M Diary Channel

Local and Sport News

ဘရူနိုဖာနန်ဒက်စ်နဲ့လုခ်ရှောတို့ ဘာလို့ ပွဲထွက်ပါဝင်ခွင့် မရခဲ့တာလဲ?

မန်ချက်စတာယူနိုက်တက်အသင်းယာယီနည်းပြဖြစ်သူ ကာရစ်က

ဗီလာရီးယဲလ်နဲ့ချန်ပီယံလိဂ်ပွဲမှာ အဓိကနောက်ခံလူလုခ်ရှော ကစားသမား

စာရင်းမှာမပါဝင်ခဲ့တာ၊ ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်

ကစားသမားစာရင်းကနေ ချန်လှပ်ခဲ့တာတွေနဲ့ပတ်သက်လို့ ရှင်းလင်း

ပြောဆိုခဲ့ပါတယ်။ ကာရစ်ဟာ ယူနိုက်တက်အသင်းနည်းပြအဖြစ်

ပထမဆုံးကိုင်တွယ်ရတဲ့ပွဲမှာ ကစားသမားအပြောင်းအလဲတချို့လုပ်ခဲ့ပြီး

ပွဲထွက်ခွင့်ရဖို့ရုန်းကန်နေရတဲ့ ဗန်ဒီဘိခ်၊ ဘယ်နောက်ခံလူနေရာမှာ

တဲလက်စ်တို့ကို ပွဲထွက်ကစားသမားအဖြစ်အသုံးပြုခဲ့တာဖြစ်ပါတယ်။

အဲဒီအတွက် ကာရစ်က “လုခ်ရှောဟာ မန်ချက်စတာဒါဘီပွဲမှာ ဦးခေါင်း

ထိခိုက်ဒဏ်ရာရခဲ့ပြီး ပြီးခဲ့တဲ့ဝက်ဖို့ဒ်နဲ့ပွဲမှာလည်း အဲဒီဒဏ်ရာထပ်ရ

ခဲ့တာကြောင့် သူ့ရဲ့အခြေအနေကို စမ်းသပ်စစ်ဆေးဖို့လိုအပ်ပြီး အခြေအနေ

ပိုမဆိုးအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ သူ့ကို ချန်လှပ်ခဲ့တာပါ။

ဘရူနိုဖာနန်ဒက်စ်နဲ့ဗန်ဒီဘိခ်တို့ နှစ်ယောက်စလုံးက,ကစားသမား

ကောင်းတွေဖြစ်ပြီး ကျွန်တော်က ဘရူနိုကို ကြိုက်နှစ်သက်ပေမယ့်

အခုပွဲမှာ ပွဲထွက်ကစားသမားစာရင်းကို အဖြစ်သင့်ဆုံးရွေးချယ်ခဲ့တာ

ဖြစ်ပါတယ်။ ပွဲထွက်ကစားခွင့်မရလို့ ဘရူနိုဖာနန်ဒက်စ်က

အသင်းအတွက်အရေးမပါတဲ့ကစားသမားလို့ သတ်မှတ်လို့

မရပါဘူး”ဆိုပြီးတော့ ပြောကြားခဲ့ပါတယ်။

zawgyi

ဘ႐ူႏိုဖာနန္ဒက္စ္နဲ႔လုခ္ေရွာတို႔ ဘာလို႔ ပြဲထြက္ပါဝင္ခြင့္ မရခဲ့တာလဲ?

မန္ခ်က္စတာယူႏိုက္တက္အသင္းယာယီနည္းျပျဖစ္သူ ကာရစ္က

ဗီလာရီးယဲလ္နဲ႔ခ်န္ပီယံလိဂ္ပြဲမွာ အဓိကေနာက္ခံလူလုခ္ေရွာ ကစားသမား

စာရင္းမွာမပါဝင္ခဲ့တာ၊ ကြင္းလယ္လူဘ႐ူႏိုဖာနန္ဒက္စ္ကို ပြဲထြက္

ကစားသမားစာရင္းကေန ခ်န္လွပ္ခဲ့တာေတြနဲ႔ပတ္သက္လို႔ ရွင္းလင္း

ေျပာဆိုခဲ့ပါတယ္။ ကာရစ္ဟာ ယူႏိုက္တက္အသင္းနည္းျပအျဖစ္

ပထမဆုံးကိုင္တြယ္ရတဲ့ပြဲမွာ ကစားသမားအေျပာင္းအလဲတခ်ိဳ႕လုပ္ခဲ့ၿပီး

ပြဲထြက္ခြင့္ရဖို႔႐ုန္းကန္ေနရတဲ့ ဗန္ဒီဘိခ္၊ ဘယ္ေနာက္ခံလူေနရာမွာ

တဲလက္စ္တို႔ကို ပြဲထြက္ကစားသမားအျဖစ္အသုံးျပဳခဲ့တာျဖစ္ပါတယ္။

အဲဒီအတြက္ ကာရစ္က “လုခ္ေရွာဟာ မန္ခ်က္စတာဒါဘီပြဲမွာ ဦးေခါင္း

ထိခိုက္ဒဏ္ရာရခဲ့ၿပီး ၿပီးခဲ့တဲ့ဝက္ဖို႔ဒ္နဲ႔ပြဲမွာလည္း အဲဒီဒဏ္ရာထပ္ရ

ခဲ့တာေၾကာင့္ သူ႔ရဲ႕အေျခအေနကို စမ္းသပ္စစ္ေဆးဖို႔လိုအပ္ၿပီး အေျခအေန

ပိုမဆိုးေအာင္ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ သူ႔ကို ခ်န္လွပ္ခဲ့တာပါ။

ဘ႐ူႏိုဖာနန္ဒက္စ္နဲ႔ဗန္ဒီဘိခ္တို႔ ႏွစ္ေယာက္စလုံးက,ကစားသမား

ေကာင္းေတြျဖစ္ၿပီး ကြၽန္ေတာ္က ဘ႐ူႏိုကို ႀကိဳက္ႏွစ္သက္ေပမယ့္

အခုပြဲမွာ ပြဲထြက္ကစားသမားစာရင္းကို အျဖစ္သင့္ဆုံးေ႐ြးခ်ယ္ခဲ့တာ

ျဖစ္ပါတယ္။ ပြဲထြက္ကစားခြင့္မရလို႔ ဘ႐ူႏိုဖာနန္ဒက္စ္က

အသင္းအတြက္အေရးမပါတဲ့ကစားသမားလို႔ သတ္မွတ္လို႔

မရပါဘူး”ဆိုၿပီးေတာ့ ေျပာၾကားခဲ့ပါတယ္။mdiarymm

mdiarymm