မကြေပွဲနွှဲမယ့် ဟာလန်းကို လှုပ်မရအောင် မာတီနက်ဇ် ဘယ်လို ချုပ်ကွက်တွေ အသုံးပြုလာမလဲ

ဒီတစ်ပတ် စနေ၊ တနင်္ဂနွေကျရင် ပရီးမီးယားလိဂ်ပွဲတွေ ပြန်စမှာဖြစ်ပြီး

ပွဲကြီးပွဲကောင်းအဖြစ် အာဆင်နယ်-စပါးတို့ရဲ့ မြောက်လန်ဒန်ဒါဘီ၊

မန်စီးတီး-မန်ချက်စတာယူနိုက်တက်တို့ကစားမယ့် မန်ချက်စတာဒါဘီပွဲတွေ

ပါဝင်နေပါတယ်။ ပရိသတ်စိတ်ဝင်စားမှုအများဆုံးကတော့ မန်စီးတီးနဲ့

ယူနိုက်တက်တို့ရဲ့ မန်ချက်စတာဒါဘီပွဲဖြစ်ပြီး သမိုင်းကြောင်း

တစ်လျှောက်မှာလည်း ဒီနှစ်သင်းက ပြိုင်ဆိုင်မှုပြင်းထန်တဲ့

ပြိုင်ဘက်တွေဖြစ်ကြပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာ လက်ရှိ

ချန်ပီယံမန်စီးတီးက (၇)ပွဲကစား၊ (၅)ပွဲနိုင်၊ (၂)ပွဲသရေနဲ့ ထိပ်ဆုံးက

အာဆင်နယ်နဲ့(၁)မှတ်အကွာ အဆင့်(၂)နေရာကနေ ဖိအားပေးနေပြီး

ဒီရာသီမှာ ရှုံးပွဲလုံးဝမရှိသေးတာက မန်စီးတီးနဲ့ စပါးအသင်းတို့ပဲရှိပါတယ်။

အဲရစ်တန်ဟက်ရဲ့ ယူနိုက်တက်အသင်းကတော့ ရာသီသစ်မှာ

တာထွက်မလှခဲ့ဘဲ ဘရိုက်တန်၊ ဘရန့်ဖို့ဒ်တို့ကို (၂-၁)၊ (၄-ဝ)ဂိုးတွေနဲ့

အရှက်တကွဲရှုံးနိမ့်ခဲ့ပြီး အမှတ်ပေးဇယားအောက်ဆုံးရောက်ခဲ့ပေမယ့်

လီဗာပူးလ်ကို အနိုင်ရခဲ့ပြီးနောက်ပိုင်းမှာတော့ (၄)ပွဲဆက်အနိုင်နဲ့အတူ

အဆင့်(၅)နေရာ တက်လှမ်းနိုင်ခဲ့ပါတယ်။ ခြေတက်နေတဲ့ နှစ်သင်း

ထိပ်တိုက်ဆုံတွေ့မယ့်ပွဲက စိတ်ဝင်စားဖို့ကောင်းနေသလို ဒီရာသီမှာ

ခြေစွမ်းပြနေတဲ့ မန်စီးတီးရဲ့ဂိုးသွင်းစက် ဟာလန်းကို ယူနိုက်တက်နောက်ခံလူ

လီဆန်ဒရိုမာတီနက်ဇ်က ဘယ်လိုထိန်းချုပ်ပြမလဲဆိုတာ စောင့်ကြည့်ရမှာပါပဲ။

