” ဘရူနိုဖာနန်ဒက်စ်နဲ့ အဲရစ်ဆင်တို့ တွဲဖက်ကစားဖို့မဖြစ်နိုင်ဘူး “

လီဗာပူးလ်နာမည်ကျော်ကွင်းလယ်လူဟောင်းဒန်နီမာဖီဟာ

မန်ချက်စတာယူနိုက်တက်အသင်း ဒိန်းမတ်ဝါရင့်ကွင်းလယ်လူ

အဲရစ်ဆင်ကိုခေါ်ယူဖို့စိတ်ဝင်စားနေတဲ့အပေါ် မေးခွန်းထုတ်လိုက်ပြီး

အဲရစ်ဆင်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကစားဟန်နဲ့

ကိုက်ညီမှာမဟုတ်ဘူးလို့ သုံးသပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီဝက်က

ဘရန့်ဖို့ဒ်အသင်းမှာ ကာလတိုစာချုပ်နဲ့ကစားခဲ့တဲ့ အဲရစ်ဆင်ဟာ

စာချုပ်သက်တမ်းကုန်ဆုံးသွားပြီဖြစ်လို့ အသင်းလက်မဲ့ဖြစ်နေပြီး

ယူနိုက်တက်နည်းပြသစ်အဲရစ်တန်ဟက်က အဲရစ်ဆင်ကိုခေါ်ယူဖို့

ပစ်မှတ်ထားနေပါတယ်။ ဒါပေမဲ့လည်း ဒန်နီမာဖီက “ယူနိုက်တက်အသင်းရဲ့

ကစားဟန်အရ အဲရစ်ဆင်ဟာ အံဝင်ဖို့မလွယ်ပါဘူး။ တကယ်လို့

အဲရစ်တန်ဟက်အနေနဲ့ အဲရစ်ဆင်နဲ့ဘရူနိုဖာနန်ဒက်စ်ကို တစ်ပြိုင်တည်း

တွဲသုံးပြီး Holding Midfielder တစ်ယောက်တည်းထားမယ်လို့

စဉ်းစားထားရင် လာမယ့်ရာသီ ယူနိုက်တက်အသင်းအခြေအနေက

မနှစ်ကထက် ပိုဆိုးသွားပါလိမ့်မယ်။ ဘရူနိုဖာနန်ဒက်စ်ရဲ့ အရန်အဖြစ်

No 10 Role အသုံးပြုဖို့ အဲရစ်ဆင်ကို ခေါ်ယူတာမျိုး၊ ဒါမှမဟုတ်

ကွင်းလယ်ကစားသမားအဖြစ် အသုံးပြုမှပဲ အဆင်ပြေနိုင်မှာပါ”လို့ပြောကြားခဲ့ပါတယ်။

zawgyi

” ဘ႐ူႏိုဖာနန္ဒက္စ္နဲ႔အဲရစ္ဆင္တို႔ တြဲဖက္ကစားဖို႔မျဖစ္ႏိုင္ဘူး ”

လီဗာပူးလ္နာမည္ေက်ာ္ကြင္းလယ္လူေဟာင္းဒန္နီမာဖီဟာ

မန္ခ်က္စတာယူႏိုက္တက္အသင္း ဒိန္းမတ္ဝါရင့္ကြင္းလယ္လူ

အဲရစ္ဆင္ကိုေခၚယူဖို႔စိတ္ဝင္စားေနတဲ့အေပၚ ေမးခြန္းထုတ္လိုက္ၿပီး

အဲရစ္ဆင္ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းကစားဟန္နဲ႔

ကိုက္ညီမွာမဟုတ္ဘူးလို႔ သုံးသပ္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီဝက္က

ဘရန႔္ဖို႔ဒ္အသင္းမွာ ကာလတိုစာခ်ဳပ္နဲ႔ကစားခဲ့တဲ့ အဲရစ္ဆင္ဟာ

စာခ်ဳပ္သက္တမ္းကုန္ဆုံးသြားၿပီျဖစ္လို႔ အသင္းလက္မဲ့ျဖစ္ေနၿပီး

ယူႏိုက္တက္နည္းျပသစ္အဲရစ္တန္ဟက္က အဲရစ္ဆင္ကိုေခၚယူဖို႔

ပစ္မွတ္ထားေနပါတယ္။ ဒါေပမဲ့လည္း ဒန္နီမာဖီက “ယူႏိုက္တက္အသင္းရဲ႕

ကစားဟန္အရ အဲရစ္ဆင္ဟာ အံဝင္ဖို႔မလြယ္ပါဘူး။ တကယ္လို႔

အဲရစ္တန္ဟက္အေနနဲ႔ အဲရစ္ဆင္နဲ႔ဘ႐ူႏိုဖာနန္ဒက္စ္ကို တစ္ၿပိဳင္တည္း

တြဲသုံးၿပီး Holding Midfielder တစ္ေယာက္တည္းထားမယ္လို႔

စဥ္းစားထားရင္ လာမယ့္ရာသီ ယူႏိုက္တက္အသင္းအေျခအေနက

မႏွစ္ကထက္ ပိုဆိုးသြားပါလိမ့္မယ္။ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ အရန္အျဖစ္

No 10 Role အသုံးျပဳဖို႔ အဲရစ္ဆင္ကို ေခၚယူတာမ်ိဳး၊ ဒါမွမဟုတ္

ကြင္းလယ္ကစားသမားအျဖစ္ အသုံးျပဳမွပဲ အဆင္ေျပႏိုင္မွာပါ”လို႔ေျပာၾကားခဲ့ပါတယ္။