ဘဝင်လေဟပ်နေတဲ့ ပေါ့ဘာရဲ့ Pogmentary က rating အဆိုးဆုံးစံချိန်တင်

ပေါ့ဂ်ဘာရဲ့ကွင်းတွင်းကွင်းပြင်ဘဝအကြောင်းကို ရိုက်ကူးထားတဲ့

The Pogmentary ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ဟာ ထွက်ရှိထားတာ

ဘာမှမကြာသေးပေမယ့် IMBd rating သတ်မှတ်ချက်မှာတော့

အဆိုးဆုံးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ဘာကြောင့်လည်းဆိုတော့ rating သတ်မှတ်ချက် ၁၀ မှာ ၁ သာ ရခဲ့လို့ပါ။

ဒီမှတ်တမ်းရုပ်ရှင်စီးရီးကို ပြီးခဲ့တဲ့အပတ်ကမှ Amazon Prime ကနေ

အွန်လိုင်းပေါ်မှာ စပြခဲ့တာ ဖြစ်ပါတယ်။ မှတ်တမ်းရုပ်ရှင်ဆိုပေမယ့်

စီးရီးအနေနဲ့ ထွက်ရှိတာဖြစ်ပြီး အပိုင်း ၅ ပိုင်းပါဝင်တာပါ။

ဒါပေမဲ့ ပေါ့ဂ်ဘာရဲ့မှတ်တမ်းရုပ်ရှင်ဟာ ပရိသတ်တွေနဲ့ဝေဖန်သူတွေဆီက

ကြီးမားတဲ့တုံ့ပြန်မှုရရှိခဲ့ပါတယ်။ အထူးသဖြင့် ပေါ့ဂ်ဘာက ဘယ်သူ့ကိုမှ

မရုမစိုက်ဘဲ ဘဝင်လေဟပ် မောက်မာတဲ့ပုံစံရှိခဲ့တာကို ပရိသတ်တွေက

မနှစ်မြို့ကြတာပါ။ ဒ့ါအပြင် ဘောလုံးထက် သူ့ဆံပင်ကေပုံစံမျိုးစုံကိုသာ

ပိုပြီးအာရုံစိုက်ခဲ့ပုံရပါတယ်။ မန်ယူပရိသတ်တွေဆိုရင်လည်း အဲဒီ

Documentary ထွက်လာပြီးမှ ပေါ့ဂ်ဘာကို ပိုမုန်းသွားကြတာပါ။

၂၉ နှစ်အရွယ် အဲဒီပြင်သစ်သားဟာ တစ်ကျော့ပြန်မန်ယူကစားသမားဘဝမှာ

၆ နှစ်ကြာခဲ့ပြီး စာချုပ်သက်တမ်းကုန်မယ့်ဇွန်အကုန်မှာ အသင်းက ထွက်ခွာမှာဖြစ်ပါတယ်။

zawgyi

ဘ၀င္ေလဟပ္ေနတဲ့ ေပါ့ဘာရဲ႕ Pogmentary က rating အဆိုးဆုံးစံခ်ိန္တင္

ေပါ့ဂ္ဘာရဲ႕ကြင္းတြင္းကြင္းျပင္ဘဝအေၾကာင္းကို ႐ိုက္ကူးထားတဲ့

The Pogmentary ဆိုတဲ့ မွတ္တမ္း႐ုပ္ရွင္ဟာ ထြက္ရွိထားတာ

ဘာမွမၾကာေသးေပမယ့္ IMBd rating သတ္မွတ္ခ်က္မွာေတာ့

အဆိုးဆုံးအျဖစ္ မွတ္တမ္းဝင္သြားခဲ့ပါတယ္။

ဘာေၾကာင့္လည္းဆိုေတာ့ rating သတ္မွတ္ခ်က္ ၁၀ မွာ ၁ သာ ရခဲ့လို႔ပါ။

ဒီမွတ္တမ္း႐ုပ္ရွင္စီးရီးကို ၿပီးခဲ့တဲ့အပတ္ကမွ Amazon Prime ကေန

အြန္လိုင္းေပၚမွာ စျပခဲ့တာ ျဖစ္ပါတယ္။ မွတ္တမ္း႐ုပ္ရွင္ဆိုေပမယ့္

စီးရီးအေနနဲ႔ ထြက္ရွိတာျဖစ္ၿပီး အပိုင္း ၅ ပိုင္းပါဝင္တာပါ။

ဒါေပမဲ့ ေပါ့ဂ္ဘာရဲ႕မွတ္တမ္း႐ုပ္ရွင္ဟာ ပရိသတ္ေတြနဲ႔ေဝဖန္သူေတြဆီက

ႀကီးမားတဲ့တုံ႔ျပန္မႈရရွိခဲ့ပါတယ္။ အထူးသျဖင့္ ေပါ့ဂ္ဘာက ဘယ္သူ႔ကိုမွ

မ႐ုမစိုက္ဘဲ ဘဝင္ေလဟပ္ ေမာက္မာတဲ့ပုံစံရွိခဲ့တာကို ပရိသတ္ေတြက

မႏွစ္ၿမိဳ႕ၾကတာပါ။ ဒ့ါအျပင္ ေဘာလုံးထက္ သူ႔ဆံပင္ေကပုံစံမ်ိဳးစုံကိုသာ

ပိုၿပီးအာ႐ုံစိုက္ခဲ့ပုံရပါတယ္။ မန္ယူပရိသတ္ေတြဆိုရင္လည္း အဲဒီ

Documentary ထြက္လာၿပီးမွ ေပါ့ဂ္ဘာကို ပိုမုန္းသြားၾကတာပါ။

၂၉ ႏွစ္အ႐ြယ္ အဲဒီျပင္သစ္သားဟာ တစ္ေက်ာ့ျပန္မန္ယူကစားသမားဘဝမွာ

၆ ႏွစ္ၾကာခဲ့ၿပီး စာခ်ဳပ္သက္တမ္းကုန္မယ့္ဇြန္အကုန္မွာ အသင္းက ထြက္ခြာမွာျဖစ္ပါတယ္။