နှစ်ယောက်စလုံးက ဒီရာသီမှ ပရီးမီးယားလိဂ်ကိ ရောက်လာတာဖြစ်ပေမယ့်

သက်ဆိုင်ရာအသင်းတွေအတွက် ခြေစွမ်းပြနေပြီး ဟာလန်းက ဂိုးတွေ

တဒိုင်းဒိုင်းသွင်းနေတဲ့အပြင် လီဆန်ဒရိုမာတီနက်ဇ်ကလည်း ဗာရန်းနဲ့

တွဲဖက်ပြီးတော့ ခံစစ်မှာ ပုံစံကောင်းပြသနေပြီး ပေးဂိုးမဲ့နိုင်ပွဲတွေရရှိအောင်

စွမ်းဆောင်နေပါတယ်။ လီဆန်ဒရိုမာတီနက်ဇ်နဲ့ နောက်ဆုံးရင်ဆိုင်ခဲ့ရတဲ့ပွဲမှာတော့

ဟာလန်းတစ်ယောက် အရှက်တကွဲအကျိုးနည်းခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ရာသီ

ချန်ပီယံလိဂ်မှာ အေဂျက်စ်နဲ့ဒေ့ါမွန်တို့ ဆုံတွေ့ခဲ့ပြီး လီဆန်ဒရိုမာတီနက်ဇ်က

ဟာလန်းကို လှုပ်လို့ မရအောင်ထိန်းချုပ်ခဲ့သလို အေဂျက်စ်အသင်းကလည်း

(၄-ဝ)ဂိုးပြတ်နဲ့အနိုင်ရခဲ့ပါတယ်။ ဒီတစ်ကြိမ် ပြန်ရင်ဆိုင်မယ့်ပွဲမှာတော့

ဟာလန်းက လီဆန်ဒရိုမာတီနက်ဇ်ကို ကျော်ဖြတ်ဂိုးသွင်းနိုင်မလား . . .

ဒါမှမဟုတ် ဟာလန်းကိုပဲ လီဆန်ဒရိုမာတီနက်ဇ်က ထပ်ပြီးထိန်းချုပ်ပြနိုင်ဦးမလားဆိုတာကတော့ . . .

zawgyi

မေၾကပြဲႏႊဲမယ့္ ဟာလန္းကုိ လႈပ္မရေအာင္ မာတီနက္ဇ္ ဘယ္လုိ ခ်ဳပ္ကြက္ေတြ အသုံးျပဳလာမလဲ

ဒီတစ္ပတ္ စေန၊ တနဂၤေႏြက်ရင္ ပရီးမီးယားလိဂ္ပြဲေတြ ျပန္စမွာျဖစ္ၿပီး

ပြဲႀကီးပြဲေကာင္းအျဖစ္ အာဆင္နယ္-စပါးတို႔ရဲ႕ ေျမာက္လန္ဒန္ဒါဘီ၊

မန္စီးတီး-မန္ခ်က္စတာယူႏိုက္တက္တို႔ကစားမယ့္ မန္ခ်က္စတာဒါဘီပြဲေတြ

ပါဝင္ေနပါတယ္။ ပရိသတ္စိတ္ဝင္စားမႈအမ်ားဆုံးကေတာ့ မန္စီးတီးနဲ႔

ယူႏိုက္တက္တို႔ရဲ႕ မန္ခ်က္စတာဒါဘီပြဲျဖစ္ၿပီး သမိုင္းေၾကာင္း

တစ္ေလွ်ာက္မွာလည္း ဒီႏွစ္သင္းက ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့

