M Diary Channel

Local and Sport News

ဘရာဇီး ဖရက်ဒ်နဲ့တင် အားမရလို့ နိုက်ဂျီးရီးယား ဖရက်ဒ်ကိုပါ ထပ်မံခေါ်ယူချင်နေတဲ့ မန်ယူအသင်း

မန်ယူအသင်းဟာ လက်စတာအသင်းရဲ့ ကွင်းလယ် ကစားသမား

ဝေလ်ဖရက်ဒ် အင်ဒီဒီနဲ့ အပြောင်းအရွှေ့သတင်းထွက်ပေါ်လာပါတယ်။

ဒီသတင်းဟာ စပိန် သတင်းအရင်းအမြစ်တွေကနေ ထွက်ပေါ်လာတဲ့

သတင်းတစ်ပုဒ်ဖြစ်ပြီး မန်ယူအသင်းဟာ ကွင်းလယ် အဖျက်ကစားသမား

တစ်ဦးအလိုရှိနေတာနဲ့ပတ်သက်ပြီး အခုလိုမျိုး သတင်းထွက်ပေါ်လာတာပါ။

အသက် (၂၄)  နှစ်အရွယ် နိုက်ဂျီးရီးယား ကွင်းလယ်လူဟာလည်း

ကွင်းလယ် အဖျက်ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိရာသီမှာ

လက်စတာအသင်းအတွက် ပွဲထွက်ခွင့်နည်းပါးနေတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

အင်ဒီဒီ ကိုယ်တိုင်ကလည်း လက်စတာအသင်းကို စွန့်ခွာဖို့ စဥ်းစားနေပြီး

လာမယ့် အပြောင်းအရွှေ့ ဈေးကွက်မှာ အသင်းမှထွက်ခွာဖို့ ရာခိုင်နှုန်းများနေပါတယ်။

ဝေလ်ဖရက်ဒ် အင်ဒီဒီ ဟာ အဖျက်အားသန်ပြီး အရပ်အမောင်းကောင်းတဲ့အပြင်

ထောင့်ကန်ဘောတွေမှာလည်း ခေါင်းတိုက်သွင်းဂိုးတွေ သွင်းယူလေ့ရှိတဲ့

ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် ကွင်းလယ်အဖျက်နေရာမှာတင်မက

ဗဟိုခံစစ် ကစားသမားအဖြစ်နဲ့ပါ ကစားနိုင်သူဖြစ်တာကြောင့် မန်ယူအသင်းအနေနဲ့

အဆိုပါ ကစားသမားကို ခေါ်ယူနိုင်ခဲ့ပါက  လက်ရှိအသင်းရဲ့ကွင်းလယ်လူ

ဖရက်ဒ်နေရာမှာ ကောင်းကောင်း အစားထိုးပြီး အသုံးပြုလို့ရနိုင်မယ့်

ကစားသမားမျိုးလည်းဖြစ်ပါတယ်။

zawgyi

မန္ယူအသင္းဟာ လက္စတာအသင္းရဲ႕ ကြင္းလယ္ ကစားသမား

ေဝလ္ဖရက္ဒ္ အင္ဒီဒီနဲ႔ အေျပာင္းအေ႐ႊ႕သတင္းထြက္ေပၚလာပါတယ္။

ဒီသတင္းဟာ စပိန္ သတင္းအရင္းအျမစ္ေတြကေန ထြက္ေပၚလာတဲ့

သတင္းတစ္ပုဒ္ျဖစ္ၿပီး မန္ယူအသင္းဟာ ကြင္းလယ္ အဖ်က္ကစားသမား

တစ္ဦးအလိုရွိေနတာနဲ႔ပတ္သက္ၿပီး အခုလိုမ်ိဳး သတင္းထြက္ေပၚလာတာပါ။

အသက္ (၂၄)  ႏွစ္အ႐ြယ္ ႏိုက္ဂ်ီးရီးယား ကြင္းလယ္လူဟာလည္း

ကြင္းလယ္ အဖ်က္ကစားသမားတစ္ဦးျဖစ္ၿပီး လက္ရွိရာသီမွာ

လက္စတာအသင္းအတြက္ ပြဲထြက္ခြင့္နည္းပါးေနတဲ့ ကစားသမားတစ္ေယာက္ျဖစ္ပါတယ္။

အင္ဒီဒီ ကိုယ္တိုင္ကလည္း လက္စတာအသင္းကို စြန႔္ခြာဖို႔ စဥ္းစားေနၿပီး

လာမယ့္ အေျပာင္းအေ႐ႊ႕ ေဈးကြက္မွာ အသင္းမွထြက္ခြာဖို႔ ရာခိုင္ႏႈန္းမ်ားေနပါတယ္။

ေဝလ္ဖရက္ဒ္ အင္ဒီဒီ ဟာ အဖ်က္အားသန္ၿပီး အရပ္အေမာင္းေကာင္းတဲ့အျပင္

ေထာင့္ကန္ေဘာေတြမွာလည္း ေခါင္းတိုက္သြင္းဂိုးေတြ သြင္းယူေလ့ရွိတဲ့

ကစားသမားတစ္ဦးျဖစ္ပါတယ္။ ဒါ့အျပင္ ကြင္းလယ္အဖ်က္ေနရာမွာတင္မက

ဗဟိုခံစစ္ ကစားသမားအျဖစ္နဲ႔ပါ ကစားႏိုင္သူျဖစ္တာေၾကာင့္ မန္ယူအသင္းအေနနဲ႔

အဆိုပါ ကစားသမားကို ေခၚယူႏိုင္ခဲ့ပါက  လက္ရွိအသင္းရဲ႕ကြင္းလယ္လူ

ဖရက္ဒ္ေနရာမွာ ေကာင္းေကာင္း အစားထိုးၿပီး အသုံးျပဳလို႔ရႏိုင္မယ့္

ကစားသမားမ်ိဳးလည္းျဖစ္ပါတယ္။

mdiarymm

mdiarymm