
မန်ချက်စတာယူနိုက်တက်အသင်းနောက်ခံလူသစ် လီဆန်ဒရိုမာတီနက်ဇ်ဟာ
ဘရိုက်တန်နဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ အသင်းအတွက်ပွဲဦးထွက်
ပါဝင်ကစားခဲ့ပြီး ခြေစွမ်းမပြနိုင်တာကြောင့် ဝေဖန်သံတွေထွက်ပေါ်နေပါတယ်။
ဘရိုက်တန်နဲ့ကစားခဲ့တဲ့ပွဲမှာ လီဆန်ဒရိုမာတီနက်ဇ်ဟာ တည်ငြိမ်မှုမရှိခဲ့ဘဲ
ပေးလိုက်ရတဲ့ဂိုးတွေက သူ့ဘက်ခြမ်းကနေ ဘရိုက်တန်အသင်းသွင်းယူခဲ့တာ
ဖြစ်ပါတယ်။ အဲဒါကြောင့် နာမည်ကျော် Sky Sports ရုပ်သံရဲ့ အစီအစဉ်
တင်ဆက်သူဟောင်းဖြစ်သူ ရစ်ချတ်ကီးစ်က လီဆန်ဒရိုမာတီနက်ဇ်ရဲ့
စွမ်းဆောင်ရည်အပေါ် ဝေဖန်ခဲ့တာဖြစ်ပြီး သူ့ကိုခေါ်ယူခဲ့တဲ့ ယူနိုက်တက်
အသင်းရဲ့လုပ်ရပ်ကိုလည်း မေးခွန်းထုတ်ခဲ့ပါတယ်။ ရစ်ချတ်ကီးစ်က
“ယူနိုက်တက်အသင်းဟာ ဘာမှမျှော်လင့်ချက်မရှိတဲ့အသင်းဖြစ်နေပါပဲ။
ပွဲထွက်စာရင်းကလည်း ရန်နစ်ခ်လက်ထက်တုန်းကနဲ့ ဘာမှကြီးကြီးမားမား
အပြောင်းအလဲမရှိပါဘူး။ နောက်ပြီး ယူနိုက်တက်အသင်းဟာ
အရပ်(၅)ပေ၊ (၈)လက်မသာရှိတဲ့နောက်ခံလူတစ်ဦးကိုခေါ်ယူခဲ့တာက
ဆိုးရွားလွန်းပြီး သာမန်တိုက်စစ်မှူးတစ်ဦးကိုတောင် မထိန်းချုပ်နိုင်ပါဘူး။
လီဆန်ဒရိုမာတီနက်ဇ်ကိုခေါ်ဖို့ ဘယ်သူက အကြံပေးခဲ့လဲတော့မသိပါဘူး။
အဲရစ်တန်ဟက်ဟာ ယူနိုက်တက်နည်းပြရာထူးကိုစတင်တာဝန်
ယူချိန်ကတည်းက ပွဲကောင်းတစ်ပွဲဖြစ်လာအောင်ကြိုးစားမယ်လို့
အမြဲပြောခဲ့ပေမယ့် တနင်္ဂနွေနေ့ပွဲမှာတော့ သူ ဘာမှမလုပ်ပြနိုင်ခဲ့ပါဘူး”လို့ ဝေဖန်ခဲ့ပါတယ်။
zawgyi
ဘ႐ိုက္တန္နဲ႔ပြဲက လီဆန္ဒ႐ိုမာတီနက္ဇ္ရဲ႕စြမ္းေဆာင္ရည္အေပၚ ေဝဖန္သံထြက္ေပၚေန
မန္ခ်က္စတာယူႏိုက္တက္အသင္းေနာက္ခံလူသစ္ လီဆန္ဒ႐ိုမာတီနက္ဇ္ဟာ
ဘ႐ိုက္တန္နဲ႔ပရီးမီးယားလိဂ္အဖြင့္ပြဲမွာ အသင္းအတြက္ပြဲဦးထြက္
ပါဝင္ကစားခဲ့ၿပီး ေျခစြမ္းမျပႏိုင္တာေၾကာင့္ ေဝဖန္သံေတြထြက္ေပၚေနပါတယ္။
ဘ႐ိုက္တန္နဲ႔ကစားခဲ့တဲ့ပြဲမွာ လီဆန္ဒ႐ိုမာတီနက္ဇ္ဟာ တည္ၿငိမ္မႈမရွိခဲ့ဘဲ
ေပးလိုက္ရတဲ့ဂိုးေတြက သူ႔ဘက္ျခမ္းကေန ဘ႐ိုက္တန္အသင္းသြင္းယူခဲ့တာ
ျဖစ္ပါတယ္။ အဲဒါေၾကာင့္ နာမည္ေက်ာ္ Sky Sports ႐ုပ္သံရဲ႕ အစီအစဥ္
တင္ဆက္သူေဟာင္းျဖစ္သူ ရစ္ခ်တ္ကီးစ္က လီဆန္ဒ႐ိုမာတီနက္ဇ္ရဲ႕
စြမ္းေဆာင္ရည္အေပၚ ေဝဖန္ခဲ့တာျဖစ္ၿပီး သူ႔ကိုေခၚယူခဲ့တဲ့ ယူႏိုက္တက္
အသင္းရဲ႕လုပ္ရပ္ကိုလည္း ေမးခြန္းထုတ္ခဲ့ပါတယ္။ ရစ္ခ်တ္ကီးစ္က
“ယူႏိုက္တက္အသင္းဟာ ဘာမွေမွ်ာ္လင့္ခ်က္မရွိတဲ့အသင္းျဖစ္ေနပါပဲ။
ပြဲထြက္စာရင္းကလည္း ရန္နစ္ခ္လက္ထက္တုန္းကနဲ႔ ဘာမွႀကီးႀကီးမားမား
အေျပာင္းအလဲမရွိပါဘူး။ ေနာက္ၿပီး ယူႏိုက္တက္အသင္းဟာ
အရပ္(၅)ေပ၊ (၈)လက္မသာရွိတဲ့ေနာက္ခံလူတစ္ဦးကိုေခၚယူခဲ့တာက
ဆိုး႐ြားလြန္းၿပီး သာမန္တိုက္စစ္မႉးတစ္ဦးကိုေတာင္ မထိန္းခ်ဳပ္ႏိုင္ပါဘူး။
လီဆန္ဒ႐ိုမာတီနက္ဇ္ကိုေခၚဖို႔ ဘယ္သူက အႀကံေပးခဲ့လဲေတာ့မသိပါဘူး။
အဲရစ္တန္ဟက္ဟာ ယူႏိုက္တက္နည္းျပရာထူးကိုစတင္တာဝန္
ယူခ်ိန္ကတည္းက ပြဲေကာင္းတစ္ပြဲျဖစ္လာေအာင္ႀကိဳးစားမယ္လို႔
အၿမဲေျပာခဲ့ေပမယ့္ တနဂၤေႏြေန႔ပြဲမွာေတာ့ သူ ဘာမွမလုပ္ျပႏိုင္ခဲ့ပါဘူး”လို႔ ေဝဖန္ခဲ့ပါတယ္။