ၿပိဳင္ဘက္ေတြျဖစ္ၾကပါတယ္။ ဒီရာသီ ပရီးမီးယားလိဂ္မွာ လက္ရွိ

ခ်န္ပီယံမန္စီးတီးက (၇)ပြဲကစား၊ (၅)ပြဲႏိုင္၊ (၂)ပြဲသေရနဲ႔ ထိပ္ဆုံးက

အာဆင္နယ္နဲ႔(၁)မွတ္အကြာ အဆင့္(၂)ေနရာကေန ဖိအားေပးေနၿပီး

ဒီရာသီမွာ ရႈံးပြဲလုံးဝမရွိေသးတာက မန္စီးတီးနဲ႔ စပါးအသင္းတို႔ပဲရွိပါတယ္။

အဲရစ္တန္ဟက္ရဲ႕ ယူႏိုက္တက္အသင္းကေတာ့ ရာသီသစ္မွာ

တာထြက္မလွခဲ့ဘဲ ဘ႐ိုက္တန္၊ ဘရန႔္ဖို႔ဒ္တို႔ကို (၂-၁)၊ (၄-ဝ)ဂိုးေတြနဲ႔

အရွက္တကြဲရႈံးနိမ့္ခဲ့ၿပီး အမွတ္ေပးဇယားေအာက္ဆုံးေရာက္ခဲ့ေပမယ့္

လီဗာပူးလ္ကို အႏိုင္ရခဲ့ၿပီးေနာက္ပိုင္းမွာေတာ့ (၄)ပြဲဆက္အႏိုင္နဲ႔အတူ

အဆင့္(၅)ေနရာ တက္လွမ္းႏိုင္ခဲ့ပါတယ္။ ေျခတက္ေနတဲ့ ႏွစ္သင္း

ထိပ္တိုက္ဆုံေတြ႕မယ့္ပြဲက စိတ္ဝင္စားဖို႔ေကာင္းေနသလို ဒီရာသီမွာ

ေျခစြမ္းျပေနတဲ့ မန္စီးတီးရဲ႕ဂိုးသြင္းစက္ ဟာလန္းကို ယူႏိုက္တက္ေနာက္ခံလူ

လီဆန္ဒ႐ိုမာတီနက္ဇ္က ဘယ္လိုထိန္းခ်ဳပ္ျပမလဲဆိုတာ ေစာင့္ၾကည့္ရမွာပါပဲ။

ႏွစ္ေယာက္စလုံးက ဒီရာသီမွ ပရီးမီးယားလိဂ္ကိ ေရာက္လာတာျဖစ္ေပမယ့္

သက္ဆိုင္ရာအသင္းေတြအတြက္ ေျခစြမ္းျပေနၿပီး ဟာလန္းက ဂိုးေတြ

တဒိုင္းဒိုင္းသြင္းေနတဲ့အျပင္ လီဆန္ဒ႐ိုမာတီနက္ဇ္ကလည္း ဗာရန္းနဲ႔

တြဲဖက္ၿပီးေတာ့ ခံစစ္မွာ ပုံစံေကာင္းျပသေနၿပီး ေပးဂိုးမဲ့ႏိုင္ပြဲေတြရရွိေအာင္

စြမ္းေဆာင္ေနပါတယ္။ လီဆန္ဒ႐ိုမာတီနက္ဇ္နဲ႔ ေနာက္ဆုံးရင္ဆိုင္ခဲ့ရတဲ့ပြဲမွာေတာ့

ဟာလန္းတစ္ေယာက္ အရွက္တကြဲအက်ိဳးနည္းခဲ့ဖူးပါတယ္။ ၿပီးခဲ့တဲ့ရာသီ

ခ်န္ပီယံလိဂ္မွာ ေအဂ်က္စ္နဲ႔ေဒ့ါမြန္တို႔ ဆုံေတြ႕ခဲ့ၿပီး လီဆန္ဒ႐ိုမာတီနက္ဇ္က

ဟာလန္းကို လႈပ္လို႔ မရေအာင္ထိန္းခ်ဳပ္ခဲ့သလို ေအဂ်က္စ္အသင္းကလည္း

(၄-ဝ)ဂိုးျပတ္နဲ႔အႏိုင္ရခဲ့ပါတယ္။ ဒီတစ္ႀကိမ္ ျပန္ရင္ဆိုင္မယ့္ပြဲမွာေတာ့

ဟာလန္းက လီဆန္ဒ႐ိုမာတီနက္ဇ္ကို ေက်ာ္ျဖတ္ဂိုးသြင္းႏိုင္မလား . . .

ဒါမွမဟုတ္ ဟာလန္းကိုပဲ လီဆန္ဒ႐ိုမာတီနက္ဇ္က ထပ္ၿပီးထိန္းခ်ဳပ္ျပႏိုင္ဦးမလားဆိုတာကေတာ့ . . .