
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘာစီလိုနာအသင်းရဲ့
စိတ်ဝင်စားခြင်းကို ခံနေရတဲ့ ဒီယေဂို ဒါးလော့ရဲ့ စာချုပ်ကို
သက်တမ်းတိုးသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ ငွေကြေးပိုင်းဆိုင်ရာအခြေအနေကြောင့်၊
မကြာခင်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကစားသမားတွေကို
ပစ်မှတ်ထားနေပြီး သူတို့ရဲ့ ပစ်မှတ်စာရင်းထဲမှာ လက်ရှိရာသီအကုန်မှာ
စာချုပ်ကုန်ဆုံးမယ့် နာမည်ကြီးကစားသမားအများအပြားရှိနေပါတယ်။
ထိုအထဲမှာ သူတို့ရဲ့ ကြယ်ပွင့် ကစားသမားဟောင်း လီယွန်နယ် မက်ဆီ
ပါဝင်နေသလို၊ ချယ်လ်ဆီးအသင်းက အန်ဂိုလို ကန်တေနဲ့ ဂျော်ဂျင်ဟိုတို့လည်း
ပါဝင်နေပါတယ်။ ဒါ့အပြင် ၂၀၁၈ ခုနှစ်မှာ မန်ယူအသင်းကို
ရောက်ရှိလာချိန် နောက်နှစ်နွေရာသီမှာ သက်တမ်းကုန်ဆုံးမယ့်
စာချုပ် ချုပ်ဆိုထားခဲ့တဲ့ မန်ယူအသင်းရဲ့ ညာနောက်ခံလူ ဒါးလော့ကိုလည်း
ချိတ်ဆက်လျက်ရှိနေကြပါတယ်။ ဒါးလော့ကို ဘာစီလိုနာအသင်းသာမက
အခြားသောကလပ်အသင်းတွေကပါ စိတ်ဝင်စားနေကြပေမယ့်၊
မန်ယူအသင်းကတော့ ပေါ်တူဂီလက်ရွေးစင်ကစားသမားကို
လက်လွှတ်သွားဖို့ ဆန္ဒမရှိပဲ၊ သူ့ရဲ့ စာချုပ်ကို ၂၀၂၄ ခုနှစ်အထိ
သက်တမ်းရှိစေမယ့် နောက်ထပ်တစ်နှစ် ထပ်မံသက်တမ်းတိုးခွင့်
သဘောတူညီမှုကို အသက်သွင်းသွားမာဖြစ်တယ်လို့ နာမည်ကြီး
ESPN သတင်းဌာနက ဖော်ပြလာပါတယ်။ ဒါးလော့ဟာ ဒီရာသီမှာ
နည်းပြ အဲရစ် တန်ဟန့်ရဲ့ ပထမညာနောက်ခံလူအဖြစ် ရှိနေပြီး၊
ပွဲတိုင်းကို ပါဝင်ကစားခွင့် ရရှိထားခဲ့ကာ၊ ၁၂ ပွဲမှာ ဂိုးဖန်တီးမှု ၂ ကြိမ်
ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒါးလော့ဟာ ပေါ်တူဂီလက်ရွေးစင်အသင်းမှာလည်း
ပုံမှန်နေရာ ရရှိနေပြီး၊ နောက်လထဲမှာ ကျင်းပသွားမယ့် ကမ္ဘာ့ဖလား
ပြိုင်ပွဲမှာလည်း ယူနိုက်တက်အသင်းဖော်တွေဖြစ်ကြတဲ့
ခရစ္စတီယာနို ရော်နယ်ဒို၊ ဘရူနို ဖာနန်ဒက်စ်တို့နဲ့အတူ
ပါဝင်ခွင့် ရရှိသွားဖွယ် ရှိနေပါတယ်။
zawgyi
