
အူမကင်ဆာရောဂါကြောင့် ကြာသပတေးနေ့က ကွယ်လွန်ခဲ့တဲ့
ဘရာဇီးလ်ဂန္ထဝင်ကစားသမားကြီး ပီလီအတွက် ဝမ်းနည်းခြင်း
အထိမ်းအမှတ်အဖြစ် အခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲတွေမှာ
ကစားသမားတွေ လက်ပတ်အမည်းဝတ်ဆင်မှာဖြစ်သလို ပွဲမစခင်
(၁)မိနစ်ကြာ လက်ခုပ်တီးဂုဏ်ပြုသွားမှာဖြစ်ပါတယ်။
အသက်(၈၂)နှစ်အရွယ်ရှိပြီဖြစ်သူ ပီလီဟာ အူမကင်ဆာရောဂါကို
လအတော်ကြာအောင် ခံစားခဲ့ရပြီး ကြာသပတေးနေ့က
ဆော်ပေါ်လိုမြို့မှာရှိတဲ့ Albert Einstein Israelite ဆေးရုံမှ
ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ အဲဒီအတွက် ပရီးမီးယားလိဂ်အဖွဲ့ချုပ်က
‘ပီလီဟာ ပါရမီရှင်ဘောလုံးသမားတစ်ဦးဖြစ်သလို သူ့ရဲ့
ကစားသမားဘဝတစ်လျှောက်မှာ လူသန်းပေါင်းများစွာအတွက်
စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့ပြီး ဒီလို ဂန္ထဝင်ဝင်တစ်ဦး ကွယ်လွန်သွားတာကို
ကြားသိရချိန်မှာ အရမ်းဝမ်းနည်းခဲ့ရပါတယ်။ ပီလီရဲ့ မိသားစု၊
သူငယ်ချင်းတွေနဲ့အတူ ကျွန်တော်တို့ အားလုံး ထပ်တူထပ်မျှ
ဝမ်းနည်ကြေကွဲရပါတယ်’လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒါ့အပြင် အခုတစ်ပတ်ကစားမယ့် ပရီးမီးယားလိဂ်ပွဲတွေမှာ
ကစားသမားနဲ့ ဒိုင်လူကြီးတွေဟာ လက်ပတ်အမည်းဝတ်ဆင်မှာ
ဖြစ်သလို ပွဲမတိုင်ခင် (၁)မိနစ်ကြာ လက်ခုပ်တီးပြီးတော့
ပီလီအတွက် ဂုဏ်ပြုသွားမယ်လို့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က အတည်ပြုခဲ့ပါတယ်။
zawgyi
ဘရာဇီးလ္ဂႏၴဝင္ပီလီအတြက္ ဝမ္းနည္းျခင္းအျဖစ္ EPL ပြဲေတြမွာ ပြဲမစခင္ (၁)မိနစ္ၾကာ လက္ခုပ္တီးမွာျဖစ္သလို လက္ပတ္အမည္းဝတ္ဆင္ကစားသြားမယ္ . . .
အူမကင္ဆာေရာဂါေၾကာင့္ ၾကာသပေတးေန႔က ကြယ္လြန္ခဲ့တဲ့
ဘရာဇီးလ္ဂႏၴဝင္ကစားသမားႀကီး ပီလီအတြက္ ဝမ္းနည္းျခင္း
အထိမ္းအမွတ္အျဖစ္ အခုတစ္ပတ္ ပရီးမီးယားလိဂ္ပြဲေတြမွာ
ကစားသမားေတြ လက္ပတ္အမည္းဝတ္ဆင္မွာျဖစ္သလို ပြဲမစခင္
(၁)မိနစ္ၾကာ လက္ခုပ္တီးဂုဏ္ျပဳသြားမွာျဖစ္ပါတယ္။
အသက္(၈၂)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ပီလီဟာ အူမကင္ဆာေရာဂါကို
လအေတာ္ၾကာေအာင္ ခံစားခဲ့ရၿပီး ၾကာသပေတးေန႔က
ေဆာ္ေပၚလိုၿမိဳ႕မွာရွိတဲ့ Albert Einstein Israelite ေဆး႐ုံမွ
ကြယ္လြန္ခဲ့တာျဖစ္ပါတယ္။ အဲဒီအတြက္ ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္က
‘ပီလီဟာ ပါရမီရွင္ေဘာလုံးသမားတစ္ဦးျဖစ္သလို သူ႔ရဲ႕
ကစားသမားဘဝတစ္ေလွ်ာက္မွာ လူသန္းေပါင္းမ်ားစြာအတြက္
စံျပပုဂၢိဳလ္တစ္ဦးျဖစ္ခဲ့ၿပီး ဒီလို ဂႏၴဝင္ဝင္တစ္ဦး ကြယ္လြန္သြားတာကို
ၾကားသိရခ်ိန္မွာ အရမ္းဝမ္းနည္းခဲ့ရပါတယ္။ ပီလီရဲ႕ မိသားစု၊
သူငယ္ခ်င္းေတြနဲ႔အတူ ကြၽန္ေတာ္တို႔ အားလုံး ထပ္တူထပ္မွ်
ဝမ္းနည္ေၾကကြဲရပါတယ္’လို႔ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။
ဒါ့အျပင္ အခုတစ္ပတ္ကစားမယ့္ ပရီးမီးယားလိဂ္ပြဲေတြမွာ
ကစားသမားနဲ႔ ဒိုင္လူႀကီးေတြဟာ လက္ပတ္အမည္းဝတ္ဆင္မွာ
ျဖစ္သလို ပြဲမတိုင္ခင္ (၁)မိနစ္ၾကာ လက္ခုပ္တီးၿပီးေတာ့
ပီလီအတြက္ ဂုဏ္ျပဳသြားမယ္လို႔ ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္က အတည္ျပဳခဲ့ပါတယ္။