ဘောလုံးကို အာရုံမစိုက်ဘဲ ပေါက်ကရတွေလုပ်နေလို့ ဘရူနိုရဲ့ အဆ-ဲခံလိုက်ရတဲ့ သရဲနီနှစ်ဦး

မန်ချက်စတာယူနိုက်တက်နာမည်ကျော်ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ဟာ

လေ့ကျင့်ရေးကွင်းအပြင်မှာ ဗီဒီယိုရိုက်နေတဲ့ အသင်းဖော်ဖရက်ဒ်နဲ့

တဲလက်စ်တို့ကို ဒေါသပေါက်ကွဲပြီးတော့ အော်ဟစ်ဆဲဆိုနေတဲ့

ရုပ်သံဖိုင်က လူမှုကွန်ရက်ပေါ်မှာ ရေပန်းစားနေပါတယ်။

ယူနိုက်တက်နောက်ခံလူတဲလက်စ်ဟာ ဘရာဇီးလ်နိုင်ငံက

football marketing agency ဖြစ်တဲ့ O Clube Football နဲ့

လေ့ကျင့်ရေးကွင်းအပြင်မှာ ဗီဒီယိုရိုက်နေတာဖြစ်သလို

သူ့ရဲ့တစ်နေ့တာလှုပ်ရှားမှုတွေကို ပရိသတ်တွေသိအောင်

ရိုက်ကူးနေတာဖြစ်ပြီး အဲဒီအချိန်မှာ တဲလက်စ်နဲ့အတူ ဖရက်ဒ်လည်း

ရှိနေတာပါ။ ဒါပေမဲ့လည်း လာမယ့်ရာသီသစ်အတွက် ယူနိုက်တက်

ကစားသမားတွေ အသည်းအသန်လေ့ကျင့်နေချိန်မှာ ဖရက်ဒ်နဲ့

တဲလက်စ်တို့ရဲ့လုပ်ရပ်က ဘရူနိုဖာနန်ဒက်စ်အတွက်

‘မျက်စိစပါးမွေးစူး’စရာဖြစ်ခဲ့ပြီး လေ့ကျင့်ရေးကွင်းအပြင်ကနေ

“မင်းတို့တွေ ကိုယ့်ကိုယ်ကိုယ် ဆရာကြီးပုံစံနဲ့နေတာတွေ ရပ်လိုက်တော့။

မင်းတို့ ဒီမှာ ဘောလုံးကစားဖို့လာကြတာ … ဗီဒီယိုရိုက်ဖို့မဟုတ်ဘူးကွ။

ဗီဒီယိုရိုက်ချင်ရင် င့ါဟာကို လာရိုက် (Film my d**k)”လို့ အော်ဆဲခဲ့ပြီး

ဖရက်ဒ်က “အေးဆေးပေ့ါကွာ ..ေ-ာက်ရူးရဲ့ (Chill out you f****r!)”

ဆိုပြီးတော့ ပြန်ဆဲခဲ့ပါတယ်။ ယူနိုက်တက်ပရိသတ်တွေကတော့

ဘရူနိုဖာနန်ဒက်စ်ရဲ့လုပ်ရပ်အပေါ် အားပေးနေကြပြီး

အွန်လိုင်းပေါ်မှာ ချီးကျူးရေးသားခဲ့ကြပါတယ်။

zawgyi

ေဘာလုံးကို အာ႐ုံမစိုက္ဘဲ ေပါက္ကရေတြလုပ္ေနလို႔ ဘ႐ူႏိုရဲ႕ အဆ-ဲခံလိုက္ရတဲ့ သရဲနီႏွစ္ဦး

မန္ခ်က္စတာယူႏိုက္တက္နာမည္ေက်ာ္ကြင္းလယ္လူဘ႐ူႏိုဖာနန္ဒက္စ္ဟာ

ေလ့က်င့္ေရးကြင္းအျပင္မွာ ဗီဒီယို႐ိုက္ေနတဲ့ အသင္းေဖာ္ဖရက္ဒ္နဲ႔

တဲလက္စ္တို႔ကို ေဒါသေပါက္ကြဲၿပီးေတာ့ ေအာ္ဟစ္ဆဲဆိုေနတဲ့

႐ုပ္သံဖိုင္က လူမႈကြန္ရက္ေပၚမွာ ေရပန္းစားေနပါတယ္။

ယူႏိုက္တက္ေနာက္ခံလူတဲလက္စ္ဟာ ဘရာဇီးလ္ႏိုင္ငံက

football marketing agency ျဖစ္တဲ့ O Clube Football နဲ႔

ေလ့က်င့္ေရးကြင္းအျပင္မွာ ဗီဒီယို႐ိုက္ေနတာျဖစ္သလို

သူ႔ရဲ႕တစ္ေန႔တာလႈပ္ရွားမႈေတြကို ပရိသတ္ေတြသိေအာင္

႐ိုက္ကူးေနတာျဖစ္ၿပီး အဲဒီအခ်ိန္မွာ တဲလက္စ္နဲ႔အတူ ဖရက္ဒ္လည္း

ရွိေနတာပါ။ ဒါေပမဲ့လည္း လာမယ့္ရာသီသစ္အတြက္ ယူႏိုက္တက္

ကစားသမားေတြ အသည္းအသန္ေလ့က်င့္ေနခ်ိန္မွာ ဖရက္ဒ္နဲ႔

တဲလက္စ္တို႔ရဲ႕လုပ္ရပ္က ဘ႐ူႏိုဖာနန္ဒက္စ္အတြက္

‘မ်က္စိစပါးေမြးစူး’စရာျဖစ္ခဲ့ၿပီး ေလ့က်င့္ေရးကြင္းအျပင္ကေန

“မင္းတို႔ေတြ ကိုယ့္ကိုယ္ကိုယ္ ဆရာႀကီးပုံစံနဲ႔ေနတာေတြ ရပ္လိုက္ေတာ့။

မင္းတို႔ ဒီမွာ ေဘာလုံးကစားဖို႔လာၾကတာ … ဗီဒီယို႐ိုက္ဖို႔မဟုတ္ဘူးကြ။

ဗီဒီယို႐ိုက္ခ်င္ရင္ င့ါဟာကို လာ႐ိုက္ (Film my d**k)”လို႔ ေအာ္ဆဲခဲ့ၿပီး

ဖရက္ဒ္က “ေအးေဆးေပ့ါကြာ ..ေ-ာက္႐ူးရဲ႕ (Chill out you f****r!)”

ဆိုၿပီးေတာ့ ျပန္ဆဲခဲ့ပါတယ္။ ယူႏိုက္တက္ပရိသတ္ေတြကေတာ့

ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕လုပ္ရပ္အေပၚ အားေပးေနၾကၿပီး

အြန္လိုင္းေပၚမွာ ခ်ီးက်ဴးေရးသားခဲ့ၾကပါတယ္။