားသန်တဲ့သူဖြစ်ပါတယ်။

အခုအချိန်မှာ ဘရန်ဒန်ဝီလီယံစ်က ယူနိုက်တက်အသင်းဆီ

ပြန်ရောက်လာပြီဖြစ်ပေမယ့် အသင်းမှာ လုခ်ရှော၊ တဲလက်စ်၊

ဒါလော့တ်၊ ဘစ်ဆာကာတို့ရှိနေတာကြောင့် သူဆန္ဒရှိနေသလို

ပုံမှန်ပွဲကစားခွင့်ရဖို့မဖြစ်နိုင်တာကြောင့် ယူနိုက်တက်နဲ့လမ်းခွဲဖို့

ရှိနေတာပါ။ ဘရန်ဒန်ဝီလီယံစ်ကို ပရီးမီးယားလိဂ်ကလပ်တချို့က

ပစ်မှတ်ထားနေသလို ယူနိုက်တက်အသင်းကလည်း သူ့အတွက်

ပေါင်(၁၀)သန်းလောက်ရမယ်ဆိုရင် လက်လွှတ်သွားမယ့်အနေအထားပါပဲ။

zawgyi

ဘရန္ဒန္ဝီလီယံစ္အတြက္ ေပါင္(၁၀)သန္းရမယ္ဆိုရင္ ယူႏိုက္တက္ေရာင္းခ်သြားမယ္

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ လူငယ္ေနာက္ခံလူ

ဘရန္ဒန္ဝီလီယံစ္အတြက္ သင့္ေတာ္တဲ့ကမ္းလွမ္းမႈရမယ္ဆိုရင္

လက္လႊတ္သြားဖို႔ရွိေနပါတယ္။ အသက္(၂၁)ႏွစ္သာရွိေသးတဲ့

ဘရန္ဒန္ဝီလီယံစ္ဟာ ၿပီးခဲ့တဲ့ရာသီက ေနာဝစ္ခ်္အသင္းမွာ

အငွားနဲ႔ကစားခဲ့ရၿပီး ရာသီကုန္မွာ ေနာဝစ္ခ်္အသင္းတန္းဆင္းခဲ့ရေပမယ့္

ဘရန္ဒန္ဝီလီယံစ္က အသင္းအတြက္ပါဝင္ကစားခြင့္ရတဲ့ပြဲေတြမွာ

ေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။ ဘရန္ဒန္ဝီလီယံစ္ဟာ ညာသန္

ကစားသမားျဖစ္ေပမယ့္ ေနာက္တန္းဘယ္၊ ညာမေ႐ြးကစားႏိုင္ၿပီး

ဘယ္ျခမ္းမွာကစားရတာ ပိုအားသန္တဲ့သူျဖစ္ပါတယ္။

အခုအခ်ိန္မွာ ဘရန္ဒန္ဝီလီယံစ္က ယူႏိုက္တက္အသင္းဆီ

ျပန္ေရာက္လာၿပီျဖစ္ေပမယ့္ အသင္းမွာ လုခ္ေရွာ၊ တဲလက္စ္၊

ဒါေလာ့တ္၊ ဘစ္ဆာကာတို႔ရွိေနတာေၾကာင့္ သူဆႏၵရွိေနသလို

ပုံမွန္ပြဲကစားခြင့္ရဖို႔မျဖစ္ႏိုင္တာေၾကာင့္ ယူႏိုက္တက္နဲ႔လမ္းခြဲဖို႔

ရွိေနတာပါ။ ဘရန္ဒန္ဝီလီယံစ္ကို ပရီးမီးယားလိဂ္ကလပ္တခ်ိဳ႕က

ပစ္မွတ္ထားေနသလို ယူႏိုက္တက္အသင္းကလည္း သူ႔အတြက္

ေပါင္(၁၀)သန္းေလာက္ရမယ္ဆိုရင္ လက္လႊတ္သြားမယ့္အေနအထားပါပဲ။