ဘာကာက ဆဲြစားဖုိ႔ ႀကံေနတဲ့ ဒါးေလာ့ကုိ ယူႏုိက္တက္ စာခ်ဳပ္သက္တမ္းတုိးမယ္…
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဘာစီလိုနာအသင္းရဲ႕
စိတ္ဝင္စားျခင္းကို ခံေနရတဲ့ ဒီေယဂို ဒါးေလာ့ရဲ႕ စာခ်ဳပ္ကို
သက္တမ္းတိုးသြားဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။
ဘာစီလိုနာအသင္းဟာ သူတို႔ရဲ႕ ေငြေၾကးပိုင္းဆိုင္ရာအေျခအေနေၾကာင့္၊
မၾကာခင္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ ကစားသမားေတြကို
ပစ္မွတ္ထားေနၿပီး သူတို႔ရဲ႕ ပစ္မွတ္စာရင္းထဲမွာ လက္ရွိရာသီအကုန္မွာ
စာခ်ဳပ္ကုန္ဆုံးမယ့္ နာမည္ႀကီးကစားသမားအမ်ားအျပားရွိေနပါတယ္။
ထိုအထဲမွာ သူတို႔ရဲ႕ ၾကယ္ပြင့္ ကစားသမားေဟာင္း လီယြန္နယ္ မက္ဆီ
ပါဝင္ေနသလို၊ ခ်ယ္လ္ဆီးအသင္းက အန္ဂိုလို ကန္ေတနဲ႔ ေဂ်ာ္ဂ်င္ဟိုတို႔လည္း
ပါဝင္ေနပါတယ္။ ဒါ့အျပင္ ၂၀၁၈ ခုႏွစ္မွာ မန္ယူအသင္းကို
ေရာက္ရွိလာခ်ိန္ ေနာက္ႏွစ္ေႏြရာသီမွာ သက္တမ္းကုန္ဆုံးမယ့္
စာခ်ဳပ္ ခ်ဳပ္ဆိုထားခဲ့တဲ့ မန္ယူအသင္းရဲ႕ ညာေနာက္ခံလူ ဒါးေလာ့ကိုလည္း
ခ်ိတ္ဆက္လ်က္ရွိေနၾကပါတယ္။ ဒါးေလာ့ကို ဘာစီလိုနာအသင္းသာမက
အျခားေသာကလပ္အသင္းေတြကပါ စိတ္ဝင္စားေနၾကေပမယ့္၊
မန္ယူအသင္းကေတာ့ ေပၚတူဂီလက္ေ႐ြးစင္ကစားသမားကို
လက္လႊတ္သြားဖို႔ ဆႏၵမရွိပဲ၊ သူ႔ရဲ႕ စာခ်ဳပ္ကို ၂၀၂၄ ခုႏွစ္အထိ
သက္တမ္းရွိေစမယ့္ ေနာက္ထပ္တစ္ႏွစ္ ထပ္မံသက္တမ္းတိုးခြင့္
သေဘာတူညီမႈကို အသက္သြင္းသြားမာျဖစ္တယ္လို႔ နာမည္ႀကီး
ESPN သတင္းဌာနက ေဖာ္ျပလာပါတယ္။ ဒါးေလာ့ဟာ ဒီရာသီမွာ
နည္းျပ အဲရစ္ တန္ဟန႔္ရဲ႕ ပထမညာေနာက္ခံလူအျဖစ္ ရွိေနၿပီး၊
ပြဲတိုင္းကို ပါဝင္ကစားခြင့္ ရရွိထားခဲ့ကာ၊ ၁၂ ပြဲမွာ ဂိုးဖန္တီးမႈ ၂ ႀကိမ္
ျပဳလုပ္ထားႏိုင္ခဲ့ပါတယ္။ ဒါးေလာ့ဟာ ေပၚတူဂီလက္ေ႐ြးစင္အသင္းမွာလည္း
ပုံမွန္ေနရာ ရရွိေနၿပီး၊ ေနာက္လထဲမွာ က်င္းပသြားမယ့္ ကမာၻ႔ဖလား
ၿပိဳင္ပြဲမွာလည္း ယူႏိုက္တက္အသင္းေဖာ္ေတြျဖစ္ၾကတဲ့
ခရစၥတီယာႏို ေရာ္နယ္ဒို၊ ဘ႐ူႏို ဖာနန္ဒက္စ္တို႔နဲ႔အတူ
ပါဝင္ခြင့္ ရရွိသြားဖြယ္ ရွိေနပါတယ္။